Subscribe to our RSS Feed

KIAတပ်ဖွဲ့များထောင်ထားခဲ့သောမိုင်းများနင်းမိ၍ ရွာသားများ ဒဏ်ရာပြင်းထန်စွာရရှိသွား၍ ကချင်လူငယ်များ၏ အနာဂတ်ဘ၀ကိုKIA တပ်မတော်ကဖျက်ဆီးနေ

ဝိုင်းမော် နိုဝင်ဘာ ၇

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အနေနဲ့ အစိုးရတပ်တွေ သွားလာနိုင်တဲ့လမ်းကြောင်းတွေမှာ မိုင်းတွေအဆက်မပြတ် ထောင်လျက် ရှိနေပါတယ်။ အစိုးရတပ်တွေ ထိခိုက်နစ်နာဆုံးရှုံးဖို့ရည်ရွယ်ပြီးထောင်နေတာ ဖြစ်ပေမဲ့ အစိုးရတပ်တွေ မလာခင်စပ်ကြားမှာ ဒေသခံပြည်သူတွေ နေ့စဉ်နဲ့အမျှ သွားလာနေကြပါတယ်။ ထင်းခွေ၊ ရေခပ်၊ တောင်ယာ လုပ်ငန်းခွင်သို့သွားရောက်လျက်ရှိပြီး မိသားစုစားဝတ်နေရေး ကိစ္စရပ်တွေ လုပ်ကိုင်နေကြရပါတယ်။ အဲဒီလိုသွားလာရင်း KIAတပ်တွေနဲ့တွေ့တဲ့အခါ အတင်းအဓမ္မ ဖမ်းဆီးပြီး KIA တပ်ထဲကိုခေါ်သွားပါတယ်။အသက် အရွယ်ကြီးရင့်သူတွေဆိုရင်တော့ ပါလာတဲ့ပစ္စည်းတွေသိမ်းပါတယ်။



မိန်းမချောချောလှလှလေးတွေတွေ့ရင်လဲတစ်ခါထဲခေါ်သွားပါတယ်။ကချင်ပြည်နယ်မှာနေရတဲ့ရွာသူ ရွာသား တွေအတွက်တော့ KIA ဟာ တကယ့်ကိုအလွန်တရာကြောက်စရာကောင်းလှတဲ့မကောင်းဆိုးဝါးတစ်ကောင်လိုပါပဲ။ နိုဝင်ဘာလ ၄ရက်နေ့ကလဲ ၀ိုင်းမော်မြို့နယ် ၀ူယန်ကျေးရွာကရွာသား(၂)ဦးမိုင်းထိတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီရွာကရွာသားတွေဖြစ်တဲ့လဂွမ်ဒေါင်ဇောင်းနဲ့လ၀ါဒေါင်ခေါင်းတို့နှစ်ဦးဟာ ၀ူယန်ရွာရဲ့အရှေ့တောင်ဘက်မှာထင်း ခုတ်ဖို့ အသွားKIAထောင်ထားတဲ့မိုင်း တစ်လုံးကိုနင်းမိပြီးဒဏ်ရာရခဲ့ပါတယ်။

လဂွမ်ဒေါင်ဇောင်း(၂၈)နှစ်က ဘယ်ဘက်ဒူးအောက်ခြေသလုံးရိုးသွားပြီးလက်ဝဲလက်ခလယ် ကျိုးသွား ခဲ့ပါတယ်။ လ၀ါဒေါင်ခေါင်း(၃၃)နှစ်ကတော့မျက်နှာတစ်ခုလုံးမိုင်းစတွေထိမှန်သွားခဲ့ပါတယ်။သူတို့နှစ်ဦးကို ၀ိုင်းမော် ဆေးရုံကနေတဆင့်မြစ်ကြီးနားဆေးရုံကိုဆက်ပြီးပို့လိုက်ရပါတယ်။သူတို့နှစ်ဦးစလုံးအတွက် ၀ူယန်ကျေးရွာတစ်ရွာ လုံးကတော်တော်လေးစိတ်မကောင်းဖြစ်နေကြပါတယ်။ မိုင်းတွေနေရာတကာမှာထောင်ထားတဲ့KIAတပ်တွေကို လည်းရွံရှာမုန်းတီးလျက်ရှိနေကြပါတယ်။ သူတို့(၂)ဦးဟာလူငယ်လေးတွေ ဖြစ်နေတဲ့အတွက် ကချင်လူငယ်တွေရဲ့ အနာဂတ်တွေကိုဖျက်ဆီးပစ်နေသလိုဖြစ်တဲ့အကြောင်းဝူယန်ကျေးရွာက
ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောဆိုပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်