Subscribe to our RSS Feed

အသက်ပေးကာကွယ်မယ်အော်သူများကို အသက်ပေးစရာမလိုပဲ တယောက်တစ်သိန်းပဲထည့်ခိုင်းရန် ဦးခင်ရွှေပြော

မြန်မာနိုင်ငံကို နှစ်ပါးများစွာ ကျွန်ပြုခဲ့တဲ့ အင်္ဂလိပ်အစိုးရ ရုံးထိုင်သွားသည့် အတွင်းဝန်ရုံး

“တချို့ပြောတာလဲ ကြားတယ်။ ဒါကြီးကို အသက်ပေးပြီး ကာကွယ်မယ်တဲ့။ အသက်ပေးစရာ မလိုပါဘူး တယောက် တသိန်းထည့်ပြီး ဒါကြီးကို ထိန်းသိမ်းမယ်ဆိုရင် အဲ့လူတွေ ထည့်မှာမဟုတ်ဘူး။ အသက်သာ ပေးကြမှာ။” လို့ ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်မှာ အင်္ဂါနေ့က လုပ်ခဲ့တဲ့ မြန်မာ့ခရီးသွား လုပ်ငန်းအကြောင်း သတင်းစာ ရှင်းလင်းပွဲ အဖွင့်အမှာစကား၌ ပြည်တွင်း မီဒီယာများသည် ပြည်ပမီဒီယာများ ကို ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှ အ ပြစ်တင်လိုက်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ သမိုင်းဝင်အဆောက်အအုံတွေကို ဒီတိုင်းထားပြီး ပျက်ဆီးစေမယ့်အစား ဟိုတယ်များဖွင့်ကာ မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့အတွင် အရင်က စိတ်ကူးခဲ့ကြပါတယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန် ရဲ့ ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ မြစ်ဆုံဆည်ကိစ္စ၊ အတွင်းဝင်ရုံး ကိစ္စများ ကို ဒီမိုကရေစီ မူအတိုင်း ပြည်သူ့သဘောထားဆန္ဒကို အစိုးရက လိုက်လံဖြည့်ဆည်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မီဒီယာများကတော့ စိတ်ဓာတ်အဆင့်အတန်း ပြောင်းလဲခြင်းမရှိပဲ အဆိုးဖက်ကိုမြင်ပြီးရေးတာတွေကို ဆက်လုပ်နေတာကြောင့် ဦးခင်ရွှေက အပြစ်တင်လိုက်ခြင်းဖြစ်ပါတယ်။

မီဒီယာသမားတွေရဲ့ မဟုတ်က ဟုတ်ကတွေရေးနေခြင်းက အလွန် စိတ်ဓာတ်ကျဖို့ကောင်းကြောင်းကိုလည်း

“မဟုတ်က ဟုတ်ကတွေ ရေးတယ်ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျဖို့ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့သဘော ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ လမ်းကြောင်း ကောင်းနေတာကိုလဲ အသိအမှတ်မပြုတဲ့ သဘောမျိုး ဖြစ်နေတယ်။”ဟု ဦးခင်ရွှေက ပြောခဲ့ပါတယ်။


ဝန်ကြီးများရုံးသည် အင်္ဂလိပ် အမွေအနှစ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုံးထိုင်တယ်ဆိုတာ လပိုင်းသာ ကြာခဲ့ပါတယ်။ မြန်မာလူမျိုးများထက် မြန်မာနိုင်ငံအား ကျွန်အဖြစ် ပြုလုပ်ခဲ့တဲ့ အင်္ဂလိပ်လူမျိုးတွေသာ ထိန်းသိမ်းသင့်ကြောင်းနဲ့ နိုင်ငံတော်မှ ထိန်းသိမ်းပါက စာရိတ်များစွာ ကုန်ကျမှာ ဖြစ်ကြောင်း ကိုလည်း မော်နီတာဂျာနယ်က ဆောင်းပါးတစ်ခုမှာ ရေးသား ထားတာ ရှိပါတယ်။


ဦးခင်ရွှေဟာ ရိုးသားစွာလုပ်ကို စားသောက်နေသူဖြစ်ပြီး ဘုရားတည်၊ ကျောင်းဆောက်ဖြင့် အလှူဒါနတွေ များစွာလုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ၎င်းအနေဖြင့် စင်ကာပူ၊ အမေရိကား စသောနိုင်ငံများတွင် ငွေကုန်ကြေးကျခံ သွားရောက် သုံးဖြုန်းနိုင်ကြောင်း၊ နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေတွင် ရှိနေသော် လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းကိုလည်း ၎င်း၏ စေတနာနဲ့ နိုင်ငံချစ်စိတ်ကို သိစေရန် ဦးခင်ရွှေက ထည့်သွင်း ပြောခဲ့ပါတယ်။


အရပ်သား ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ကလည်း ခြောက်လအတွင်း ကိုယ်ပိုင်ငွေ ကျပ်သိန်းတသောင်းကျော် အကုန်အကျခံ နိုင်ငံတော်အတွက် သူ့အိပ်ထဲကနေ စိုက်ပြီး သုံးစွဲခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီလို နိုင်ငံနဲ့ လူမျိုးအတွက် အဲလောက်ငွေကြေးမျိုးကို ကိုယ့်အိပ်ထဲက စိုက်ထုတ်ဖို့ ဆိုတာ မီဒီယာသမားများရော အတိုက်အခံအဖွဲများပါ အိပ်မက်မမက်ဖူးကြပါဘူး။ ဒါပေမယ့် ကိုယ်တိုင်မလုပ်နိုင်သော်ငြားလည်း လုပ်နေသူကိုလည်း အကောင်းမမြင်ပဲ အဆိုးတွေမြင်နေကာ အကုသိုလ်တွေ ဖုံးလွှမ်းနေကြပါတယ်။ ဦးတင့်ဆန်းအနေနနဲ့ နိုင်ငံအတွက် အခုလို အများကြီး ကူညီထောက်ပံ့ပေးခဲ့ပေမယ့် ဘယ်အဖွဲ့ကမှ ဆုပေးတာတွေ၊ ပါရဂူဘွဲပေးတာတွေ မလုပ်ခဲ့ကြပါဘူး။




Myanmar Express

4 comments:

မအေလိုးက ပြည်သူပိုကိုေ၇ာင်းစားခြင်တယ်ပေါ့
အော် အဲဒါကိုထိန်းသိမ်းဖို့ ပြည်သူက ပိုက်ဆံထည့်၇အုံးမှာလား နိုင်ငံတောင် အခွန်ကောက်တာတွေက ဘယ်မအေလိုးစားသွားလို့လဲ

နားထောင်ကောင်းအောင်လဲလုပ်ပါဦး ဦးခင်ေ၇ွှ၇ယ်
အော်သူလဲ ဒိလိုပြောမှ ကပ်စား ကပ်လုပ်လို့၇မှာကိုး

အေးလေ ပြည်သူတွေဘာပဲလုပ်လုပ် ကို့အားကိုကိုးဆိုပြီး ဟိုဟာဖွင့်လိုက် ဒိဟာဖွင့်လိုက် လုပ်နေတာ ဖဲကြိုးဖျက် နာမည်ခံတော့ သူတို့ပဲလေ..
ဒါလောက်တော့ ထည့်သင့်ပါတယ် ခင်ေ၇ွပြောတာလဲ မှန်တာပဲ...

အေးလေဟုတ်ပါတယ် ကိုလမ်းကောင်းခြင်၇င်ကိုဖာကိုလုပ်၇မှာပေါ့
ဟုတ်တယ်မို့လား စစ်ခွေးတွေ

မင်းတို့ကတော့ ခွက်ထဲ ထည့်၇င်စားတယ် အကပ်ကြန်သေး၇င် လှာနဲ့ ၇က်မယ် ဟုတ်တယ်မို့လား

အပေါ်က ကောင် မင်းက နိုင်ငံေ၇း အကြောင်းဘယ် လောက်နားလည်လို့လဲ အဲ့ ဒါလေးပဲ မေးလိုက်ချင်ပါတယ် ...

အပေါ်ကကောင်သူတောင်းစားစိတ်နဲ့လျှောက်ပြောမနေနဲ့
မင်းကိုယ်မင်းလဲပြန်တွေးဦးနိုင်ငံအတီက်မပြောနဲ့မပြောနဲ့မင်းနေတဲ့လမ်းတောင်မင်းအသိစိတ်နဲ့ခဲတလုံးခင်းဖူးလားနွားရဲ့မင်းပါးစပ်ချီးပဲစားမင်းဘာကောင်မလို့လျှောက်ပြောနေလဲသူတောင်းစားရဲ့

ဗဟုသုတတွေ အများကြီးရပါတယ်..
ဟီဟီ..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်