မပူစီက တောင်တွင်းကြီးမြို့ နယ်၊ ချောင်းနက်ရွာဇာတိဖြစ်သည်။ သူ့မိခင် ဒေါ်ကလေးမက မပူစီကို ကိုယ်ဝန်သုံးလဆောင်ထားစဉ်ကပင် သူ့ခင်ပွန်း ဦးကြွက်နီ လယ်တောဆင်းရင်း ပိုးထိ၍ ကွယ်လွန်ခဲ့၏။ မပူစီအထက် မွေးချင်းသုံးယောက်အနက် အကြီးဆုံးအစ်မကြီးက တစ်ရွာသားနှင့် အကြောင်းပါပြီး သျှောင်နောက် ဆံထုံးပါသွားသည့် နောက်ပိုင်း ရွာသို့ တစ်ခါမှပေါ်မလာ တော့။ ကြာတော့ ဘယ်ဆီဘယ် ကမ်း ရောက်နေမှန်းပင် မသိတော့။ အလတ်ယောက်ျားလေးကမူ နယ်စပ်တစ်နေရာတွင် အလုပ်သွားလုပ် မည်ဆိုပြီး အဖော်ကောင်း၍ ပါသွားရာ စုတ်စမြုပ်စပျောက်၍ သတင်းမရပြန်။ မပူစီ ၇ နှစ်သမီးတွင် သူ့မိခင် ဒေါ်ကလေးမကနောက် အိမ်ထောင်ပြုသွားပြီ။ မပူစီကို အဒေါ်ဝမ်းကွဲတစ်ယောက်ထံတွင် အပ်နှံထားခဲ့သည်။ အဒေါ်လုပ်သူကလည်း မပူစီကို ဟိုအိမ်အပ်လိုက် သည်အိမ်အပ်လိုက်နှင့် အိမ်ဖော် လုပ်ခိုင်းရာ ယခု မပူစီ အသက် ၂ဝ ကျော်လာချိန်တွင် မော်လမြိုင်၊ မန္တလေး၊ မြင်းခြံ၊ ပဲခူး၊ ရန်ကုန် စသဖြင့် မြို့ငါးမြို့ အိမ် ၇ အိမ် ပြောင်းပြီး အိမ်ဖော်လုပ်သက်ပင် ၁၃ နှစ်ကျော်ခဲ့ပြီ။ ယခုနောက်ဆုံး နေထိုင်သောအိမ်မှ အိမ်ရှင်က သူ့ အပေါ် ညှာညှာတာတာဆက်ဆံကာ အိမ်ဖော်လို သဘောမထားဘဲ ရပ်ဆွေရပ်မျိုးသားချင်းတစ်ဦးလို သဘောထားခဲ့၍ မပူစီ ကံကောင်းသည်ဟုဆိုရမည်။ ထို့ထက်ပို၍ ကံကောင်းသည်မှာ ထိုအိမ်မှ ယာဉ်မောင်း ဖိုးအေးက သူ့အပေါ် ခုံခုံ မင်မင်ရှိကာ တရားဝင်လက်မှတ်ထိုး လက်ထပ်လိုသည်ဟု အိမ်ရှင်ထံ တောင်းခံခြင်းပင် ဖြစ်၏။ လက်ထပ်ပြီးလျှင် မုံရွေးရှိ ဖိုးအေးမိဘရပ်ဌာနေသို့ပြန်ကာ မိဘ လက်ငုတ်လက်ရင်း လယ်ယာကိုင်းကျွန်း အလုပ်များသာ လုပ်ကိုင်အသက် မွေးကြတော့မည်ဟု ရည်ရွယ်ထားကြသည်။ ကံဆိုးချင်တာကတော့ တရားရုံးတွင် လက်မှတ်ရေးထိုးရန် နိုင်ငံသား စိစစ်ရေးကတ်ပြား မပူစီ ထံတွင် မရှိခြင်းပင်ဖြစ်၏။
မပူစီ ယခင်အိမ်တွေမှာ နေစဉ်ကမူ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ၍ ဧည့်စာရင်းတိုင်ပြီးသာ နေခဲ့ရ၏။ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုရဖို့ ငွေ သောင်းနှင့်ချီကုန်မှ ရသည်ဟု မပူစီ၏ ယခင်အိမ်ရှင်များက ပြောသည်။ ငွေနှစ်သောင်း သုံးသောင်းကို မပူစီလခထဲမှ ဖြတ် လျှင်ဖြတ်လို့ရသော်လည်း ခက်တာက မပူစီမှာ အိမ်ထောင်စု လူဦးရေ စာရင်းကမရှိ။ မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ရသော ရှေ့ပြေးလျှောက်လွှာကပိုဆိုး၏။ မပူစီအဖို့ အဖေ နာမည် ဦးကြွက်နီ ဆိုတာကလွဲလို့ အဘိုးနာမည် အဘွားနာမည်တွေမသိ။ အမေ့ဘက်မှ ဆွေမျိုးသားချင်းတွေဆိုလျှင်လည်း ဘယ်သူဘယ်ဝါတွေမှန်းမသိတော့။ ဆွေမျိုးဟူ၍တစ်ဦးတည်း သူသိသည်။ သူ့အဒေါ် ဝမ်းကွဲပင်လျှင် ဆုံးသွားခဲ့တာ ဆယ်နှစ်ပင်ကျော်ခဲ့ပြီ။ အသက်အတွက် ထောက်ခံချက်ပေးရန် မွေးစာရင်းဆိုတာကလည်း ဝေလာဝေး။ ယခုမပူစီ အသက် ၂ဝ ဆို သည်ပင် မှန်းပြီးပြောခြင်းဖြစ်သည်။ မွေးနှစ်မွေးလ တိတိကျကျ သူမသိ။ မိဘနှစ်ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ်လည်း သူ့မှာ ပြစရာမရှိ။ ထို့ကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဟူသည် မပူစီအတွက် စိတ်ကူးမယဉ်ရဲ၊ အိပ်မက်ထဲတွင်ပင် တစ်ခါမှ မမက်ဝံ့သော သူနှင့်အလှမ်းကွာလွန်းသည့် ကိစ္စတစ်ခု ဖြစ်ခဲ့သည်။
တစ်နေ့ ယာဉ်မောင်း ဖိုးအေး က ဝမ်းသာအားရ လာပြောသည်။
”ငါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ကြော်ငြာတစ်ခု ဖတ်ရတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြား မြန်မြန်လည်းရမယ်။လွယ်လွယ်လည်း ရမယ်တဲ့။ အဲဒါနင်သွားစုံစမ်း ပါလား”
ဖိုးအေးက မပူစီ မှတ်ပုံတင်ရလျှင်သူနှင့် မြန်မြန်ရုံးတက်လက်မှတ်ရေးထိုးရမှာမို့ တက်ကြွနေသလားမသိ။ မပူစီကမူ နိုင်ငံသား စိစစ်ရေးကတ်ပြား၊ လျှောက်ထားရမည့် လုပ်ငန်းအဆင့်ဆင့်ကို တွေးမိပြီး စိစစ်ရေးကတ်ပြား လျှောက်မည့်အစား ကျားမြီးပင်ဆွဲလိုက်ချင်သည်ဟု စိတ်ထဲကတွေးနေသည်။ ဘာပဲဖြစ်ဖြစ် ဖိုးအေး စိတ်ကျေနပ် အောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားတော့ သွားကြည့်မိ၏။
ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာမည့်စနေနေ့မှာ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ တာဝန်ရှိသူများက မြို့နယ်ဆင်းပြီး စီမံချက်တစ်ရပ် အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်တွေလုပ် ပေးမယ်ဟု ပြော၏။စနေနေ့ဆိုတာက သန်ဘက်ခါပဲ။ မပူစီက အိမ်ရှင်မမနှင့်အတူ စနေနေ့တွင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး သို့ သွားသည်။
”ကျွန်မ အဖေအမေမှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိဘူး။ အဘိုးအဘွားတွေလည်း နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိကြဘူး။ ကျွန်မဆွေမျိုးတွေနဲ့လည်း အဆက် အသွယ်ပြတ်နေတာကြာပြီ” ဟု မပူစီက လူဝင်မှုကြီးကြပ်ရေးအရာရှိ တစ်ဦးကို ရှင်းပြသည်။
”ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ နိုင်ငံသားအရည်အချင်း ပြည့်မီသူတွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးတဲ့အခါ အရင်ကထက် ပိုမြန်ဆန်ပြီး ကုန်ကျ စရိတ် သက်သက်သာသာနဲ့ ဆောင် ရွက်ပေးနိုင်မယ့် အစီအမံတွေ လုပ် ပေးနေပါတယ်။ နိုင်ငံသားစိစစ်ေ၇း ကတ်ပြားထုတ်ပေးဖို့ အထောက် အထား အချက်အလက် ၈ ချက် ပြည့်စုံမှရနိုင်ပါတယ်။ အသက် ဆယ်နှစ်ပြည့်လျှောက်ရင်တော့ ကာယကံရှင်နဲ့အတူ မိဘအုပ်ထိန်း သူပါလာရပါမယ်။ ၁၈ နှစ်ပြည့် လျှောက်ထားတယ် ဆိုရင်တော့ ကာယကံရှင်ကိုယ်တိုင် လာရမှာပေါ့။ အဲဒီလိုလာတဲ့အခါ လျှောက်ထားသူရဲ့နာမည်စာရင်းပါတဲ့ အိမ်ထောင်စုဝင် လူဦးရေစာရင်း၊ အိမ်လက်ခံမူရင်းနဲ့ မိတ္တူတစ်စောင်ပါဖို့ လည်း လိုတယ်။ ရှေ့ပြေးလျှောက် လွှာမှာ မျိုးရိုးစဉ်ဆက်ဇယားလည်း ဖြည့်လာရမယ်။ အသက်အတွက် ကတော့ ကျောင်းထောက်ခံချက် ဒါမှမဟုတ် မွေးစာရင်းပါရမှာပါ။ နောက်ပြီး မိဘနှစ်ပါးရဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုး သားမှတ်ပုံတင် သက်သေခံကတ် ပြားလည်း တင်ပြရမယ်။ နောက်သုံးချက်ကတော့ ကာယကံရှင်ရဲ့ သွေးစစ်လက်မှတ်ရယ်၊ ရပ်ကွက်ထဲ မှာနေထိုင်ကြောင်း၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးထောက်ခံချက်ရယ်၊ ဓာတ်ပုံ ၄ ပုံရယ်ပါပဲ”
မပူစီကတော့ လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီး ဌာန အရာရှိ ရှင်းပြနေသည်များကို နားထောင်ရင်း သက်ပြင်းတွေ အခါခါချနေ၏။
”အခုတော့ ဖြေလျော့တဲ့ အပိုင်းတွေ လုပ်ပေးနေပါတယ်။ အရင်ကဆိုရင် တိုင်းရင်းသားမိဘ နှစ်ပါးကမွေးတဲ့ နိုင်ငံသားတွေအတွက် နိုင်ငံသားစိစစ်ရေးကတ် ပြား ထုတ်ပေးဖို့ ခရိုင်ဦးစီးဌာနမှူး လက်မှတ်ထိုးမှရတယ်။ အခုကျ တော့ မြို့နယ်ဦးစီးဌာနမှူးလက်မှတ် ထိုးရင်ပဲ ပြီးသွားပါပြီ”
ဒီလောက် ဖြေလျော့တာ လောက်နှင့်တော့ မပူစီ နိုင်ငံသား စိစစ်ရေးကတ်ပြားရဖို့ မလွယ်သေး။
သူ့မှာ ဤလိုအပ်ချက်မျိုးတွေ ဘယ်လိုမှမရှိနိုင်။ ဒါဆို ဒီတစ်ခါလည်း နိုင်ငံသားမှတ်ပုံတင်ရဖို့ မလွယ်တော့ပြန်ဘူးပေါ့။ မပူစီ၏ မျက်နှာလေး ငယ်သွားပြီး စိတ်ပျက် လက်ပျက်ဖြစ်သွားပုံ အရိပ်အကဲကို လူဝင်မှုကြီးကြပ်ရေးအရာရှိက ဖမ်းမိသွားဟန်တူသည်။
”ညီမလေးက ဒီအချက်တွေ မပြည့်စုံလို့လား”
မပူစီကလည်း သူမွေးသည်မှ စ၍ ဖြတ်သန်းကျင်လည်ရပုံ ဘဝ အဆင့်ဆင့်ကြောင့် ဆွေပျောက် မျိုးပျောက်ဖြစ်နေရပုံတွေကို ပြန် ပြောပြသည်။
”မျိုးရိုးစဉ်ဆက်ဇယားတွေ၊ မွေးစာရင်းမူရင်းတွေကို တချို့ကျေးလက်ဒေသတွေမှာ မှတ်တမ်းမှတ်ရာ ထိန်းသိမ်းနိုင်မှုမရှိတာ ကျွန်တော်တို့လည်း သိပါတယ်။ ဒါ ကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးအဖွဲ့ဆိုတာ ဖွဲ့ထားတယ်။ ၅ ဦးကော်မတီအဖွဲ့လို့ ခေါ်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ မြို့နယ် လူဝင်မှု ကြီးကြပ်ရေး၊ မြို့နယ်စီမံကိန်းဦးစီး ဌာန၊ မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုယ်စားလှယ်တစ်ဦးစီနဲ့ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ ပါတယ်။ အဲဒီအဖွဲ့က စိစစ်ထောက် ခံချက်နဲ့ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးပါတယ်”
မပူစီလည်း အိမ်ရှင်များကို ခွင့် ပန်ကာ တောင်တွင်းကြီးမြို့နယ်၊ ချောင်းနက်ရွာသို့ နှစ်ညအိပ်ခရီး ခေတ!္တပြန်ခဲ့၏။ ချောင်းနက်ရွာက သက်ကြီးဝါကြီးတွေက သူ့မိဘတွေ ကို သိသည်။ သူ့အမေဘက်က အဘိုးကို သိသူ ရွာလူကြီးတစ်ဦးပင် ရှိသည်။ ထိုသူတို့၏ ထောက်ခံမှု၊ ငါးဦးကော်မတီ၏ မှတ်ချက်တို့ဖြင့် မပူစီ ရန်ကုန်ပြန်လာသည်။ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကို တင်ပြသောအခါ အများဆုံး ၂၈ ရက်အတွင်း ထုတ်ပေးမည်ဟု သိရ၏။
”၂၈ ရက်ဆိုတာကလည်း နောက်ကြောင်းပြန်စိစစ်ရမယ့်အချက် တွေ ရှိလို့ အများဆုံးကြာနိုင်မယ့် ရက်ကို ပြောတာပါ။ ဒီ့ထက် စော ချင်လည်း စောပါဦးမယ်” ဟူသော စကားကိုလည်း မပူစီ ကြားရ၏။
နောက်ထပ်နှစ်ပတ်အကြာ တနင်္ဂနွေ ရုံးပိတ်ရက်တစ်ရက်တွင် မပူစီကို လူဝင်မှုကြီးကြပ်ရေး မြို့နယ် ဦးစီးဌာနမှူးရုံးသို့လာရန် အကြောင်းကြားစာ ရောက်လာသည်။ ရုံး ရောက်တော့ တနင်္ဂနွေရုံးပိတ်ရက် ဆိုသော်လည်း ဝန်ထမ်းတွေက ရုံး တက်ပြီး လုပ်စရာရှိတာတွေ လုပ် ပေးနေသည်ကို တွေ့ရ၏။
”ဒေါ်ပူစီ နိုင်ငံသားစိစစ်ရေး ကတ်ပြား၊ လက်မှတ်ထိုး ထုတ်ယူပါ” ဟု ဝန်ထမ်းတစ်ဦးက သူ့ကိုလာပြော၏။ မပူစီက သူ့ကို အထောက်အထားတွေဘာတွေ ဆက်မေးမည်ထင်၍ အိမ်မှဖုတ်ဖက်ခါထလာရာ သူ့အိတ်ကပ်ထဲတွင် ရာတန်တစ်ရွက်နှင့် ဆယ်တန်နှစ်ရွက်ပဲ ပါလာသည်။ ယခု နိုင်ငံ သားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီ ဆိုတော့ ကတ်ပြားဖိုး အိမ်ပြန် ပိုက်ဆံယူရဦးမည်။
”ကတ်ပြားဖိုး ဘယ်လောက် ပေးရမလဲရှင်”
မပူစီ၏ မဝံ့မ၇ဲဖြင့် တုန်တုန် ရင်ရင် မေးလိုက်သံဆုံးလျှင်ဆုံးချင်း သက်ဆိုင်ရာဝန်ထမ်း၏အဖြေကြောင့် မပူစီအိပ်မက်ကမ္ဘာထဲ ချက်ချင်း ရောက်သွားသလား ခံစားလိုက်ရ၏။
”ကိုယ်ရေးမှတ်တမ်းပုံစံဖိုးနဲ့ ကတ်ပြားဖိုး ၆ ကျပ်ပဲ ကျပါတယ် ခင်ဗျာ”
မောင်မောင်ဦး(အလုံ)
Credit : Popular Journal
Myanmar Express
3 comments:
ပြောင်းလဲလာတဲ့ ကောင်းကျိုးတွေကို နားမလည်ပဲ ဖင်ပိတ်ငြင်းနေပြီး ဗျူရိုကရေစီခေတ်ဟောင်းထဲကို ဇွတ်ခေါင်းနှစ်နေကြတဲ့သူတွေကလဲ ရှိသေးတယ်... ဖင်ပွင့်သွားအောင် လုပ်ပေးရမလား... ပြော... ဖင်ပွင့်ရုံမက စအိုတွေပါ ဖူးယောင်သွားစေရမယ်... တုတ်ကြီးတဲ့နော် ! အရှည် ၈ လက်မ... လုံးပတ် ၆ လက်မလောက်ရှိတယ်... ဘာမှတ်နေလဲ... မင်းတို့အမေ မစုဆိုရင် ငါ့ကိုမှ တမ်းတမ်းစွဲဖြစ်နေတာ.. မေးကြည့်လိုက်... ကြားလား... တုတ်ကြီးတဲ့.. ဘာမထီတုတ်ကြီးကွ... ကြောင်တောင်တောင် လာလုပ်မနေနဲ့။
ဘယ်သူ ရရဗျာ မပူစီပဲဖြစ်ဖြစ်၊ မောင်ကြွက်နီပဲဖြစ်ဖြစ်။ ဘင်္ဂါလီတွေ မှတ်ပုံတင်မရဖို့တော့ အရေးကြီးတယ်။ ရပြီးသားတွေကိုလဲ မျိုးရိုးစဉ်ဆက် ပြန်စစ်ဆေးသင့်တယ်။ ပိုက်ဆံပေးလို့ ရထားတာတွေကို ပြန်လည်ရုပ်သိမ်းသင့်တယ်။ အဲဒါတော့ လုပ်ဖြစ်အောင်လုပ်ဖို့အရေးကြီးတယ်ဆိုတာ ပြောပါရစေ။
မြန်မာတိုင်းရင်းသား အစစ်တွေက မှတ်ပုံတင်မရှိကြဘူး။ ပြည်မကြီးက အခုမှဝင်လာတဲ့ တရုတ်တွေနဲ့ ဘင်္ဂါလီတွေကျတော့ ပိုက်ဆံယူပြီး။ မှတ်ပုံတင် ပေးနေတယ်။ ဒါတွေကို သေချာစီစစ်သင့်ပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်