Subscribe to our RSS Feed

ဒီနေ့ဂွေးသီး မနက်ဖြန်ငှက်ပြောသီး NLD ၏ ကန့်ကွက်မဲကို ကြက်ခြေခတ် ပေးခိုင်းသည့် ကြေညာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ၉၇/ခ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၂၀၀၈ ခုနှစ် ဧပြီလ (၂) ရက်
၁၃၆၉ ခုနှစ် တပေါင်းလပြည့်ကျော် (၁၂) ရက်

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ပန်ကြားချက်

၁။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်မည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ရခြင်း လုံးဝမဟုတ်ပါ။

၂။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၎င်းတို့ဘာသာ ၎င်းတို့စိတ်ကြိုက်ရွေးချယ်ထား သည့်ပုဂ္ဂိုလ်များဖြင့်သာ တဖက်သတ်ရေးဆွဲထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ဖြစ်ပါသည်။

၃။ ၎င်းအပြင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှဆင်းသက်ရမည်” ဟူသော ဒီမိုကရေစီအခြေခံမူကြီးနှင့် ညီညွတ်ခြင်းမရှိသဖြင့် တိုင်းရင်းသားလူမျိုးစုများအပါအ၀င် ပြည်သူလူထုတရပ်လုံး က အာသာပြင်းပြစွာလိုလားတောင့်တနေသော ဒီမိုကရေစီနှင့် လူ့အခွင့်အအရေးများအတွက် အာမခံချက်များ လည်း မပေးနိုင်ပါ။

၎။ နိုင်ငံတော်ကိုအုပ်ချုပ်နေသော အဖွဲ့အစည်းတခုသည် ပြည်သူလူထုထောက်ခံမှုမရရှိလျှင် တည်တံ့ခိုင်မြဲခြင်း မရှိနိုင်ကြောင်းကို မိမိနိုင်ငံသမိုင်းများနှင့် နိုင်ငံတကာသမိုင်းများက သက်သေထူလျက် ရှိပေသည်။

၅။ သို့ပါသဖြင့် လူထုလူတန်းစားအလွှာအသီးသီးမှ တိုင်းရင်းသားပြည်သူများအားလုံးနှင့် အဖွဲ့အစည်းများက သက်ဆိုင်ရာမဲရုံများသို့ မပျက်မကွက်သွားရောက်ကြ၍ ကန့်ကွက်မဲကို ကြတ်ခြေခတ်ဖြင်းဖြင့် ပြတ်ပြတ်သား သား ရဲရဲရင့်ရင့်ပေးကြရန် ပန်ကြားအပ်ပါသည်။

၂၀-၃-၀၈ နှင့် ၃၁-၃-၀၈ ရက်နေ့များတွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်

ရန်ကုန်မြို့

1 comments:

အဲ့ဒီ မနက်ဖြန် ငှက်ပျောသီးကြီးက မင်းတို့ တဆွေလုံးတမျိုးလုံး မင်းတို့ အမေတွေ အမတွေ ညီမတွေ စအိုထဲကို အတောင့်လိုက် အတောင့်လိုက် ထည့်မှာ ခွေးလိုးမသား အိပ်စာပျက်လိုးက ချီးစားလောက်တို့ရေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်