Subscribe to our RSS Feed

မြန်မာဘုန်းကြီးတွေနဲ့ တိဘက်သီလရှင်တွေ ဆန္ဒပြပုံချင်း အလွန်ကွာခြား



တိဘက်တွင် မယ်လသီလရှင်တစ်ဦး မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြ

တိဘက်မှာ မယ်သီလရှင် တစ်ဦးက မိမိကိုယ်ကိုယ် မီးတင်ရှို့ကာ တရုတ်အစိုးရကို ဆန္ဒပြခဲ့ခဲ့ပါတယ်။ အသက်(၃၅)နှစ်ရှိ မယ်သီလရှင် ပယ်လ်ဒန်ချော့ဆိုသည် နိုဝင်ဘာလ (၁၃)ရက်နေ့က သူမကိုယ်ကိုယ် မီးတင်ရှို့၍ ဆန္ဒပြရင်း သေဆုံးခဲ့ပါတယ်။ သူမ၏ နောက်ဆုံးပုံရိပ်ကို ဗီဒီယို ရိုက်ယူထားပြီး ယင်းဗီဒီယိုကို တိဘက်လွတ်မြောက်ရေး ကျောင်းသားများအဖွဲ့က ဖော်ပြခဲ့ကြတာ တွေ့ရပါတယ်။




Tibet

(မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြနေသည့် မယ်သီလရှင်)

ဆီချွန်ရှိ ဂန်ဇီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ဒါဝီမြို့ပေါ်မှ လမ်းတစ်ခုပေါ်တွင် ချော့ဆိုသည် မတ်တပ်ရပ်ရင်း မိမိကိုယ်ကိုယ် မီးရှို့ခဲ့သည်ကို ဗီဒီယိုက ရိုက်ကူးထားတာဖြစ်ပါတယ်။ တိဘက်သီလရှင်ဟာ နောက်ပိုင်း မှာ မီးဟုန်းဟုန်းတောက်လောင်လျက်သား လဲပြိုကျသွားခဲ့ပါတယ်။ လွတ်လပ်ပွင့်လင်းစွာ အတည်ပြုနိုင်ခြင်း မရှိတဲ့ အဲဒီ ဗီဒီယို ဟာ အင်တာနက်ပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့လာခဲ့ ပါတယ်။


မီးတင်ရှို့ကာ ဆန္ဒပြသော ဘုန်းတော်ကြီး (၁၀)ပါးထက်မနည်း ရှိခဲ့သည်ဟု ယူဆရပြီး ယခုအခါ အမျိုးသမီးဖြစ်သော မယ်သီလရှင် တစ်ဦးပါ ပါဝင်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြင်းတွင်းမှာရော၊ ပြည်ပမှာပါရှိတယ် မြန်မာဘုန်းကြီးတွေလည်း အခါအားလျှော်စွာ ဆန္ဒပြတာတွေ ရှိပါတယ်။ ဒါပေမယ့် ဦးဝိစာရ လိုမျိုး သေတဲ့အထိ အစာငတ်ခံပြီး ဆန္ဒပြတာတွေ၊ တိဘက်က ဘုန်းကြီး နဲ့ သီလရှင်တွေလို မီးရှို့ပြီး ဆန္ဒပြတာတွေတော့ မရှိပါဘူး။ အန္ဒိယ နဲ့ သိရိလင်္ကာက မြန်မာဘုန်းကြီးတွေကတော့ ပြီးခဲ့တဲ့ နှစ်က မီးရှို့ဆန္ဒပြ မှုတွေ အကြီးအကျယ်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မီးရှို့တာတော့ မဟုတ်ပါဘူး။ အလံကိုပဲ မီးရှို့ကြတာပါ။



မာတုကာမပုံကိုင်က ဆန္ဒပြသူ မြန်မာဘုန်းကြီး

မီးရှို့ဆန္ဒပြသူ မြန်မာဘုန်းကြီး (မှတ်ချက် - အလံ)

တံမြက်စီးကိုင် ဆန္ဒပြသူ မြန်မာဘုန်းကြီး

ဆိုင်းဘုတ်ကိုင် ဆန္ဒပြသူ မြန်မာဘုန်းကြီး



Myanmar Express

8 comments:

ငရဲအိုးထဲဇောက်ထိုးဆင်းမယ့် ကောင်တွေသူဟာသူဘာလုပ်လုပ်ပေါ့
ကိုယ့်ဟာကိုအကုသိုလ်လိုက်ယူနေတယ်
ဘုန်းကြီးတောင်မီးရှို့ဖို့အကြံလိုက်ပေးနေတယ်
ဗုဒ္ဓဘာသာကွ အစွန်းရောက်ဘာသာမဟုတ်ဘူး
မကောင်းတာကိုသိအောင်အေးချမ်းသောနည်းနဲ့ဖော်ထုတ်တာကိုလက်ခံရမယ်

ဘုန်းကြီးနဲ့ သီလရှင်ဆိုမှတော့ ဘယ်တူမှာလဲ ငတုံးရ။ :D

မင်းအဖေကျမှပဲ ကိုယ်ကိုကိုယ်မီးရှို့ ဖို့ အကြံပေးလိုက်ကွာ။

စာရေးတဲ့သူက မတူဘူးလို့ပဲပြောတာပါကွယ်
အကြံပေးထားတာမှမဟုတ်တာ
သားတို့ကလည် ခုထိ ဦးနောက်အဆင့်တန်းတိုးတက်မလာဘူး
အမေစိတ်ညစ်တယ်
ဒီဦးနောက် ဒီအတွေးအခေါ်နဲ့ဆိုရင်တော့
နောက်ထပ် အနှစ် ၂၀ တက်စောင့်ကြအုံးနော်

ဟုတ်ပ တုံးပါဘိ
လူပိန်းနည်းနဲတွေးရင်တောင် သပိတ်မှောက်တယ်ဆိုတာ
ဆွမ်းမစားဝူးဆိုတဲ့အဓိပါယ်မဟုတ်လား....
septemberအရေးအခင်းတုန်းက သပိတ်မှောက်တဲ့အဖွဲ့တွေကတော့
လမ်းမှာလူသမျှဘုန်းပေး(တွယ်) လိုက်ကျတာအမုန်းပဲ
ကျွန်တော်ကငတုံးဆိုတော့ငတုံးလိုပဲတွေးမိတယ်
အော် ဘုန်းဘုန်းတို့ ဆွမ်းဘုန်းဖို့ သပိတ်ထဲမှာ
ဘာမှမရှိတော့ဝူးဆိုတာ ဒကာတွေသိအောင် မှောက်ပြတာပါလား..လို့

( ငတုံး )

I am very proud that our myanmar Demostrations bill is 6 times much better than Malaysia government proposed one..all opposition group should appreciate new Myanmar Government efforts...go and see the link by yourself if you all don't believe me

http://www.malaysiakini.tv/video/22707/ambiga-even-burmese-law-allows-street-demos.html

အေးအေး ရေးတဲ့ကောင်ကလဲ ရေးတယ်
ပြောတဲ့ ကောင်ကလဲပြောတယ်
ဘယ်ကောင်မှ မကောင်းဘူးကွ
နားလည်လား

ပိုစ် တင်တဲ့ကောင် ဗုဒ္ဒဘာသာမဟုတ်ဘူးနဲ့တူတယ်ဗျ
ဒီကောင် ပွဲဆူအောင် တမင်လုပ်နေတာ
ဒီကောင် ဘုရားမဲ့ဝါဒပဲ ဖြစ်ရမယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်