Subscribe to our RSS Feed

ဆင်ဖြူတော် နှစ်ကောင် နေပြည်တော် သို့ ထပ်မံ ရောက်ရှိ

မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက်နှင့် သတ္တမမြောက် ဆင်ဖြူတော်များ နိုဝင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိစဉ်

မြန်မာနိုင်ငံ၏ ဆဌမမြောက်နှင့် သတ္တမမြောက် ဆင်ဖြူတော်များ ဖြစ်ကြသော ဟေမ၀တီနှင့် ငွေဆဒ္ဒန် ဆင်ဖြူနှစ်စီး နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က နေပြည်တော်သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

အဆိုပါ ဆင်ဖြူများကို ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်ပရ၀ုဏ်အတွင်း ထားရှိကာ အများပြည်သူ ကြည့်ရှုနိုင်ရန် နေပြည်တော်သို့ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟေမ၀တီဟု အမည်ပေးထားသည့် ဆင်ဖြူတော်မှာ အမဖြစ်ပြီး ငွေဆဒ္ဒန်ဟု အမည်ပေးထားသည့် ဆင်ဖြူတော်မှာ အထီးဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ ဖမ်းဆီးရမိသည့်ဆင်ဖြူတော်၏ အရောင်မှာ ပန်းရောင်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ ဖမ်းဆီးရမိသည့် ဆင်ဖြူတော်၏ အရောင်မှာ ပန်းနုရောင်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် ဆင်ဖြူတော် ခုနစ်စီး ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တော်ကြီးဘုရားအနီးတွင် ဆင်ဖြူသုံးစီးကိုလည်ကောင်း၊ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ပရ၀ုဏ်တွင် ဆင်ဖြူတော်လေးစီးကို လည်းကောင်း အသီးသီး ပြသထားပြီကြောင်း သိရသည်။

ရန်ကုန်မြို့တွင်ထားရှိသည့် ဆင်ဖြူတော်များမှာ ရာဇဂဟ သီရိ ပစ္စယဂဇရာဇာ အမည်ရှိ ဆင်ဖြူတော်၊ သိင်္ဂီမာလာအမည်ရှိ ဆင်ဖြူတော်၊ ရတီမာလာအမည်ရှိ ဆင်ဖြူတော်တို့ ဖြစ်ကြပြီး နေပြည်တော်တွင်ရှိသည့် ဆင်ဖြူများမှာ ဘဒ္ဓ၀တီအမည်ရှိ ဆင်ဖြူတော်၊ နန္ဒ၀တီအမည်ရှိ ဆင်ဖြူတော်၊ ဟေမ၀တီအမည်ရှိ ဆင်ဖြူတော်၊ ငွေဆဒ္ဒန်အမည်ရှိ ဆင်ဖြူတော်တို့ဖြစ်ကြောင်း သိရှိရသည်။

3 comments:

လူတွေများအဖြူဘယ်လိုက်ကြိုက်သလဲဆိုရင်
ဆင်တောင်အဖြူမှတဲ့
စကားမစပ် ဒီဆင်ကဘယ်မှာဂျီးချွတ်ထားတာလဲ
Spa my way မှာလား
သိပ်တော့မဖြူဘူးနော် အသားရောင်ကြီးလားလို့

မအေလိုး...မင်းကဆင်ဖြူမြင်ဖူးလို့လား..
မင်းတို့ဒီမိုတွေ...ဒီတသက်မြင်ရမှာမဟုတ်ပါဘူးကွာ

ဆင်ဖြူလား ဆင်ဝဲစားလား ဒါမှမဟုတ် ခ၇ုစွဲနာကျနေတဲ့ ဆင်လားမသိ လုပ်ပြန်ပြီ ဒိတခါလဲ ဆင်ဖြူတဲ့ အော်ခက်တော့ခက်တယ် ဆင်ဖြူကေ၇ာဘာထူးလို့လဲ ခြေ ဘယ်နှချောာင်းပိုပါတာလဲ အထီးဆို၇င်တော့ သူ့မိန်မအတွက် တချောင်းပိုပါမယ်ထင်တယ်
ဟဟဟဟဟဟဟဟဟဟဟဟဟဟ
ဘိုင်ဘိုင်း

ကိုကိုစစ်ခွေး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်