Subscribe to our RSS Feed

နိုင်ငံရေးသမားအားလုံး လူထုချဉ်ဖတ်ဖြစ်တော့မယ် (ပေးစာ - ၄၅)

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် လတ်မှတ်ရေးထိုးလိုက်တဲ့ ပါတီမှတ်ပုံတင်ဥပဒေသစ်ကို ၂၀၁၀ ရွေးကောက်ပွဲ ပျော်ပျော်ပါးပါးဝင်နွှဲခဲ့လို့ ကျပ်သိန်း (၁၀၀၀) မြိုးမြိုးမြတ်မြတ် သဲ့ယူသွားတယ်ဆိုပြီး ဟိုးလေးတကြော် NDF ဦးခင်မောင်ဆွေက

“ဘ၀င်မကျဘူး၊ ထူးထူးခြားခြား ဘာမှ မပြောင်းလဲပါဘူး” တဲ့။

၂၀၀၈ ဖွဲ့ စည်းပုံအောက်က သွားတဲ့ ရွေးကောက်ပွဲမှန်သမျှ စစ်ကျွန်ဘူတာဆိုက်မှာဘဲ ဆိုတဲ့ ရဲရဲတောက် NLD ဦးဝင်းတင်က

“လက်ခံနိုင်တယ်၊ အများကြီးလိုက်လျောခဲ့တယ်” တဲ့။

ကပေါက်တိကပေါက်ချာတွေ...။

ဒီလိုသာ ကြပ်ကြပ်လုပ်... ပါတီနိုင်ငံရေးသမားအားလုံး လူထုချဉ်ဖတ်ဖြစ်တော့မယ်။
တစ်ဆက်တည်း... လူထုနိုင်ငံရေးကို လူထုကြီးက တစ်နေ့ တောင်းဆိုလာလိမ့်မယ်။

PETER URE
mr.peterure@gmail.com

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်