Subscribe to our RSS Feed

KIAအဖွဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခံနေရကြောင်း စစ်ရေးအကဲခတ်များပြောကြား

ကချင်ပြည်နယ်အတွင်း အစိုးရစစ်ကြောင်းများ အင်အားထပ်မံဖြည့်တင်းပြီး အရှိန်မြင့်တိုက်ခိုက်လာတာနဲ့ တပြိုင်နက် KIA အဖွဲ့အစည်းအပေါ် စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိကြောင်း တရုတ်-မြန်မာ စစ်ရေးအကဲခတ်များက သုံးသပ်ပြောဆိုလျက်ရှိပါတယ်။

နိုဝင်ဘာလဆန်းက စတင်ပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိမြို့ရွာများမှာ KIA အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်များကို ကချင်-မြန်မာနှစ်ဘာသာဖြင့် ရေးသားဖော်ပြထားတဲ့ လက်ကမ်းစာစောင် အများအပြား ပျံ့နှံ့နေကြောင်း တွေ့ရှိရပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ အဲဒီလိုပျံ့နှံ့နေတဲ့လက်ကမ်းစာစောင်များမှာ ရေးသားထားတဲ့အချက်တွေက အောက်တိုဘာလအတွင်းက အစိုးရနဲ့ပူးပေါင်းထားတဲ့ ပြည်သူ့စစ်အဖွဲ့များက ကချင်လွတ်မြောက်ရေး တပ်မတော်သို့ စာရေးသားတောင်းဆိုထားတဲ့ အချက်တွေနဲ့ တော်တော်များများ တူညီနေတာ တွေ့ရပါတယ်။





ဒါ့ကြောင့် ဒီလက်ကမ်းစာစောင်များဟာ အစိုးရစစ်တပ်က လုပ်တာဖြစ်နိုင်သလို KIA အဖွဲ့ရဲ့ မိုင်းထောင်၊ ဗုံးခွဲ၊ လူသစ်စု၊ ငွေကြေးတောင်းခံမှုများကို မခံမရပ်နိုင်အောင်ဖြစ်လာတဲ့ ကချင်အဖွဲ့တစ်ခုခုက လုပ်တာဖြစ်နိုင် ကြောင်း ဝေဖန်ပြောကြားလျက်ရှိပါတယ်။

အဲဒီလက်ကမ်းစာစောင်တွေ ပျံ့နှံ့နေချိန်မှာဘဲ မြစ်ကြီးနားမြို့ပေါ်က KIA ရဲ့ဖောက်ခွဲရေးပစ္စည်းတွေကို သိုလှောင်သိမ်းထားတဲ့အိမ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူအများအပြားသေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ကချင်လူမျိုးပေါင်းစုံအပါအ၀င် ပြည်သူများက KIA/KIO အဖွဲ့အစည်းအပေါ် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်းအဖြစ် ပိုမိုမြင်လာလျက်ရှိပါတယ်။

ဘာသာရေးအသင်းတော်မှ သင်းအုပ်ဆရာတော်ကြီးများနှင့် ကချင်အတိုင်ပင်ခံကောင်စီ အပါအ၀င် ကချင်လူမှုရေးအဖွဲ့အစည်းများမှ လူကြီးများကတော့ KIA အဖွဲ့ရဲ့လုပ်ဆောင်ချက်များကြောင့် KIO အဖွဲ့အစည်းအပေါ် ကချင်လူမျိုးများ၏ ထောက်ခံအားပေးမှု ကျဆင်းမှာကို စိုးရိမ်လျက်ရှိနေကြကြောင်း သိရှိရပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်