Subscribe to our RSS Feed

မြစ်ကြီးနားမြို့ ဗုံးပေါက်ကွဲ ဆယ်ဦးသေ ၂၇ ဦးဒဏ်ရာရ

ရထားလမ်းများနှင့် စာသင်ကျောင်းများကို ခွဲရန် ဗုံးများပို့ပေးနေသည့် လိုင်ဇာမြို့

နိုဝင်ဘာ ၁၃ ရက်နေ့ည ရှစ်နာရီခွဲမှာ မြစ်ကြီးနား သီတာရပ်ကွက်၊ အိမ်အမှတ် ၆၉၊ ဦးဒယောင်တန်ဂွမ်းရဲ့ အိမ်မှာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပြီး အဲဒီ အိမ်ရော၊ ပတ်ဝန်းကျင် အိမ်နှစ်လုံးရော မီးလောင် ပျက်စီးသွားပါတယ်။ မီးသတ် အဖွဲ့တွေက ည ဆယ်နာရီလောက် အထိ မီး ငြိမ်းခဲ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် ကျား ၇ ဦး၊ မ ၃ ဦး သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာ ရတယ်လို့ သိရပါတယ်။ ဒဏ်ရာ ရသူတွေကို မေးမြန်းချက်အရ အဲဒီအိမ်ဟာ ကေအိုင်အေ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ အင်ဘန်လက သူ့အမျိုး နာမည်နဲ့ ဝယ်ထားတဲ့ အိမ်ဖြစ်ကြောင်း၊ လိုင်ဇာက ပို့ပေးတဲ့ မိုင်းတွေကို လျှို့ဝှက် သိမ်းထားပြီး မြို့ပေါ်က အမာခံတွေကို မိုင်းထောင်နည်း သင်တန်း ပေးပြီး ဖောက်ခွဲခိုင်းတဲ့ နေရာ ဖြစ်ကြောင်း၊ ဒီနှစ်ဆန်း ထဲက စပြီး လိုင်ဇာက လာတဲ့ ကားတွေမှာ ဗုံးတွေ ဖွက်ယူလာပြီး အိမ်မှာ စုထားခဲ့ကြောင်း၊ အဲဒီ ညကလည်း ဗုံးတပ်ဆင်နည်း နမူနာ ပြနေတုန်း ပေါက်ကွဲပြီး ကျန်တဲ့ မိုင်းတွေပါ ဆက်တိုက် ကွဲကုန်ကြောင်း သိရပါတယ်။ ဒဏ်ရာ ရသူတွေကိုတော့ ဆေးရုံမှာ ရဲအစောင့်အရှောက်တွေနဲ့ ထားတယ်၊ ဗုံးသင်တန်း ပေးတဲ့ လူကတော့ သေသွားတယ် လို့လည်း သိရပါတယ်။ အစိုးရသတင်းစာ များမှာတော့ ဖော်ပြတာ မရှိသေးပါဘူး။ မြစ်ကြီးနားက မိတ်ဆွေ တစ်ဦးဆီက ရတဲ့ သတင်းပါ။ နိုဝင်ဘာ ၁၂ ရက်နေ့ ညကလည်း မြစ်ကြီးနား မြို့ပေါ်မှာ မိုင်းနှစ်လုံး ကွဲခဲ့ပြီး တစ်လုံးကိုတော့ မိုင်းရှင်းအဖွဲ့ တွေက ဖယ်ရှားနိုင်ခဲ့ပါတယ်။

http://padaukmyay.blogspot.com/ မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

1 comments:

ကိုယ့်ရှူးကိုယ်ပတ်..သေအေးတာပဲ..KIAကျဆုံးပါစေ..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်