Subscribe to our RSS Feed

ဘုရားသောက်တော်ရေခွက်ထဲတွင် ထူးဆန်းစွာ ပေါ်ထွက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ မြတ်စွယ်တော် နှင့် စေတီပုံပေါ် ရေသန့် ဘူးများ

နိုဝင်ဘာ၂၂ရက်၊ ည ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ၀ါယာလတ် ပေါက်ကုန်းရပ်ကွက် အ ပိုင်း(၁၀)မဥူသကလမ်း၊ အိမ်နံပါတ်(၂၀၁) ကိုထွန်းလှ+မဘိုမတို့၏နေအိမ်တွင် နံနက်ခင်း၁၀နာရီခွဲခန့်က နေ ပြည်တော်မှ ရန်ကုန်မြို့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်လာသော ဂေါတမဗုဒ္ဓ၏စွယ်တော်မြတ်ပုံတော် ထူးဆန်းစွာပေါ်ပေါက်လာကြောင်းသိရှိရသည်။ ဖြစ်ပျက်ပုံမှာ အဆိုပါအိမ်ပိုင်ရှင် မဘိုမသည် ည(၈)နာရီတွင် MRTV-4မှထုတ်လွှင့်ရာတွင် တရုတ်ပြည်မှ ပင့် ဆောင်လာသည့် ဗုဒ္ဓစွယ်တော်အား တီဗွီဖန်သားပြင်မှ ဖူးမျှော်ရစဉ် ကိုယ်တိုင်အနီးကပ်ဖူးမျှော်ချင်သည့်ဟု စိတ်ထဲမှ ဆုတောင်းခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဆုတောင်းပြီးခဲ့ပြီးနောက် နေအိမ်ရှိ ဘုရားစင်မှ ပန်း၊ဆီမီး၊အမွှေး တိုင်၊ ရေချမ်း စသည်တို့အားလုံးအသစ်လဲလှယ်ခဲ့ကြောင်း၊ ထိုသို့လဲလှယ်အပြီးတွင် မီးခဏပျက်သွားခဲ့သည်။

မီးပြန်လာချိန်၊ ည(၉)နာရီခန့်တွင် ဘုရားစင်အားရုတ် တရတ်အမှတ်မထင်ကြည့်မိရာ သူမကပ်ထားသည့် သောက်တော်ရေခွက်ထဲတွင် ဗုဒ္ဓစွယ်တော်နှင့်တထေရာတည်း တူနေသည့် စွယ်တော်ပုံ ထူးဆန်းစွာ ပေါ်ပေါက် နေသည်ကိုတွေ့ခဲ့ရသည်ဟု ဆိုသည်။ ထို့နောက် အနီးတ၀ိုက်မှအိမ်နီးချင်းများအားခေါ်ယူပြသခဲ့ပြီး ထိုမှတဆင့် ၀ါယာလတ်မြို့နယ်တလျှောက်သတင်းပြန်နှံ့သွားခဲ့ကာ ည(၁)နာရီခန့်တွင် လာရောက်ကြည့်ရှု ဖူးမျှော်သူအများ အပြားဖြင့် စည်ကားလာခဲ့သည်။ အဆိုပါသတင်းကြောင့် သက်ဆိုင်ရာရပ်ကွက်လူကြီးများနှင့် ရဲဝန်ထမ်းများလာ ရောက်စစ်ဆေးပြီး သောက်တော်ရေခွက်အား အသစ်လဲလှယ်စေခဲ့သည်။

ထိုသို့ပြုလုပ်စေခဲ့သော်လည်း သောက် တော်ရေခွက်ထဲတွင် မူလအတိုင်း စွယ်တော်မှာ ပြန်လည်ပေါ်ပေါက် လျက်ရှိကြောင်းတွေ့ခဲ့ရသည်။ လက်ရှိအချိန်တွင် မင်္ဂလာဒုံမြို့နယ်အပြင် ရန်ကုန်တိုင်းအတွင်းရှိ တခြားမြို့နယ် များမှလည်း ကားများဖြင့် လာရောက်ကြည့်ရှုဖူးမျှော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။


စေတီပုံပေါ် ရေသန့် ဘူးများ

1 Votes

ဒီနေ့ မနက်သတင်းတွေဖွင့်ကြည့်လိုက်တော့ ရေသန့် ဘူးပေါ်တွေမှာ စွယ်တော်မြတ် ပေါ်နေပုံသတင်းတွေ အများကြီး တွေ့ ရပါတယ်။
ရေသန့် ဘူးနာမည်တွေက တော့ Bio Plus , Alpine အစရှိတဲ့ ရေသန့် ဘူးတွေမှာ တွေ့ မြင်ရပါတယ်။ Facebook မှ ရရှိသော ပုံများကိုတဆင့်မျှဝေလိုက်ပါတယ်။


ဒီပုံလေးကို တော့ မမြသွေးနီမှ ယူထားတာပါ..

လွန်ခဲ့တဲ့ တစ်နှစ်လောက်က မြကျောက်ဆရာတော်ဘုရားကို ကျွန်မသွားဖူးခဲ့တုန်းက ဆရာတော်ဘုရားစွန့် လိုက်တဲ့ ရေသန့် ဘူးတွေမှာလည်း နေရောင်ထဲထောင်ကြည့်ရင် စေတီပုံပေါ်ပါတယ်…ဒါကြောင့် ဘုရားစင်ပေါ်မှာ တင်ထားတဲ့ မြကျောက်သောက်ရေသန့် ပုလင်းကိုယူပြီး ဒီနေ့ ဓာတ်ပုံရိုက်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။ရေသန့် ဘူးခွံကို နေရောင်ထဲ ထောင်ကြည့်လိုက်ရင် စေတီပုံပေါ်နေပါတယ်




http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

2 comments:

ချွန်ချွန်မြင်တိုင်း ဘုရားထင်နေကြတာပါဘား...
သတိလည်းထားကြဦးနော်.... ပြောတော့ပါဘူးလေ...

အော် အတိုက်အခံတွေလည်း ကန့်လန့်တိုက် ဆန့်ကျင်ရတိုင်း အဟုတ်မှတ်နေကြတာကိုး
ဒါကြောင့်လည်း ဒီဘဝလည်း လူမွှေးလူတောင်မပြောင်၊ နောက်ဘဝလည်း ငရဲအိုး ဂျိုးကပ်ရမယ့် ကောင်တွေပါလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်