Subscribe to our RSS Feed

ရဟန်းတော်တွေလဲ နိုင်ငံရေး လုပ်ခွင့်၊ ဆန္ဒပြခွင့် ရှိပါတယ်.... ဒါပေမဲ့..


ရဟန်းတွေ နိုင်ငံရေးလုပ်ခွင့်မရှိဘူး ရှိတယ်ဆိုပီး ငြင်းနေကြာတာနဲ့
ပါတ်သက်လို့ပါ.... လုပ်ခွင့်ရှိတယ် ဆိုတဲ့လူကလည်း သာသနာ့ အာဇာနည် ဆရာတော်
ဦးဥတ္တမတို့ ဦးဝိစာရတို့ကို ထုတ်ပြကြတယ်။ မကျေလည်ရင် ဒီဆြတော်တွေပါ
သွားပြောပေါ့.... ဟုတ်ပါတယ် ကောင်းပါတယ်... ဒါပေမဲ့ ကြည့်လုပ်ကြပါဦး
ဆရာတို့ရယ်... ကိုယ်မြှောက်ပေးတဲ့ ဇာတ်က ဒီတစ်ဇာတ်ထဲမဟုတ်ဘူးဆိုတာ
မမေ့စေချင်ဘူး.... နောက်တစ်ခုက နိဗ္ဗာန်တံခါး ခုချက်ခြင်း ဖွင့်၊
သောတပန်အဆင့် ခုချက်ခြင်းပေး ဆိုသလိုဖြစ်နေသလားလို့......

ရဟန်းတွေလဲ ပုထုဇဉ်ပဲ လုပ်ချင်ရာလုပ်ပိုင်ခွင့်ရှိတယ် ဆိုပီး
ဇောင်းပေးလုပ်ချလာမှဖြင့် ခက်ကုန်ရော့မယ်။ မလုပ်နဲ့လို့လည်း
သွားတားလို့မရ အရင်တုန်းက ဒေ၀ဒတ်ကဘယ်သို့ ဘယ်ချမ်းသာ၊ ဦးလာဘကဖြင့်
ဘယ်လိုပုံ လူတွေသတ်စားခဲ့တာနဲ့ သူတို့လည်း ဥပမာ ဥပမေးယျတွေနဲ့
ကိုင်ထုတ်လာမယ်ဗျ နော်။ ဟုတ်ပါတယ် နောက်ခံအခြေအနေ ဖြစ်ပျက်ပုံအနေအထား
မတူပါဘူး။ ဒါပေမဲ့ ဆွဲဆက်ပီး ရောထွေးတတ်တာ ကျုပ်တို့လူမျိုး
ဝါသနာတွေလေဗျာ။ ရှိပါသေးတယ် ရဟန်းအခြင်းခြင်း မနာလိုစိတ်တွေနဲ့
တိုက်ခိုက်ခဲ့လို့ သက္ကတာဂါမ်အဆင့်ကနေ မတက်နိုင်လို့ မာန်ချ
ရှိခိုးခဲ့ရတာတွေ။ ကိုယ်တွေက ကောင်းတာကို လက်ညှိုးထိုးပေမဲ့ မကောင်းတာကို
ဥပမာ ယူကုန်ကြမှာကိုလည်း မမေ့အပ်ဘူးဗျ။ ကိုယ်မြှောက်ပေးနေတာ
ထောက်ခံနေတာဟာ လမ်းလွဲမသွားဖို့လည်း လိုတယ်ဗျ။

နောက်တစ်ခုက အခုဆန္ဒပြတဲ့ ရဟန်းတော်တွေကို မျက်စိမှိတ်ထောက်ခံဖို့
တိုက်တွန်းနေတဲ့ ပုဂ္ဂိုလ်များကိုလည်း ပြောချင်တာက အခု ဆရာတော်တွေ
ဟောနေတဲ့ ငြိမ်းချမ်းရေး တရားတော်မှာ စစ်သားတွေ၊ ရဲသားတွေကိုပဲ
ဟောပြောနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို စိုးစဉ်းမျှ
ဖြောင်းဖြခြင်းမတွေ့သေးတာကို ထောက်ပြပေးစေချင်တယ်။ အဲ့ဒိတော့
ကိုယ်တော်တို့ကို တစ်ခုတောင်းဆိုချင်တယ်ဘုရာ့....

. ကေအိုင်အေတို့ကိုလည်း
ငြိမ်းချမ်းရေး တရားသွားဟောပေးပါလို့.... စစ်ဘီလူးတွေတောင် နားချဖို့
ကြိုးစားရင် စစ်ဘီလူးမဟုတ်တဲ့ သူတို့ကိုလည်း တရားဟောပေးပါဦး.... စစ်ဆိုတာ
နှစ်ဖက်ရပ်မှ အပစ်ရပ်တာလေ... တစ်ဖက်တည်း ရပ်လို့မှ မရတာ....
မြတ်စွာဘုရားလက်ထက်ကတောင် ဆွေမျိုးတော်တွေ ဖြစ်မဲ့ စစ်မက်ကို
နှစ်ဖက်စလုံးကို မီးမိုး ရေမိုးရွာပီး တန်းခိုး ပြဋိဟာ ပြ အကျွတ်တရား
ဟောသေးတယ်လေ......

ဒီနေရာမှာ သာသနာ့ အာဇာနည်ဆိုတဲ့ စကားနဲ့ ပါတ်သက်လို့ ပြောပါရစေဦး။
မြန်မာနိုင်ငံမှာ ရဟန္တာပုဂ္ဂိုလ်ထူးတွေ တစ်ပုံတစ်ပင်ရှိပါ့။ ဒါပေမဲ့
သာသနာ့အာဇာနည်မဖြစ်ခဲ့ဘူးဗျ။ သာသနာတော်ပြန့်ပွားအောင်၊ သာသနာတော်သိက္ခာ
မညှိုးနွမ်းအောင်၊ သာသနာတော် အစော်ကားမခံရအောင် စွမ်းစွမ်းတမံ
ကြိုးစားစောင့်ရှောက်ကြတဲ့ ဆရာတော်မျိုးကို သာသနာ့အာဇာနည်လို့ ခေါ်တယ်ဗျ။
ဥပမာအနေနဲ့ ပေးရရင် ကျောက်ကွင်းအရေးတော်ပုံနဲ့ နာမည်ကြီးခဲ့တဲ့ ရှင်ဥက္ကဌ၊
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး တို့ကို သာသနာ့ အာဇာနည်လို့ ခေါ်ဆိုသဗျ။
ရဟန်းတော်ဘ၀ကနေ လူပုဂ္ဂိုလ်တွေရဲ့ အလုပ်ကို လုပ်တဲ့ဆရာတော် တွေကို
အာဇာနည်အရှင်သူမြတ်များလို့ ခေါ်တယ်ဗျ။ လောကီ အာဇာနည်နဲ့ လောကုတ္တရာ
အာဇာနည်ကို ရောထွေးလို့မရဘူးနော်။

ဝိနည်းဆိုတာလည်း ရဟန်းတော်မှာ အများကြီးရှိတယ်။ သာသနာ့ဝန်ကို
ထမ်းမှာဖြစ်တဲ့အတွက် အများသူငါ လောကီလူသားတွေလို နေခြင်သလို
နေလို့မရအောင်၊ ကိုယ့်ကြောင့်၊ ကိုယ်ရုံထားတဲ့ သင်္ကန်းအရှိန်ကြောင့်
စော်ကားမိတဲ့ သူတွေအပြစ်မဖြစ်အောင်၊ အကြည်ညိုမပျက်အောင်၊ သ့ဃာ့
ဂိုဏ်းကွဲ၊ သင်းကွဲ မဖြစ်ရလေအောင်၊ ကုန်ကုန်ပြောရရင် သံဃာအဖွဲ့အစည်း
မပျက်စီးရလေအောင် မြတ်စွာဘုရားက ရေရှည်အကျိုးကို မျှော်ကိုးပြီး
ချမှတ်ခဲ့တာပါ။ ရှေးယခင် ဘုရားအစဉ်အဆက်တောင် ဂေါတမ မြတ်စွာဘုရားလောက်
သံဃာထုအပေါ်မှ ၀ိနည်းစည်းကမ်းတွေ ချမှတ်ခဲ့ခြင်း မရှိပါဘူး။ ဒါ့ကြောင့်
အခြားသော အနောက်တိုင်း ပညာရှင်တွေကိုယ်တိုင် ထုတ်ဖော်ချီးကျူးရတာကတော့
ရဟန်းကြီး ဂေါတမဟာ လက်နက် ကိရိယာ တန်ဆာပလာ တစ်ခုမှ မပါပဲနဲ့
ယောက်ျားသားတွေကြီးရှိတဲ့ သံဃာဆိုတဲ့ အဖွဲ့အစည်းကို
အုပ်ချုပ်သွားတယ်ဆိုတာ အလကားမဟုတ်ပါဘူး။ ဒီ ၀ိနည်းဆိုတဲ့စည်းကမ်းနဲ့
သိက္ခာပုဒ် အသွယ်သွယ်တွေကြောင့်ပါပဲ။

ဒီနေရာမှာ ရဟန်းတွေဟာ စောင့်နိုင်သမျှ ၀ိနည်းကို စောင့်ထိမ်းချင်း၊
ကျင့်ကြံနိုင်တဲ့ ဓုတင်ကို ဆောင်ခြင်းဟာ ရဟန်းကောင်း ရဟန်းမြတ်တို့ရဲ့
ကျင့်ကြံနိုင်မှု ဖြစ်ပါတယ်။ မကျင့်ကြံလို့လည်း ဘာမှတော့ မဖြစ်ပါဘူး။
သို့သော် ၀ိနည်းဆိုတာ စောင့်ထိမ်းရမယ်မှန်း သိရဲ့သားနဲ့ ချိုးဖောက်ရင်
သာသနာ့ဝန်ထမ်းလို့ မမည်ပါဘူး။ ကျွန်တော် ပဇ္ဇင်းတက်တုန်းက ၀ိနည်းတွေ
လေ့လာနေတုန်းက မသိတာတွေ ဆရာတော်ကြီးကိုမေးလို့ ဆရာတော်ကြီးရှင်းပြဘူးတယ်။
ငါ့တို့ ကျောင်းထိုင်ဆြတော်ကြီးက ပြောတယ် ဒီပဇ္ဇင်း ၀ိနည်းတွေ မေးလာရင်
အကြောင်းထူး တစ်ခုခုတော့ ရှိပီကွ၊ ၀ိနည်းမေးတဲ့ ပဇ္ဇင်းဟာ ထွက်နည်း
နှစ်နည်းပဲ ရှိတယ်။ လူထွက်ရင်ထွက် မထွက်ရင် တောထွက်တဲ့။
ဘာလို့လည်းဆိုတော့ ကျင့်ကြံဖို့ရာ အဲ့လောက်ခက်ခဲတယ် ဆိုတဲ့အတွက်ပါ။
သို့ဖြစ်တဲ့အတွက် ၀ိနည်းကို သာသနာ့ဝန်ကိုထမ်းကြတဲ့ ရဟန်းတော်များဟာ
နိုင်သလောက်ကို ထမ်းကြပါတယ်။ တကယ့်ကို ရဟန်းအကျင့်ကို ကျင့်ကြံတဲ
့ဆြတော်တွေဟာ လူပရိတ်သတ်များပြားစွာ ဖူးမြှော်ခြင်း၊ လာဘ်လာဘ
ပေါများခြင်းကို ရဟန်းစခန်းစဉ် ပေါက်မြောက်ရန်အားထုတ်မှုမှာ မာန်နတ်ရဲ့
အနှောင့်အယှက်တွေလို့ သတ်မှတ်ပါတယ်။ (ရဟန္တာနှင့်
ပုဂ္ဂိုလ်ထူးများမှာကြည့်ပါ။)

သာမာန်ပုထုဇဉ် လူပုဂ္ဂိုလ်ဟာ အပြစ်တစ်ခုကို သိသိကြီးနဲ့ ထပ်ခါထပ်ခါ
ကျူးလွန်ရင် ဘယ်လိုသတ်မှတ်ကြသလဲ။ ဒီလိုဆိုရင် မြင့်မြတ်တဲ့ သာသနာ့နွယ်ဝင်
ရဟန်းတော်တစ်ပါးဟာ ၀ိနည်းသိက္ခာပုဒ်တွေကို သိသိကြီးနဲ့ ထပ်ခါထပ်ခါ
ကျူးလွန်တယ်ဆိုရင် ဘယ်လိုဆုံးဖြတ်ကြမလဲ။ ဒါတွေကို သေခြာစဉ်းစားသင့်ပါတယ်။
၂၀၀၃ မှာစင်္ကာပူ၊ ဂျာမနီကို ကျောင်းသား ဗီဇာနဲ့ သွားခဲ့၊ ဂျာမနီဆိုင်ရာ
မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့်
လျှောက်ထားခဲ့ပြီး ၂၀၀၃ ခုနှစ်ထဲမှာပဲ ခိုလှုံခွင့်ရရှိခဲ့တယ်ဆိုတဲ့
ဆရာတော်ဟာ မြတ်စွာဘုရား ချမှတ်ခဲ့တဲ့ သိက္ခာပုဒ်တွေနဲ့ ကိုက်ညီမှုရှိမရှိ၊
ဝိနည်းနဲ့ သင့်တော်မတော်ကို ဆုံးဖြတ်သင့်ပါတယ်။ ဒီနေရာမှာ သာသနာတော်
ညှိုးနွမ်းမှာကို စောင့်ထိမ်းကာကွယ် စောင့်ရှောက်တဲ့ ရဟန်းတော်များဟာလည်း
သာသနာ့အာဇာနည်ဆိုတာကို မမေ့သင့်ပါဘူး။

နောက်ဆုံးအနေနဲ့ကတော့ ရဟန်းတော်များ နိုင်ငံရေး မလုပ်သင့်တယ် လုပ်သင့်တယ်
ဆိုတာ အငြင်းမပွားလိုပါဘူး။ လုပ်လည်းဖြစ်တယ် မလုပ်လည်းဖြစ်တယ်။ သို့သော်
ကိုယ့်လိပ်ပြာကိုယ် လုံရပါမယ်၊ သင်္ကန်းအရေခြုံပြီး ခုတုံးလုပ်စားတာတွေ
များလာမှာကို မလိုလားပါဘူး။ (အခုလက်ရှိ သင်္ကန်းကြီး တကားကားနဲ့
ဘောပွဲကြည့် လက္ဘရည်ဆိုင်ထိုင်၊ အရက်သောက်၊ မိန်းမလိုက်စား
ပါရဇိကကံကြနေသော်လည်း သင်္ကန်းတန်းခိုးနဲ့ မိုက်လုံးကြီးနေတဲ့
ရဟန်းမဟုတ်တော့သော လူများလည်းပါဝင်ပါတယ်)။ ရဟန်းအလုပ် ရဟန်းလုပ်ပြီး
လူအလုပ် လူလုပ်တာ ပိုကောင်းပါတယ်။ လူကနေ ရဟန်းအလုပ်လုပ်လို့ ဓမ္မာစရိယာ
ဘွဲ့ရအဖြစ်က ထုတ်ပယ်လိုက်ရတာတွေ မမေ့သင့်ပါဘူး။ (ကြုံလို့
အဲ့ဒိဓမ္မာစရိယာရဲ့ တပည့်သားသမီး မြေးမြစ်တွေဟာ ထေရ၀ါဒနဲ့ မဟာယန ကြား
ဗုဒ္ဓဘာသာတစ်ခုကို ထူထောင်ဖို့ လုပ်နေတယ်ဆိုတာလေး ပြောလိုက်ပါရစေ။ ၂၀၀၇
သံဃာအရေးအခင်းကြောင့် တရားဟောခွင့် ပိတ်ခံထားရပါတယ်လို့ ကြွေးကျော်နေတဲ့
နာမည်ကြီး ဆရာတော်တစ်ပါးပါ အပါအ၀င်ပါ။) အဲ့ဒိတော့ ရဟန်းက
လူအလုပ်လုပ်တာကို မကန့်ကွက်ပါဘူး ဒါပေမဲ့ လှေနံနှစ်ဖက် နင်းလို့မရသလိုပဲ
ရဟန်းက လူအလုပ် လုပ်လာရင် ရဟန်းလို ကိုးကွယ်ခံထိုက် မခံထိုက်ဆိုတာကိုတော့
ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုခဲ့ရင် ရဟန်းတော်ဆိုတဲ့ အခွင့်အရေးလုံးဝ
ယူလို့မရတော့ဘူးဆိုတာ သိအောင်လို့တော့ ရှင်းပြလိုက်ပါတယ်။

ဒီမိုကရေစီ၏ အနှစ်သာရသည် သူတစ်ပါးအား ထိခိုက်ခြင်းအလျင်းမရှိပဲ မိမိ၏
သဘောထားအား ထုတ်ဖော်ပြောဆိုနိုင်သည် ဆိုတာပါတဲ့အတွက် ကျွန်တော့အယူအဆကို
ရှင်းပြပါတယ်။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်၊
အကျိုးသင့်အကြောင်းသင့် ဝေဖန်နိုင်ကြပါတယ်။ ငါ့အယူမထောက်ခံလို့
ရန်သူဆိုတာမျိုးဆိုရင်တော့ ကိုယ့်ကိုကိုယ်လည်း
အာဏာရှင်စာရင်းဝင်သွားပီဆိုတာ မမေ့လိုက်ပါနဲ့၊ ကျေးဇူးတင်ပါတယ်။

by James Mmt


ဟုတ်ကဲ့......သတင်းကို သတင်းအဖြစ်ပဲ မှက်ယူပါတယ်....ဒါပေမဲ့
ဝေဖန်ချက်တော့ပေးချင်တယ်ဗျ....
သံဃာတော်တွေနိုင်ငံရေးထဲကို
ဝင်ပြီးလုပ်ခဲ့လို့ ဘယ်နှစ်ခါများအောင်မြင်ခဲ့ဖူးပါလဲ(88
နောက်ပိုင်းကိုပြောပါတယ်)....ရွှေဝါရောင်တုန်းကလည်း
သံဃာတော်တွေစပြီးလုပ်ခဲ့တယ်...

ဘာဖြစ်ခဲ့လဲ...သံဃာတော်တွေသွေးမြေကျ/ဖိနှိပ်ခံခဲ့ရတယ်...ဝင်ပါတဲ့
ပြည်သူတွေလည်း ဒုက္ခရောက်ခဲ့ရတယ်....မနှိမ်နင်းချင်ပဲ နှိမ်နင်းခဲ့ရတဲ့

အချို့သော စစ်သားတွေ (အားလုံးမဆိုလိုပါ) လည်း
အကုသိုလ်ဖြစ်ခဲ့ရတယ်...ပြီးသွားတဲ့အချိန်မှာ ရလဒ်ကဘာလဲ....ဟုတ်ကဲ့
သုညပါ.....ဒါကြောင့် သံဃာတော်တွေနိုင်ငံရေးဝင်ပါတာ
အားမပေးပါဘူးခင်မျာ....ခုချိန်မှာ
ကျွန်တော်တို့ကိုယ်တိုင်မပါဝင်နိုင်ပေမဲ့ အားတက်သရော
(ကိုယ့်နိုင်ငံအတွက်)လုပ်နေတဲ့ခေါင်းဆောင်တွေအများကြီးပါ...သူတို့ကိုကျွန်တော်တို့တက်နိုင်တဲ့ဘက်ကကူညီ/အားပေးရမယ်လို့

ထင်ပါတယ်...သူတို့ကိုယ်ချည်းမှီခိုမယ်လို့ပြောတာမဟုတ်ပါ....ဆရာတော်သံဃာတော်တွေဝင်ပြောလို့
ဆန္ဒပြလို့လည်း ဒီအစိုးရက
လက်ခံမယ်ထင်ပါသလား....လုံးဝမထင်ပါဘူး...သူတို့မှာလည်း သူတို့
အစီအစဉ်ရှိပြီးသားဆိုတာ
အားလုံးမြင်တဲ့အတိုင်းပါပဲ....ဒါကြောင့်နောက်ဆုံးအနှစ်ချုပ်ဝေဖန်ရရင်
သံဃာတော်တော် ဆန္ဒပြတာဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါခင်ဗျာ.....
(အရေးအသားမတတ်ရင်တော့ တောင်းပန်ပါတယ်)

by myo myint Aung


ထပ်ဖြည့်ပြောချင်ပါတယ် ( ၂၀၀၇ အရေးအခင်း ပြီးသွားတဲ့အချိန်မှာ
ရလဒ်ကဘာလဲ....ဟုတ်ကဲ့ သုညပါ..)ဆိုတာကိုပါ ။ သုညတင်မက အနုတ်ပါပြခဲ့ပါတယ် ။
ကမ္ဘာ့ အလယ် ဘာသာခြားတွေအလယ်မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဲ့ အဆင့် ထိုးကျပါတယ် ။
ထေရ၀ါဒ ခေါင်းဆောင်နိုင်ငံက သံဃာတွေဟာလဲ နိုင်ငံရေးကို
ဘာသာရေးခေါင်းဆောင်က ၀င်လုပ်တတ်တဲ့ တိဗက်က မဟာယာန ဒလိုင်လားမားလို
ဘုန်းကြီးတွေပါပဲလား ဆိုတဲ့ အမြင်ပါ ။ သူတို့က နားမလည်တော့
ကြိုက်ချင်ကြိုက်မယ် ။ နိုဗယ်ဆုတောင်ပေးချင်ပေးမယ် ။ ဒါပေမဲ့ ထေရ၀ါဒ ဘက်က
သိပ်ကို နာပါတယ် ။

နောက်တစ်ချက်က နိုင်ငံရဲ့ပုံရိပ် သိပ်ကို ထိခိုက်ပါတယ် ။
မတည်ငြိမ်မှုတွေနဲ့ သာသနာအရောင်ညှိုးနွမ်းတဲ့ နိုင်ငံအဖြစ်
အရှက်ဗျန်းဗျန်းကွဲပါတယ် ။ အစိုးရကိုထိတာထက် နိုင်ငံရဲ့ အင်းမေ့ခ်ျ ကို
မျိုးဆက်နဲ့ချီပြီး ထိပါတယ် ။ သိပ်ကိုနာပါတယ် ။

လက်ရှိမှာလဲ ကောင်းကောင်းမွန်မွန်နေတဲ့ သံဃာတွေနဲ့ မင်းအစိုးရ
ဒယကာတွေကြား ဆရာဒကာဆက်ဆံရေးမှာ မယုံသင်္ကာတွေ ။ အကန့်အသတ် အဖိအနှိပ်တွေ
ပိုများပြီး သာသနာတော်လူလုံးမလှဖြစ်ကာ ဘာသာခြားတွေ ၀မ်းမြောက်တာကလွဲလို့ 
ဗုဒ္ဓဘာသာ ဘုန်းကြီးရော။ ဗုဒ္ဓဘာသာ ပြည်သူရော ။ နိုင်ငံရော။ အစိုးရရော
ဘာကောင်းကျိုးမှ မရလိုက်တဲ့အပြင် အရှုံးပေါ်ပါတယ် ။ ဘေးတီးပေးကြတဲ့
ဘီဘီစီလို ပြည်ပက လေသမား ဒေါ်လာစားတွေဘဲ ကြားထဲက ကောင်းစားပြီး
လုပ်ကွက်ရသွားတာပါ ။ စဉ်းစားချင့်ချိန်တော်မူကြပါ မိတ်ဆွေ သူတော်စင်
အပေါင်းတို့  ။

by PaoPao


Myanmar Express

3 comments:

ဒီစာရေးတဲ့ ဒကာလေးရယ် KIA ကိုတရားသွားဟောရင် ဘုန်းဘုန်းဆွမ်းစားဖို့နောက်နေ့ခေါင်းမရှိတော့ဘဲ နေမှာပေါ့ကွယ်...ဘုန်းဘုန်းအဲဒီလောက်မညံ့ဘူးလေ..

pao paoေ၇ ။ ခင် ဗျားေ၇းတာ ကျု ပ် ထော က် ခံ တယ် ဗျို . ။

ပိုစ် ရေးတဲ့ကောင်တွေ
္ဒဓမ္မကထိက မဟုတ်ပဲနဲ့ ဘုန်းကြီးတွေကို ဆုံးမနေတာမကောင်းပါဘူး
ငရဲအိုးထဲ စောက်ထိုးကျမယ်
သတိထား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်