မနေ့က ၁၇ ရက်နေ့က ကျင်းပတဲ့ အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်တွေနဲ့ နှစ်ပတ်လည်ညီလာခံမှာ ဒီကိစ္စကိုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ အာဆီယံရည်မှန်းချက်တခုဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ အာဆီယံမိသားစု၊ လူမှုအသိုင်းအဝိုင်းကို စုစည်းထူထောင်နိုင်ဖို့အတွက် ဦးဆောင်ဦးရွက် လမ်းပြရမှာဖြစ်ပါတယ်။





အစည်းအဝေးအပြီးမှာ သမ္မတရဲ့နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကနေပြီးတော့ သမ္မတဦးသိန်းစိန်ကလည်း အာဆီယံဥက္ကဋ္ဌဖြစ်လို့ ဂုဏ်ယူရတာထက် တာဝန်တွေပိုပြီး ကြီးလေးလာတယ်လို့ မှတ်ချက်ချ ပြောဆိုတာကို ဖောက်သည်ပြန်ချပါတယ်။ အာဆီယံဥက္ကဋ္ဌဆိုတဲ့ တာဝန်ယူထားရမယ့် မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပိုပြီး ဝင်ဆန့်အောင် ပြုပြင်ပြောင်းလဲရေးတွေ ပိုပြီးလုပ်ပြဖို့လိုတယ်လို့လည်း အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြတယ်လို့ ဦးကိုကိုလှိုင်က ပြောပြပါတယ်။

သမ္မတအကြံပေးအဖွဲ့ဝင် ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်နဲ့ ဦးစစ်အေးတို့ဟာ သမ္မတဦးသိန်းစိန်နဲ့ အတူ ဒီ ထိပ်သီးညီလာခံကို လာပြီးတက်ရောက်နေကြတာပါ။

မြန်မာနိုင်ငံမှ အာဆီယံဥက္ကဌရာထူး ရရှိရေးအတွက် မြန်မာအတိုက်အခံများက ဆန့်ကျင်မှုတွေ ကန့်ကွက်မှုတွေ အများအပြားလုပ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမရဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဥက္ကဌရထူးရရှိဖို့ ထောက်ခံကြောင်း လုံးဝမပြောခဲ့ပါဘူး။ ဒါပေမယ့်လည်း ထုံးစံအတိုင်း ကန့်ကွက်ရင်း ဆန့်ကျင်ရင်းနဲ့ပဲ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကတိုင်း ဘာမှမဖြစ်ပဲ ကျန်နေခဲ့ပါတော့တယ်။