Subscribe to our RSS Feed

သတင်းလိမ်မှုများကြောင့် ဘီဘီစီ ကို မလေးရှားနိုင်ငံ မှ မြန်မာ ၁၀၀ ကျော် ဆန္ဒပြ

မြန်မာနိုင်ငံအကြောင်း သတင်းမှားတွေ ထုတ်လွှင့်မှုကြောင့် ဘီဘီစီ သတင်းဌာနကို ဆန္ဒပြမှုတွေ ဒီရက်ပိုင်းမှာ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ဘီဘီစီ ဌာနရှေ့မှာလည်း ဒီလထဲမှာ ဆန္ဒပြပြီး ဖြစ်သလို မြန်မာနိုင်ငံ ဗြိတိလျှ သံရုံးရှေ့မှာလည်း ဆန္ဒပြဖို့ လူစု တာတွေ ရှိခဲ့ပါတယ်။ အခုလည်းပဲ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ၁၀၀ ခန့်က ကွာလာလမ်ပူမြို့ရှိ ဗြိတိသျှ သံရုံး ရှေ့သို့ သွားရောက်ပြီး ဘီဘီစီ ကို ဆန္ဒပြခဲ့ကြပြန်ပါတယ်။

Arakanese in Malaysia protest in British Embassy

သတင်းလိမ်မှုကြောင့် BBC Facebook စာမျက်နှာမှာ တောင်းပန်ဖို့ မြန်မာလူထုက ပြောကြားခဲ့ကြပေမယ့် လွတ်လပ်တဲ့ သတင်းဌာန ဆိုတဲ့ ဘီဘီစီက Facebook မှာ သီးသန့် comment ပေးလို့မရအောင် ပိတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် မကျေနပ်တဲ့ မြန်မာတွေက တောင်းပန်ဖို့အတွက် အခုလို ဆန္ဒပြကြတာဖြစ်တယ်လို့ သိရပါတယ်။

Arakanese-in-Malaysia-protest-in-British-Embassy

ဘီဘီစီဟာ လွတ်လပ်ရေးမရခင်၊ ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်ကတည်းက မြန်မာလူထုအပေါ်မှာ သဘောထားမမှန်ခဲ့တဲ့ သတင်းဌာနဖြစ်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ Facebook ပေါ်မှာရော သံရုံးရှေ့တွေမှာရော ပြန်လည်တောင်းပန်ရေးအတွက် ဆန္ဒပြမှုတွေ ဖြစ်နေပေမယ့်လည်း ဘီဘီစီဖက်က လုံးဝ ပြန်လည်တောင်း ပန်မှုမရှိခဲပပါဘူး။ ဘီဘီစီမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာတွေကလည်း ဆန္ဒပြတောင်းဆိုသူ မြန်မာလူမျိုးအချင်းချင်း လေးစားသမှုနဲ့ ပြန်လည် တုန့်ပြန်ခြင်းမရှိပဲ မျက်နှာပြောင်တိုက်ပြီး ဥပက္ခာပြုနေတယ်လို့ သိရပါတယ်။


ဗြိတိလျှတွေဟာ မြန်မာနိုင်ငံကို နှစ် ၁၀၀ နီးပါး ကျွန်ပြုကာ မြန်မာနိုင်ငံက ရှိသမျှ သယံဇာတများကို ဘုရားဆင်းတုတော်တွေပါမကျန် အမြှောက်လုပ်ဖို့ ယူဆောင်သွားကြသူတွေ ဖြစ်ပါတယ်။ လက်ရှိ NLD ခေါင်းဆောင်ဆိုသူ ဒေါ်အောင်ဆန်းစုကြည်ယူထားတဲ့ ယောင်္ကျားကလည်း ဗြိတိသျှ နိုင်ငံသားဖြစ်ပါတယ်။




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်