Subscribe to our RSS Feed

မန္တလေးကဘုန်းကြီး၊ ဆန္ဒပြခြင်း နှင့် ထူးဆန်းမှုများ (ပေးစာ - ၄၈)

မန္တလေးမှ နိုင်ငံရေးလုပ်ဖို့ သဃန်းဝတ်တဲ့ ပုဂ္ဂိုလ်တွေ

သာသနာထွန်းကားပြီး တန်ခိုးကြီးဘုရားတွေ၊ တန်ခိုးကြီးဘုန်းကြီးတွေများတဲ့ မန္တလေးမှာ ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ဘုန်းကြီးငါးပါး ဆန္ဒပြမှု ဖြစ်ခဲ့ပါတယ်။ ကိစ္စနဲ့ ပါတ်သက်ပြီး ထူးဆန်းတာလေးတွေကတော့

သံဃာတော်တွေဝေတဲ့စာရွက်မှာ ရက်စွဲက ၀၇-၁၁-၂၀၁၁ ကြိုထုတ်ထားတယ်။ အဲ့ရက်ပိုင်းက ဘယ်အကြောင်းအရာ ဟော့ဖြစ်နေလဲ အားလုံးလည်း သိကြပါလိမ့်မယ်။ ၁၁-၁၁-၁၁ တုန်းက DVB က မသီတာ ဒီရက်သတ္တပါတ်မှာ မျှော်လင့်နေတဲ့ သတင်းလေး မကြားရပါလား ဆိုတဲ့ ညဉ်းခြင်းကို တင်ခဲ့ပါတယ်။

အခု ဘုန်းကြီးတွေ သူတို့ဟာသူတို့ အပြင်က ၀င်မနှောင့်ယှက်နိုင်အောင် ကျောင်းတိုက်ကို ပိတ်ပြီး ဆန္ဒပြတာကို
အင်္ဂလိပ်လိုပိုင်းမှာ The monks locked themselves ဆိုပီး သုံးခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် ချုပ်နှောင်တယ်ဆိုတဲ့ ပုံစံ
နဲ့ရေးပါတယ်။

ဘုန်းကြီးက မိုက်ခရိုဖုန်းကိုင်ပြီး မီးစက်တွေပါတယ်၊ ဓတ်ဆီ ၄၊ ၅ ဂါလံ ပါတယ် ၊ ကင်မရာတွေပါတယ် ဆိုတာကို တော့ အင်္ဂလိပ်လို အပိုင်းမှာ ထုတ်မရေးပြန်ပါဘူး။

မွန်းလွဲ ၁ နာရီခွဲကြတော့ ဆန္ဒပြတဲ့ ဘုန်းကြီးတွေနဲ့ DVB က တယ်လီဖုန်းကနေ အင်တာဗျူးတယ်။ ကဲ ဘုန်းကြီးတွေရဲ့ ဖုန်းနံပါတ်ကို DVB ဘယ်ကရလဲ??

တိုက်ဆိုင်တာတွေကလည်း တော်တော်များတယ်.... နောက် ဒီ ဆန္ဒပြတဲ့ ဘုန်းကြီးတွေထဲက တစ်ယောက်က ဂျာမဏီမှာ နိုင်ငံရေး ခိုလှုံခွင့်နဲ့ နေတဲ့လူဖြစ်တယ်လို့ DVB ကပြောပြန်တယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဘန်ကောက်ကနေ မဲဆောက်အထိ လမ်းလျှောက် ဆန္ဒပြခဲ့တာမှာ ဦးဆောင်တယ်လို့လည်း ပြောတယ်။ (အဲ့ဒိလမ်းလျှောက်တဲ့ ရုပ်ရှင်မှာ အဲ့ဒိ ဆရာတော်ရဲ့ ပုံကို ကွက်တိထုတ်ပြတယ်)။ ငြိမ်ချမ်းရေးလိုလားတဲ့ သံဃာတော်များအဖွဲ့ကို တည်ထောင်ဆောင်ရွက်နေသူပါတဲ့။ ကဲ ဒါမျိုးကြတော့ ကွက်တိ အပ်ချ မတ်ချ သိတယ်ဗျာ..... တော်လွန်းလို့ ဆိုတာထက် ကြိုတင်ကြံစည်တာမှာ စည်းဝါးကိုက်တာ ပါနေတယ်လို့ ကျွန်တော်ကတော့ ယူဆစရာပါ။ စဉ်းစားကြည့်ကြပါတော့

ဘန်ကောက် ဆန္ဒပြတာကို ကွက်တိပြတဲ့ပုံကိုကြည့်ရင်လည်း တမင်ကို အရိုက်ခံတဲ့ပုံစံဖြစ်နေပါတယ်။

နိုင်ငံရေးသမားတွေအနေနဲ့ နိုင်ငံရေးလုပ်ကြပါ။ ကြိုက်တဲ့ပုံစံနဲ့ ကြိုက်သလိုလုပ်ကြပါ။ သင်္ဃာန်းတွေ တော့ သွားမရုံကြပါနဲ။ သာသနာကို ထွန်းပြောင်အောင် မလုပ်ချင်နေပါ၊ ညိုးနွမ်းအောင်မလုပ်ကြပါနဲ့။ အတိုက်အခံတွေ လုပ်ခဲ့လို့ စီးပွားရေးပိတ်ဆို့ပြီး နိုင်ငံ့စီးပွားရေး နောက်ကျခဲ့ရပြီးပါပြီ။ ခုတစ်ခါ သာသနာကိုပါ ဝင်ပြီး မမွှေကြပါနဲ့။ တရားအားထုတ်ဖို့နဲ့၊ သာသနာထွန်းကားပြန့်ပွားဖို့ ရည်ရွယ်ချက်နဲ့ပဲ သင်္ဃန်းဝတ်ကျပါ၊ နိုင်ငံရေးလုပ်ဖို့တော့ သင်္ဃန်းမဝတ်ကြပါနဲ့။ အဲဒီလို ဘုန်းကြီးစိတ်မရှိ၊ ဘုန်းကြီးအလုပ်မလုပ်ချင်တဲ့ ဘုန်းကြီးအတုတွေကိုလည်း ပြည်သူလူထုက ဝိုင်းဝန်းထိန်းသိမ်း ဆုံးမပေးကြပါ။ ထေရဝါဒ ဗုဒ္ဓဘာသာမှာ နံပတ် (၁) ဖြစ်နေတဲ့ အစဉ်အလာ၊ မြန်မာဆိုတာနဲ့ ရွှေတိဂုံကို သိကြတဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းကြပါ မြန်မာအပေါင်းတို့....။

စိတ်ပျက်ဖွယ်ရာ မြင်ကွင်းတစ်ခု



Myanmar Express

3 comments:

myanmar mhar ka thin kan wit mha... ng ngan yay lote lo kg tal lo thu tot khan yu htar tal htin tal..... thar tha nar phyat twe .

That kind of Monks protested in the strike, so called Saffron revolution. They are not more than criminals and not real monks.

စိတ်ပျက်စ၇ာကောင်းတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်