Subscribe to our RSS Feed

ဘာသာရေးနှင့်နိုင်ငံရေး ဆက်နွယ်ဟောပြောနေမှုများ ရပ်တန့်ပေးပါရန် ရွှေည၀ါဆရာတော် ဦးပညာသီဟအား လျှောက်ထားခြင်း (ပေးစာ - ၅၄)

ဗုဒ္ဓဘာသာကို ယုံကြည်လေးစားမြတ်နိုး တန်ဖိုးထားသူတစ်ဦး အနေဖြင့် ရေးသားတင်ပြသင့်သော အကြောင်းအရာများကို ရေးသားတင်ပြလိုပါသည်။ ပထမဦးစွာ တင်ပြလိုသော အကြောင်းအရာသည် သီတဂူ ဆရာတော် ဟောကြားတော်မူသော တရားတော်ထဲမှ ဓမ္မကထိကများအတွက် လမ်းညွှန်ထားသော တရားစာတစ်ပိုဒ် ဖြစ်ပါသည်။ ဓမ္မကထိကများနှင့် ပတ်သက်၍ ပလ္လင်ပေါ်မှ ဆင်းမသွားနဲ့ ဟူသော သြ၀ါဒ ဖြစ်ပါသည်။ ထိုသြ၀ါဒကို ဆရာတော်က အကျယ်တ၀င့် ဟောပါသည်။ အနှစ်ချုပ်မှာ ဓမ္မကထိကသည် ဗုဒ္ဓဟောသည့် တရားအတိုင်း ဟောကြားရန်နှင့် ဗုဒ္ဓမြတ်စွာ မဟောကြားသည့် အကြောင်း အရာကို ထည့်သွင်း မဟောရန် ဖြစ်ပါသည်။

ရွှေည၀ါဆရာတော် ဦးပညာသီဟသည် ဗုဒ္ဓတရားတော်နှင့် မသက်ဆိုင်သည့် အကြောင်းအရာများကို ထည့်သွင်း ဟောကြားခဲ့ခြင်းကြောင့် ကြည့်မြင်တိုင်မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အဖြစ်မှလည်း ကောင်း၊ မြို့နယ်သံဃာဝန်ဆောင် အဖြစ်မှလည်းကောင်း ၁၁-၂-၂၀၁၁ ရက်နေ့မှစ၍ တာဝန်မှ ရပ်စဲလိုက်ကြောင်းနှင့် ၁၁-၂-၂၀၁၁ရက်နေ့မှ ၁၀-၂-၂၀၁၂ရက်ထိ တစ်နိုင်ငံလုံးတွင် တရားဟောခွင့် မပြုခဲ့ကြောင်း နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနှင့် အဖွဲ့ဝင်ဆရာတော် (၁၅) ပါး တို့မှ ဆုံးဖြတ်ခဲ့ပါသည်။

ယခုအခါ ရွှေည၀ါ ဘုန်းတော်ကြီးအနေဖြင့် နိုင်ငံရေးသမားများနှင့် တွေ့ဆုံကာ နိုင်ငံတော် အစိုးရအားဆန့်ကျင် သောစကားလုံးများ သုံးနှုန်းနေခြင်းတို့မှာ အမြင်အကြား မသင့်လျော်ပါ။ နိုင်ငံရေးသမားများ လုပ်ရမည့် အလုပ်များ အပြောအဆိုများအား ဘုန်းကြီးတစ်ပါး အနေနှင့် ပြောဆိုနေပါက လူနှင့်မခြားသော လုပ်ရပ်များ အဖြစ်မြင်နေမိ ပါသည်။ ဥပမာ - မြန်မာနိုင်ငံ ဒီမိုကရေစီ ရပြီဆိုတာ မဖြစ်စလောက်လေးဘဲ၊ ဒီမဖြစ်စလောက်လေးနဲ့ ပြည်သူတွေအတွက် ဘာများပြောင်းလဲလာမှာလဲ ဟူသော စကားရပ်မျိုး။ ဘုန်းကြီးတွေ မဲမထည့်ရလို့ မကျေနပ်တဲ့ အဟောမျိုး၊ ဒီတစ်ခါမဲပေးရင် လူဝတ်လဲပြီး မဲပေးလိုက်မယ်ဆိုတဲ့ အဟောမျိုးများသည် ဘုန်းကြီးတစ်ပါး အနေနှင့် မသင့်တော်သော ဟောပြောချက်များ ဖြစ်နေပါသည်။

အစိုးရအား ပုတ်ခတ်သော အပြောအဆိုများ၊ ဝေဖန်သော စကားများ ပြောဆိုလိုပါလျှင် လူထွက်၍ ပါတီနိုင်ငံရေး လုပ်ကိုင်ခြင်းသည်သာ အသင့်တော်ဆုံးဖြစ်ပါသည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး အကောင်အထည် ဖော်သွားရေး တောင်းဆိုချက်များသည် ဘုန်းတော်ကြီးများနှင့် မအပ်စပ်ပါ။ သာသနာတော် တည်တံ့ရေး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးတို့ အတွက်သာလျှင် အားကြိုးမာန်တက် ဟောပြောစေလိုပါသည်။

မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ မှီတင်းနေထိုင်လျက် ရှိပါသည်။ အခြားသော မူဆလင်၊ ခရစ်ယာန် စတဲ့ဘာသာရေး ခေါင်းဆောင်များ အနေနှင့်လည်း ဘုန်းကြီးတို့ကဲ့သို့ နိုင်ငံရေးထဲ ပါလာမည်ဆိုပါက ရှင်းမရသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ကမ္ဘာတွင် ဖြစ်နေသော စစ်ပွဲများသည် သူတို့ဘာသာရေးကြောင့် ဖြစ်ပေါ်လာသည့် စစ်ပွဲများဖြစ် နေသည့်အတွက် ယနေ့တိုင် ငြိမ်းသတ်၍ မရနိုင်သေးပါ။ ဗုဒ္ဓဘာသာ ကြောင့်ဖြစ်သော စစ်ပွဲလုံးဝမရှိသည့်အတွက် ကမ္ဘာ့ပေါ်တွင် အကောင်းဆုံး၊ အသန့်ရှင်းဆုံးနှင့် အမွန်မြတ်ဆုံးသော ဘာသာအဖြစ် ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဥာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တညီတညွတ်တည်း ရွေးချယ် ဆုံးဖြတ်ထားပါသည်။ ထိုသတင်းသည် ဗုဒ္ဓဘာ သာဝင်များအတွက် ဂုဏ်ယူစရာ သတင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရွှေည၀ါဘုန်းတော်ကြီး အနေဖြင့် နိုင်ငံရေးနှင့် သာသနာရေး ဒွေးရောယှက်တင် ဟောနေမည့်အစား အဘိဓမ္မာ တတ်ပြီး ၀ိပဿနာနှင့် ဆက်စပ် ဟောကြားပေးပါရန် ပန်ကြား လျှောက်ထားပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦး


Myanmar Express

7 comments:

Is true. i agreed with this writer. Monk want to do political..better become normal person..otherwise do as monk

Yes, I greed above comment. Unfortunately, nowadays, we can see some monk do as a normal person. If they interesting politics , they should change to men.

yes ,yes, .. that's right, change to men,

ဒါလေးများဗျာ..ဗုဒ္ဒဘာသာအမည်ခံ ဂတုံးတွေရဲ့ လုပ်စားကောင်းအောင် လုပ်နေတဲ့ ဂွင်တွေပါ..ဗုဒ္ဒဘာသာအစစ်တွေက သိပြီးသားပါ။

ဗုဒ္ဒဘာသာ တွေ တယောက် နဲ့ ယောက် မတည့်ကြ ဘူး ..အတ စံကြတာပဲနော်... ဒီအတွင်းေ၇းမသိလို့  ကမ္ဘာ့ပေါ်တွင် အကောင်းဆုံး၊ အသန့်ရှင်းဆုံးနှင့် အမွန်မြတ်ဆုံးသော ဘာသာအဖြစ် ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဥာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တညီတညွတ်တည်း ရွေးချယ် ဆုံးဖြတ်ထားတာပဲ.. ဒို့ကဒါ ကို လက်တွေ့ မြင်နေရတော့ ဂုဏ်ယူစရာ လို့ မထင်ပေါင်.. အစကတော့ ပြည်သူတွေ ဖြစ်တဲ့ သူ့ဒဂါ၊ ဒဂါမ တွေကို ချစ်လို့ ကိုယ် နဲ့ မဆိုင် သလို မသိချင်မယောင်ဆောင်နိုင်ပဲ တတ်နိုင်တဲ့ ဘက်က ၀ိုင်းပြေား ပေးနေ တယ် ထင်ထားတာ.. ဘာသာတရားက လူတွေအတွတ် ငြိမ်းချမ်းရေး မလုပ်ပေးရင် ဘာအတွတ် သုံးစားမှာလဲ..?????

ဘုန်းကြီးလဲ လူပဲကွ

နိုင်ငံနဲ့ လူမျိုး အကျိုးအတွက် ဘုန်းကြီးတွေမှာလည်းတာဝန်ရှိတယ်

မင်းတို့က လူကိုလူလို့ မမြင်လို့ ပြသနာတွေတက်နေတာ

ဟေ့ ကောင်Anonymous ဘုန်းကြီးကလူဆိုရင် မင်းအမေမင်းနမကိုတက်လိုးရင် ကြိုက်လားပြောစမ်း
လောကီကိစ္စ၀င်ရှုပ်နေရင် ဘုန်းကြီးမဟုတ်ဘူးကွနားလည်လား အရည်းကြီးတွေ မင်းလိုမြောက်ပင့်ပေးနေတဲ့ကောင်တွေရှိလို့ သာသနာဖျက်စီးမယ့် ဘုန်းကြီးတွေပေါနေတာ မအေလိုးစကားပြောတာဆင်ခြင် သာသနာကို အဆိပ်မခပ်နဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်