Subscribe to our RSS Feed

သံဃာတွေကို ခုတုံးလုပ်ပြီး အစိုးရနဲ့ပြည်သူကြား ရန်တိုက်ပေးသည့် သတင်းမှားတွေ မဖြန့်ကြဖို့ ဆရာတော် ဦးကောဝိဒ စာပို့ မိန့်ကြား


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀နအား ရှမ်းပြည်နယ် ပြည်နယ် သာသနာရေး ဦးစီးဌာန တာဝန်ရှိသူများက တရားဟောခွင့် တနှစ် ပိတ်ပင်လိုက်ကြောင်း၊ ဟောခွင့် မပေးခဲ့ကြောင်း၊ တနှစ်တိတိ ပိတ်ကြောင်း၊ ဦးဇ၀နက အစိုးရသစ် အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် လွတ်လပ်ခွင့်များ ပေးနေပြီဟု ဆိုသော်လည်း လက်တွေ့မှာ လွတ်လပ်မှု မရှိသေးကြောင်း ပြသခြင်းဖြစ်သည်ဟု မိန့်ကြားကြောင်း၊ အခု ဒကာ၊ ဒကာမတွေက မကျေနပ်ကြကြောင်း... စသည်ဖြင့် မဟုတ်မမှန် လုပ်ကြီးပြီး ဘုန်းကြီးများကို ခုတုံးလုပ်ကာ အစိုးရနဲ့ ပြည်သူအကြား ရန်တိုက်ပေးသည့် သတင်းများကို အတိုက်အခံ မီဒီယာ အချို့က ထုံးစံအတိုင်း ဖြန့်ဝေခဲ့ကြသဖြင့် ဆရာတော်ကိုယ်တိုင်က သတင်းမှားတွေ မဖြန့်ကြဖို့ အခုလို မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

"မေတ္တာရှင်ဆရာတော်ကို တရားပွဲပိတ်တယ်ဆိုတာမဟုတ်ပါဘူး။ ဆရာတော်အဲဒီနေ့က ရန်ကုန်ကအခမ်းအနားတစ်ခုကပင့်ထားတဲ့အတွက် ညပွဲမဟောဖြစ်ပဲ နေ့ပွဲဟောပေးခဲ့ပြီး ရန်ကုန်ကိုကြွသွားခဲ့တာဖြစ်ခဲ့ပါတယ်။ အခုလည်းတရားပွဲတွေဆက်လက်ဟောကြားပေး နေပါတယ်။ သတင်းလေးကိုပြန်လည်ပြုပြင်ပေးစေချင်ပါတယ်။ အဓိက ကတော့ နိုင်ငံရေး ကိစ္စဟောခဲ့လို့ပိတ်တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ဒါယကာဆီကို အသိပေး ခြင်းဖြစ်ပါ တယ်။"

ကျန်းမာစွာဖြင့် သတင်းမှန်များကိုတင်ပေးနိုင်ပါစေ။



U kovida .
kovida@mettashinfoundation.com


သံဃာများကို ခုတုံးလုပ်ပြီး အစိုးရနဲ့ ပြန်သူအကြား ရန်တိုက်ပေးနေသည့် သတင်းမှားတွေ လွှင့်နေသာ စာမျက်နှာများကတော့ အောက်ပါစာမျက်နှာများပဲဖြစ်ပါတယ်။
U kovida . kovida@mettashinfoundation.com\\






သတင်းမှားတစ်ခုထုတ်လွှင့်ဖို့ သံဃာကိုတောင် ခုတုံးလုပ်ဖို့ဝန်မလေးသည့် လေလှိုင်းပေါ်က လူသတ်သမား၊ ကီးဘုတ်ကိုင် လူသတ်သမားများကို သတိထားကြပါ။


Myanmar Express

3 comments:

KIO...ငါတို့ ကချင်သတင်းဋ္ဌာနလို့ မဟုတ်မမှန်သတင်းတွေ လုပ်ကြံရေးသားတာ ဝါသနာပါလို့ နေမှာပေါ့နော်..။

လုပ်စားစရာမရှိတော့လည်း ရတဲ့ဂွင်လေးနဲ့ လုပ်စားရတာမို့လို့ ခွင့်လွှတ်ပေးကြပါဗျာ...

ဥုးသုမင်္ဂလ တရားပွဲကိုလည်း အောက်ကလင့်မှာ ပြောထားတယ်ဗျ မှန်မ မှန် စုံစမ်းပြီး ပြန်တင်ပေးပါဦး
http://www.kzarboworld.com/profiles/blogs/nov-25

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်