Subscribe to our RSS Feed

မြန်မာ ယူ-၂၃ အသင်း ဗီယက်နမ် နိုင်ပွဲကြောင့် ဒေါ်လာ (၁.၅)သိန်း ချီးမြှင့်ခံရ


ဗီယက်နမ် အသင်းအား (၄-၁)ရလဒ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူကာ ကြေးတံဆိပ်ဆု ဆွတ်ခူး ရရှိခဲ့သည့် မြန်မာ ယူ-၂၃ အသင်းသည် ယနေ့ တတိယလုပွဲ ပွဲစဉ် အပြီးတွင် အမေရိကန် ဒေါ်လာ (၁.၅)သိန်း ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။


အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်း ဘက်၌ ကွင်းလယ် ကစားသမား ကျော်ဇေယျာဝင်းနှင့် ကျော်ကိုကိုတို့ အထူး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ဗီယက်နမ် ဂိုးပေါက်ထဲသို့ (၄)ကြိမ်တိုင်တိုင် သွင်းယူ နိုင်ခဲ့သည်။ မြန်မာအတွက် ဂိုးများအား ကျော်ဇေယျာဝင်းက (၂)ဂိုး၊ ကျော်ကိုကိုက တစ်ဂိုးနှင့် ဗီယက်နမ် နောက်ခံလူ ကိုယ့်ဂိုးကိုယ်သွင်း မိသည့် တစ်ဂိုးတို့ဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာအသင်း၏ ခြေစွမ်းအား အားရ ကျေနပ်ခဲ့သည့် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ကမ္ဘောဇ အသင်းပိုင်ရှင် ဦးအောင်ကိုဝင်း တို့က ဒေါ်လာ (၅)သောင်းစီ ချီးမြှင့်ခဲ့ကြသည်။ ထို့အတူ အခြား ပုဂ္ဂိုလ်များကလည်း ဒေါ်လာ (၅)သောင်း ချီးမြှင့်ခဲ့ကြရာ စုစုပေါင်း ဒေါ်လာ (၁.၅)သိန်း ချီးမြှင့် ခံခဲ့ရခြင်း ဖြစ်သည်။

မြန်မာအသင်းအား လိုက်ပါ အားပေးခဲ့ကြသူများ


ဆုကြေးချီးမြှင့်သူများ

၁။ ဦးဇော်ဇော် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ဒေါ်လာ - ၅ သောင်း
၂။ ဦးအောင်ကိုဝင်း (အသင်းပိုင်ရှင်၊ကမ္ဘေဇအက်ဖ်စီ) ဒေါ်လာ - ၅ သောင်း
၃။ ဒေါက်တာ စိုင်းဆမ်ထွန်း (အသင်းပိုင်ရှင်၊ ရတနာပုံ အက်ဖ်စီ) ဒေါ်လာ - ၁သောင်း
၎။ ဦးဖြိုးကိုကိုတင့်ဆန်း (အသင်းပိုင်ရှင်၊ နေပြည်တော် အက်ဖ်စီ) ဒေါ်လာ - ၁ သောင်း
၅။ ဦးဇော်မင်းသိန်း (အသင်းပိုင်ရှင်၊ ရက္ခပူရ အက်ဖ်စီ) ဒေါ်လာ - ၁ သောင်း
၆။ ဦးလှမျိုး (၀ါသနာရှင်၊ မန္တလေး) ဒေါ်လာ - ၁ သောင်း
၇။ ဦးဇော်ဝင်းရှိန် (၀ါသနာရှင်၊ ဧရာဝတီ) ဒေါ်လာ - ၁ သောင်း






လာအို မှ မြန်မာကို ၂ ဂိုး - ၃ ဂိုး ဖြင့် ရှုံးနိမ့်





မြန်မာ နှင့် ဗီယက်နန် သရေ





မြန်မာ မှ ဘရုနိုင်း ကို ၄ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရ





ဖိလစ်ပိုင်မှ မြန်မာကို ၅ ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်





မြန်မာမှ အရှေ့တီမောကို ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရ




မလေးရှားမှ မြန်မာကို ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရ




မြန်မာမှ ဗီယက်နမ်ကို ၄ ဂိုး - ၁ ဂိုး ဖြင့် အနိုင်ရ




ဖိုင်နယ်ပွဲနှင့်လွဲခဲ့ရတဲ့ မြန်မာ့အသင်း ဗီယက်နမ်ကို (4-1) ဂိုးပြတ်ဖြင့်နိုင်ပြီး ကြေးတံဆိတ်ဆွတ်ခူးနိုင်ခဲ့ပါတယ် အနိုင်ဂိုးတွေကိုတော့ (၇၁)မှာရ ရှိခဲ့တဲ့ own gole တစ်ဂိုးအပါအ၀င် (၃၃)မိနစ်မှာ ကျော်ဇေယျာဝင်း၊ (၅၅)မိနစ်မှာ ကျော်ကျော်မျိုး ၊ မိနစ် (၈၀)မှာ ကျော်ကိုကို တို့ အသီးသီး သွင်းယူခဲ့ကြတာဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အကြိုဗိုလ်လုပွဲမှာ ရင်နာခဲ့ရတဲ့ မြန်မာပရိတ်သတ်အတွက် အနည်းငယ် ဖြေသာမှာ ဖြစ်ပါတယ်။ ပွဲစဉ်တစ်လျှောက်လုံးတွင် ပွဲတိုင်းနိုင်လာပြီး တစ်ပွဲသာ ရှုံးနိမ့်၍ တတိယ ဆုကို ရရှိခဲ့ရပါတယ်။ မြန်မာဘောလုံးအသင်းဟာ အရင်းနှစ်များထက် သိသိသာသာ တိုးတက်လာတယ်လို့ အလားလုံးက အသိအမှတ်ပြုကြပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်