Subscribe to our RSS Feed

ဓာတုမိုးလား၊ ဓာတုရေလား

မြန်မာ့ ပညာရေးကို အောက်ဆုံးပို့တဲ့လူတွေ၊ မြန်မာ့ နည်းပညာကို ဘိတ်ဆုံးလို့ပြောတဲ့လူတွေနဲ့ မြန်မာ့ တပ်မတော်ကို နောက်ဆုံးလို့ပြောတဲ့လူတွေကပဲ ခုတစ်ခါ ရှေ့ဆုံးကို ပို့နေကြပြန်ပါပြီ။ အမြှောက်သံကြားပြီး ကြောက်လန့်ချောက်ချား မူးလဲအန်ထွက်သူတွေကို ဓာတုအဆိပ်မိတယ်လို့ ပြောကြပြီး ဘာမှန်းမသိတဲ့ အစက်တွေကို ဓာတုမိုးလို့ စွပ်စွဲကြယုံတင်မကဘူး။ ရေသန့်ဗူးထဲကရေကိုပါ ဓာတုရေဆိုပြီး အမျိုးမျိုး စွပ်စွဲတာတွေကို ဒီရက်ပိုင်းမှာ တွေ့နေရပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသာမက နိုင်ငံတော် သမ္မတကြီးကပါ KIA ကို တိုက်ချင်ရင် နာရီပိုင်း အတွင်း တိုက်လို့ရတယ်ဆိုတဲ့အကြောင်း၊ တိုက်လည်းမတိုက်ချင်သလို တိုက်စရာလည်း မလိုတဲ့အကြောင်း၊ နေ့စဉ်နဲ့အမျှ KIA ဖျက်ဆီးနေတဲ့ လမ်းတွေ၊ တံတားတွေ ကို ပြင်ဖို့အတွက်သာ စစ်တပ်က လုံခြုံရေးယူပေးနေရကြောင်း ပြောခဲပါတယ်။ ဒါပေမယ့် KIA ဟာ တစ်ဖက်မှာ ဗုံးခွဲဖျက်ဆီးတာတွေလုပ်နေပြီး၊ နောက်တစ်ဖက်မှာတော့ သူတို့ဗုံးခွဲ ဖျက်ဆီးနေတာတွေကို လူအများ အာရုံမစိုက်မိစေရန်အတွက် ဓာတုလက်နက်လိုလို၊ ဓာတုမိုးလိုလို ထင်ယေင်ထင်မှားတွေ သတင်းလွှင့်နေတာကို တွေ့ရပါတယ်။

အခုချိန်မှာ KIA က စစ်တပ်က သွားတိုက်စရာမလိုပဲ အလိုလိုပဲ တရုတ်ဘက်က ရိက္ခတင်ခွင့်မပေး၊ မြန်မာဘက်က ရိက္ခသယ်လို့မရနဲ့ ရိက္ခာပျက်ပြီး အလိုလိုချိနဲ့နေပြီ ဖြစ်ပါတယ်။ KIA ဟာ ဘာအင်အားမှ မရှိသလို၊ ဘာအင်အားမှလည်း မရှိပါဘူးဆိုတာ သိရပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကလည်း အလျင်စလို နိမ်နှင်းခြင်းတွေ မလုပ်ပဲ ဒီအတိုင်းလွှတ်ထားတာ ဖြစ်ပါတယ်။ ဘယ်လောက်မှ အင်အားမကြီးပဲ ဘာကောင်ကြီးမှ မဟုတ်လို့ စစ်တပ်က ဓာတုလက်နက်တွေ ဓာတုမိုးတွေသုံးပြီး တိုက်စရာမလိုကြောင်း မြန်နိုင်ငံရဲ့ စစ်ရေးကို အနီးကပ် စောင့်ကြည့်သူတစ်ဦးက အခုလို ပြောပါတယ်။

"KIA ဆိုတာ ဝ လောက်လည်း အင်အားမကြီးသလို၊ KNU လောက်လည်း စိတ်ဓာတ်ပြင်းပြတာ မဟုတ်ဘူးဗျ... ဒီလို ဘာမဟုတ်တဲ့ KIA ကို စစ်တပ်က ဓာတုမိုးတွေ ရွာအောင်လုပ်ပြီး တိုက်တယ်ဆိုတဲ့ သတင်းက တော်တော်ရီစရာကောင်းပါတယ်... " လို့ ပြောပါတယ်။

အရှေ့တောင် အာရှာမှ အကောင်းဆုံးခံစစ်စခန်းဆိုတဲ့ ဝခသစ် စခန်းကိုတောင် မြန်မာစစ်တပ်က အမြှောက်တပ်လောက်ပဲ သုံးပြီး အောင်အောင်မြင်မြင်တိုက်ခဲ့ပြီးသား ဖြစ်ပါတယ်။ ဘာမဟုတ်တဲ့ KIA ကျမှ ဓာတုတွေ၊ ရူပတွေ သုံးနေစရာလိုမလိုကြောင်း၊ မြန်မာသောင်းကျန်းသူ တွေထဲမှာ အဆင့်တန်းမရှိ ဗလာင်းဗလဲ အပြောဆုံးက KIA ဖြစ်ကြောင်း အခုလို ဆက်ပြောပါတယ်

" ဝခသစ် ကိုတောင် အမြှောက်တပ်လောက်နဲ့ တိုက်နိုင်နေတဲ့ မြန်မာစစ်တပ်က KIA လို ကောင်မျိုးကို ဦးသိန်းစိန်ပြောသလိုပဲ နာရီပိုင်းနဲ့ အမြစ်ဖြုတ်လို့ရတယ်ဗျ... သူပြေသလိုပဲ မြန်မာနိုင်ငံမှာ သောင်းကျန်းသူ ၈ ဖွဲ့တောင် ရှိတာ မှန်တယ်.. အဲဒီအထဲမှာ ဗလာင်ဗလဲ အလုပ်ဆုံးက KIA ပဲဗျ.. KIA လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့မတူဘူး... စစ်သားတွေက စစ်သားစကားပြော၊ စစ်သားလိုလုပ်ပေါ့ဗျာ... စစ်တိုက်စရာရှိတာတိုက်.. ရှုံးရင်ရှုံးတယ် နိုင်ရင် နိုင်တယ်ပေါ့... ခုတော့ ကိုယ့်ဘက်က အကျအဆုံးများလာတာနဲ့ ဓာတုလက်နက်လိုလို၊ ဓာတုမိုးလိုလို ဗလောင်းဗလဲတွေ လျှောက်ပြောတယ်.. ယောင်္ကျားတွေမဟုတ်သလိုပဲ... KNU တို့ ဝ တို့ က တိုက်စရာရှိရင် တိုက်တယ်... ဘာမှမပြောဘူး။ တိုင်းရင်းသား သောင်းကျန်းသူတွေထဲမှာ ကျွန်တော် အထင်မကြီးဆုံးက KIA ပဲ" လို့ ဆက်ပြောပါတယ်။

ဓာတုမိုးနဲ့ပတ်သက်ပြီး ဒေသခံတစ်ယောက်ကတော့ အခုလိုပြောပါတယ်... "ဓာတုမိုးတော့ မဟုတ်ပါဘူး... မိုးရွာတယ်ပြောရအောင်လည်း အပေါ်မှာ ဘာတိမ်မှာ မရှိပါဘူး၊ လေယဉ်နဲ့ ဖျန်းတယ်ပြောရအောင်လည်း ဘာလေယဉ်သံမှ မကြားရပါဘူး၊ မြန်မာစစ်တပ်မှ အသံတိတ်လေယဉ်တွေ ရှိနေရင်တော့မပြောတတ်ဘူးဗျ" လို့ ဆိုပါတယ်။

ရုရှားနိုင်ငံမှာ အဆင့်မြင့် ပညာတွေသင်ဖို့ ရောက်ရှိနေတဲ့ ပညာတော်သင် တစ်ယောက်ကို အသံတိတ်လေယဉ် တွေ မြန်မာ့တပ်မတော် မှာ ရှိမရှိ၊ နဲ့ ဓာတုနည်းပညာတွေ အလွန်းအမင်း တိုးတက်မှု ရှိမရှိ မေးမြန်းချိန်မှာတော့

"ဒီနေ့ မြန်မာ့တပ်မတော်က နည်းပညာတွေ အလျှင်အမြန်တိုးတက်နေပြီး ထူးချွန်တဲ့ ပညာတက်တွေ အမြောက်အများရှိတယ်ဆိုတာ ဟုတ်ပါတယ်.. ဒါပေမယ့် ဒီပညာတွေက ပြည်ထောင်စု ကို ကာကွယ်ဖို့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် တပ်မတော်ပညာသည်တွေက ဝိုင်းဝန်းကြိုးပမ်းဖို့ပါ... ပြည်ထောင်စုသားအချင်းချင်း ပညာပြဖို့ မဟုတ်ပါဘူး.... ပညာ ပြဖို့လည်း အစီစဉ် မရှိပါဘူး... တကယ်လို့ ပညာပြလိုက်ရင်တောင် KIA အနေနဲ့ အခုလို အစက်ကလေးတွေတောင် မြင်လိုက်ရမှာမဟုတ်ဘူး... တစ်ခါတည်း ကုန်းကောက်စရာမရှိ ဖြစ်သွားမှာဗျ... အခုဟာက KIA ကြောက်ကန်ကန်ပြီး စွပ်စွဲတာ ဖြစ်ပါလိမ့်မယ်..." လို့ ပြောကြားပါတယ်။

ကချင်ပြည်နယ်ကို သွားရောက် လေ့လာသူ ဓာတုပညာရှင် တစ်ဦးကတော့ "အမှန်တော့ ငှက်ချီးတွေပါ.. KIA က အကြောက်လွန်ပြီး လျှောက်ပြောနေတာ ဖြစ်ပါလိမ့်မယ်... ကျွန်တော်တို့ သေချာလေ့လာပြီးပါပြီ.. ဒီချိန်က ရာသီဥတုပြောင်းချိန်မို့ မြန်မာနိုင်ငံထဲကို ရွှေ့ပြောင်းငှက်တွေ အများအပြား ဝင်ချိန်ဖြစ်တယ်... အာဖရိက က ငှက်တွေလည်း အင်းလေးမှာရောက်နေကြတယ်.. ဒါဟာ ဘာမှ စိုးရိမ်စရာမရှိပါဘူး၊ အဲဒီ အရွက်တွေ ကို စာနေတဲ့လူတွေလည်း ရှိပါတယ်၊ ရေတွေသောက်နေကြတဲ့လူတွေလည်း ရှိပါတယ်.. ဘာမှမဖြစ်ကြပါဘူး" လို့ ပြောပါတယ်။

ဓာတုမိုးတဲ့... KIA ဘယ်လောက်တုံးလဲ လူသိကုန်ပြီ


လမ်းခင်းရတော့ စစ်တပ်၊ မိုင်းခွဲဖျက်တာက KIA


တစ်ခါ ရန်ကုန်မြို့က ရေသန့်ဗူးတွေအချို့မှာ စွယ်တော်မြတ်စေတီပုံ ပေါ်တာနဲ့ ပတ်သက်လို့ မေးမြန်းချိန်မှာတော့

"ဒါကတော့ သိပ္ပံနည်းနဲ့ ပြောဖို့ခက်တယ်ဗျ... ပေါ်တာက တကယ်ပေါ်တာပါ။ အားလုံးနီးပါး ပေါ်တယ်.. တချို့ ကံနိမ့်တဲ့လူတွေလောက်ပဲ မမြင်ရတာဗျ... ဒီကိစ္စမျိုးက အရမ်းဆန်းကျယ်တယ် ကျွန်တော်တို့အဆင့်နဲ့ လိုက်လို့မမှီနိုင်ဘူးဗျ.. ပြီးတော့ မြတ်စွာဘုရားဆိုတာ ဘယ်လိုမှ တုနိုင်းလို့ မရအောင် တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်လေ.. ဘုရားရှင်ရဲ့ စွယ်တော်ဆိုတဲ့ ဓာတ်တော်ဆိုမှတော့ စဉ်းစားသာကြည့်ပေါ့ဗျာ... ပြီးတော့ ရေသန့်ဆိုတာကိုက ဓာတုနည်းနဲ့ စစ်ထားတာလေ.. ph 7 က နေ ph 7.3 ထိ မြန်မာပြည်မှာ သုံးတယ်.. ဘုရားပုံပေါ်အောင်တော့ ဓာတုနည်းနဲ့ လုပ်လို့မရပါဘူး... " လို့ဆိုပါတယ်။ ဒါ့အပြင် ငှက်ချီးကို ဓာတုမိုး စွတ်စွဲချင်စွတ်စွဲကြပါ၊ ဘုရားပုံပေါ်တဲ့ ရေသန့်ကိုတော့ ဓာတုရေလို့ မစွပ်စွဲ ပြီး အကုသိုလ် မယူကြနဲ့လို့ လည်းမှာကြားသွားပါတယ်။












မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်အများဆုံးနေထိုင်ရာ နိုင်ငံဖြစ်ပေမယ့်လည်း စွယ်တော်မြတ် အကြောင်းကိုတော့ မီဒီယာတွေက အကျယ်တဝင့် ရေးသားကြတာ မရှိကြပါဘူး။ မလာသေးတဲ့ ဟီလာရီကလင်တန်အကြောင်းကို တော့ ကြိုပြီး ဖော်ပြနေကြတာတွေ့ရပါတယ်။


Myanmar Express

26 comments:

ဒီ postကိုတော့ကြိုက်တယ်..အမှန်တ၇ားတွေဘဲ (၇န်ကုန်မကောင်းကြောင်း အပုတ်ချမေ၇းနဲ့ ဗျာ)

ငှက်ချေးကို နူကလီးယားထင်နေကြတဲ့ အာဂ ကချင်တွေပါလား

KIA ကိုဓာတုလက်နက်နဲ့ တိုက်စ၇ာမလိုပါဘူး...လိုင်ဇာကို အုတ်တံတိုင်းခတ်ပြီး စစ်တပ်ကလူတွေ သေး ပေါက်ထည့်၇င် KIA မျိုးပြုတ်လောက်တယ်.

သေးပေါက်ရင်း ချီးထွက်သွားရင်
သနက်ခါးမိုးပါဆိုပြီး ထပ်အော်မှာ
မလုပ်နဲ့

နာရီပိုင်းနဲ့ အမြစ်ဖြုတ် မယ်လို့ အော်နေတာ ကြာလှပြီ။ အခုလည်း တပ်မ(၈၈)အကျ များလို့၊ တပ်မ (၄၄) ပြန်လဲတယ်ဆိုတော့.. ဘယ်သူစကားကို ယုံရမှာလဲ။ မြန်မာပြည်မှာ တပ်မ(၈၈)က တိုက်ခိုက်ရေးမှာ နာမည်ကြီးနေတာနော်.. မနိုင်တော့ နူးကလီးယားတွေသုံး.. တာတောင် ဆက်မပြောတော့ဘူး ကိုကျော်နိုင်၊ မောင်ရုရှားတို့ရေ.....

အကျများရင် တပ်မ လဲ မလားကွယ်
တိုက်ချင်ရင် လေယဉ် ၂ စီးလောက်နဲ့ ဗုံးကျဲလိုက်မှာပေါ့
မတိုက်ချင်လို့ လွှတ်ပေးထားတာနေမှာပါကွယ်
ဖင်ပိတ်မငြင်းကြနဲ့ သားတို့ရေ

စစ်တပ်မှာ နူကလီးယားရှိလို့ လားဟ...၇ှိခဲ့ ၇င် KIA ကိုမပြောနဲ့ အမေ၇ိကန် နဲ့ တ၇ုတ်ကိုတောင် ပါးပိတ်၇ိုက်လို့ ၇တယ်...ဒီလက်နက်ကြီးတာ ၇ှိခဲ့၇င် တော့ မြန်မာပြည်သားဖြစ်၇တာ ဂုဏ်ယူပါတယ်.

အရှက်မရှိတဲ. ခွေးဦးနှောက်များ...ပြောရင်တော. နာတတ်ဦးမယ်။ ပြည်တွင်းစစ်မှာ လေယာဉ်သုံးလို.မရတာမသိဘူးလား။ ပြည်တွင်းစစ်အကြောင်းမသိပဲနဲ. နင်.ပထွေးတွေဓာတုလက်နက်မသုံးပါဘူးလေးဘာလေးနဲ. ဘာလျှောက်အော်နေတာလဲ။ ဥသဖ စစ်ဆင်ရေးတို.၊ ရေလှိုင်းစစ်ဆင်ရေးဆိုပြီး တပ်မတွေနဲ.ချီတက်နေတာတောင် အတုံးအရုန်းဖြစ်နေတာတောင် တစ်ရက်နှစ်ရက်နဲ.တိုက်မယ်လေးဘာလေးအော်နေတယ်။ နင်တို.ရဲ.ပထွေးတပ်မတော်က ကိုယ်ကိုးကွယ်တဲ. လက်နက်မဲ.ဘုန်းကြီးကိုတောင် ကြောက်အားလန်.အားနဲ.အသေသတ်တာ ကိုများ ဘယ်မှာ ဇရှိလို.လဲ။

ဒါဆိုလဲ သူသေ ကိုယ်သေချကြပေါ့ (နိုင်ငံတကာ ကိုငိုမပြကြေး)

http://1.bp.blogspot.com/-YkGhNf6oqRY/TlLXceAnkbI/AAAAAAAACgk/KuE3UYpwTCo/s1600/mmmilitary.blogspot.com.jpg ဒါကြီးနဲ့ ဆို၇င်တော့

ပြည်တွင်းစစ်မှာ လေယာဉ်သုံးတာ မကြားဖူး ဘူးလား...သေချာ လေ့လာအုန်း ..Kia သူပုန် ခွေး စောင့်၇ူး

ဟားဟား... ပို့စ်က ရေလည်လန်းတယ်ဗျို့.. GOOD !!!!!

ဘယ်မှာလဲKIAကိုတရက်ထဲနဲ့အပြတ်ချေမှုန်းလို့ရတယ်ဆို.....ကလေးစကားလာပြောနေတာလားကျော်ဆန်းရေ...
အပြောနဲ့လက်တွေ့ကတခြားစီဖြစ်နေပါလား....ခင်ဗျားကိုယ်တိုင်လာတိုက်ပါလား...ခင်းဗျားတို့ကအင်အားပဲရှိတာ..
သေလိုက်တာလဲလွန်ပါရောKIAနဲ့တိုက်တာ..သေနတ်ကော
ပစ်တတ်ရဲ့လားခင်းဗျားတို့ရဲ့စစ်သားတွေ...မြန်မာ့စစ်တပ်
သတင်းကတော့မွှေးနေတာပဲအရှုံးနဲ့ပဲရင်ဆိုင်နေရတယ်...
အရှက်မရှိပို့လိုက်တဲ့စစ်သားကတနေ့ကိုမနည်းတဲ့အ
ရေအတွက်နဲ့တောင်မနိုင်ဘူးဖြစ်နေတာကိုတောင်တနေ့နဲ့အပြတ်တိုက်နိုင်တယ်ဆိုပါလားကျော်ဆန်းနဲ့ပြောင်ကြီး
သိန်းစိန်ရေ..ရှက်တတ်၇င်ဖင်ကုန်းနေလိုက်ကြားလား...

KIA တပ်များ ရိက္ခာပြတ်နေသဖြင့် ဆန်များကို အတင်းအဓ္ဓမတောင်းခံ( ကချင်သတင်းဋ္ဌာန ၇ဲ့ သတင်း)http://kachindailynews.blogspot.com/

တိုက်စ၇ာမလိုဘူး ငတ်သေတော့မှာမို့ 

အော် KIA နဲ့ နောက်မှီးစွဲတွေ ဘဝလည်း သနားစရာပါလား
မြန်မာစစ်တပ် ရှုံးနေတယ်၊ တိုက်ပွဲတစ်ပွဲမှာ လူ ၁၀၀ ကျော်သေတယ်ပြောတာလည်း မင်းတို့ပဲ
ဓာတုလက်နက်တွေသုံးနေလို့၊ ဓာတုမိုးတွေရွာခိုင်းနေလို့ ကယ်ကြပါအုံးပြောတာလဲ မင်းတို့ပဲ

The Myanmar Express is cruelly biased!!!!!!!!It's not readable at all............Unsurprisingly, the whole world knows of how brutal and cunning the burmese military junta!!!! where it is filled with lies, killings, bribery, and wars on power!!!!!

http://kachindailynews.blogspot.com/2011/09/blog-post_3122.html KIA လူသတ်သမား အကြမ်းဖက်အဖွဲ့ 

http://kachindailynews.blogspot.com/2011/11/kia_22.html KIA လူသတ်သမား အကြမ်းဖက်အဖွဲ့ 

I think this website (Myanmar Express) is created by a group of lairs, uneducated or maybe they are dogs whom are the followers of Military government. Maybe this blog is created by a group of Military students whom are working on behalf of Military, maybe they receive some opportunity to make money,,,, I was really wondering if and weather they know really what is the responsibilities and accountability of media. I apologize if this blocker can't even read English.... I do hope that you will have a chance to study to extend your knowledge one day ... If is there any way that i can help your guys to become educated people than pls let me know ,,,, I am really sorry to have like your guys in our country....

ဗိုလ်ချုပ်ဂမ်ရှောင်နှင့် စပေါ့မှော်လူသတ်ပွဲ...KIA အကြမ်းဖက်အဖွဲ့ ကိုဆန့် ကျင်ကြပါ...kia ကိုဆန့် ကျင်တိုင်း စစ်ခွေးဖြစ်၇မှာလား kia ခွေး၇ူး ရ.express post တိုင်းလက်မခံ...(တပ်မတော်အင်အား၇ှိမှ တိုင်းပြည် အင်းအား၇ှိမည်) တိုင်းပြည်အင်အားချည့်နဲ့ အောင်လုပ်တဲ့ သူမှန်သမျှ ငါတို့ ဗမာမျိုးချစ်တို့ ၇ဲ့ ၇န်သူဘဲ...

ဟိုတစ်နေ့က ငါ့သားအငယ်ကောင် စိုက်ခင်းထဲမှာ ချီးပါတာကို သနပ်ခါးမိုးလို့ အော်တာ ဒီကောင်တွေပဲ

မင်းတို့ ဗမာတွေကို လီးပဲ ဟေ့ကောင်

မင်းတို့ ဗမာ ဗဟိုအုပ်ချုပ်ရနေတယ်

လက်နက်အင်းအား လူအင်အားသာတယ်ဆိုပြီး ဖင်ခေါင်းမကျယ်နဲ့

သတ္တိရှိရင် မင်းတို့ဗမာတွေ လက်ဝှေ့ကြိုးဝိုင်းထဲကို ၀င်လာလိုက်

လက်ဝှေ့လောကထဲမှာ ငါရှိတယ်

ဟီးဟီး စောက်ရူးကြီးးး စစ်တိုက်နေတာကို လက်ဝှေ.လာထိုးချင်နေသေးတယ် လက်ဝှေ.မထိုးနဲ. ငါ.ကောင် စစ်တပ်ကကောင်တွေ လာရင် ပြေးကိုက်ကွာ ဟဟ အဲဒါပိုကောင်းတယ်

ဟားဟား ဟုတ်ပ ဟားဟားဟား

ဟဲ့ ခွေးတွေ သွားသွား။အမဲရိုး(ဆောင်းပါးလေး)ကျလာတာနဲ့ ကိုက်ကုန်ကြပြီ။အစိုးရသစ်လဲ နိုင် ငံတိုးတက်အောင် မလုပ်နိုင်သေးဘူးဆိုမှ တိုင်းရင်းသားတွေကစည်းလုံးမှုမရှိ ။တစ်ယောက်တစ်ပေါက်နဲ့။အာဆီယံနိုင် ငံတွေရဲ့ ခေတ်သစ်နယ်ချဲ့နည်းနဲ့ကိုလိုနီဖြစ်ဦးမယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်