Subscribe to our RSS Feed

မင်းမဲ့စရိုက်လူသတ်မှု မြောက်ဥက္ကလာမှာ ထပ်ဖြစ်ပြန်



မြောက်ဥက္ကလာပမြို့ ​နယ် အမှတ် ၂ ရပ်ကွက် ဘုန်း​ကြီး​လမ်း​မှာ​နေတဲ့​ အသက် ၂၅ နှစ်အရွယ် ကျူရှင်ဆရာမ မထက်ထက်​အေး​ကျော်ဟာ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က အသတ်ခံခဲ့​ရတာပါ။ ခင်ပွန်း​သည်က ​ဘောလုံး​ပွဲ​လောင်း​ရာ ရှုံး​ပြီး​ ​ငွေ​တောင်း​လို့​မရတာ​ကြောင့်​ ဇနီး​ဖြစ်သူ မထက်ထက်​အေး​ကျော်ကို သတ်တာလို့​ အမှတ် ၂ ရပ်ကွက်​နေသူ တဦး​က ​ပြောပါတယ်။

အသတ်ခံရတဲ့​ ​ကောင်မ​လေး​ရဲ့​ ​ယောက်ျား​က ​​ဘောပွဲရှုံး​လို့​ ဆိုပြီး​တော့​ ​ဘောပွဲဖိုး​ ပိုက်ဆံ သိန်း​ ၂၀ လောက် သူ့​မိန်း​မဆီမှာ​တောင်း​တာကနေ စဖြစ်တယ်လို့ သိရပါတယ်။ အိမ်ခန်း​ထဲ​ခေါ်ပြီး​တော့​ အရက်ပုလင်း ခွဲနဲ့ ​ အခန်း​ထဲမှာ ပိတ်ပြီး​တော့​ ထိုး​သတ်ခဲ့တာ ဖြစ်တယ်လို့ မြောက်ဥက္ကလာနေ အိမ်နီးချင်းတစ်ဦးက ပြောပါတယ်။

တရားခံကို ၂ ရပ်ကွက် ရဲ​တွေက အဲဒီညတွင်း​ချင်း​ ၁၀ နာရီမှာ ဖမ်း​သွား​ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီလထဲမှာပဲ မြောက်ဥက္ကလာမှာ လူ ယောက် ၂၀ က ဓားနဲ့ ဝိုင်းထိုးတဲ့ လူသတ်မှု အပြင် ဗိုလ်ချုပ်ဈေးအနီး ကားလမ်းတစ်လျောက် ကားနဲ့တရွတ်တိုက်ဆွဲ သတ်တဲ့ အမှုတွေ ရန်ကုန်မြို့မှာ ဖြစ်ခဲ့ပါတယ်။

အဲလို မှုခင်းတွေဖြစ်ပြီးဆိုရင်လည်း ဘေးကနေသာ ဝိုင်းအုံနေကြပြီး ဘယ်သူမှ စွဲလဲမစွဲရဲ၊ ဝင်လည်း မပြောရဲကြဘူးလို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

"မှုခင်းဖြစ်တိုင်း လူတွေကတော့ အများကြီး ဝိုင်းအုံကြည့်တာပေါ့နော်... ဒါပေမယ့် ဘယ်သူမှလည်း မတားရဲဘူး... ဘာမှလည်း မပြောရဲဘူး... ရဲကိုပဲ အားကိုးကြရတာ... အဲလိုလူရမ်းကားတွေကလည်း ယူနီဖောင်းမြင်မှ ကြောက်ကြတာ.." လို့ ဆိုပါတယ်။

အစိုးရက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နေချိန်မှာ ရန်ကုန်မြို့ခံတွေက စည်းမဲ့ကမ်းမဲ့နဲ့ ဒီမိုကရေစီနဲ့ မထိုက်တန်စွာ မင်းမဲ့စရိုက် ရမ်းကားသတ်ဖြတ်မှုတွေ လုပ်နေလို့ ဒီရက်ပိုင်းမှာ လုံခြုံရေးတွေ တိုးပြီးချတာလယ်လို့လည်း သိရပါတယ်။

4 comments:

postေ၇းတဲ့သူကဘာမြို့ သားလဲဗျ...

အမေရိကန်သားကွ

အော်..ထင်တော့ထင်သား

မှန် လိုက် လေ ဆ ရာ တို့ ရယ် ဒီ မေး ခွန်း လေး ကောင်း တယ် ဗျာ..................

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်