Subscribe to our RSS Feed

ရုရှားမှ မြန်မာကျောင်းသားများ အဆောင်မှာ စည်းမဲ့ကမ်းမဲ့ နေသည် ဆိုသည့် သတင်း မမှန်ဟုဆို

ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ပညာတော်သင် ကျောင်းသားများ စည်းမဲ့၊ ကမ်းမဲ့ စည်းပျက်၊ ကမ်းပျက် နေထိုင်မှုကြောင့် အဆောင်မှ ထွက်ပေးရန် တောင်းဆိုခံရတယ် ဆိုတဲ့ သတင်းဟာ လုံးဝ မဖြစ်နိုင်ကြောင်း ရုရှားနိုင်ငံကို ကိုယ်တိုင်သွားရောက်ကာ ပညာတော်သင်ကျောင်းသားများနေတဲ့ အဆောင်မှာ အချိန်အတော်ကြာ နေခဲ့ဖူးတဲ့ နော်ဝေနိုင်ငံမှ အမည်မဖော်လိုသူ အမျိုးသမီးငယ် တစ်ဦးက ပြောကြားလိုက်ပါတယ်။ သူမဟာ ရုရှားနိုင်ငံကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က သွားရောက်ခဲ့ပြီး ပညာတော်သင်ကျောင်းသားတွေနေတဲ့ အဆောင်က အခန်းမှာပဲ တစ်လနီးပါး နေခဲ့သူဖြစ်ပါတယ်။

"ဒီသတင်းက ထုံးစံအတိုင်း ကောလဟာလဖြစ်ပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်ရုရှားကိုရောက်ဖူးပါတယ်၊ အဲဒီအဆောင်တွေပေါ်မှာနေဖူးပါတယ် မြန်မာကျောင်းသားတွေ အဆောင်မှာ စည်းမဲ့ကမ်းမဲ့ နေကြတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူးရှင်... အားလုံးက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး စည်းကမ်းရှိရှိ ချစ်ချစ်ခင်ခင်နေကြတာ ကျွန်မ မျက်မြင်ပါပဲ.."

လို့ သူမက ပြောပါတယ်။

ရုရှားနိုင်ငံကို ပညာတော်သင် သွားရောက်နေသော မြန်မာကျောင်းသား တစ်ဦးကို မေးကြည့်ချိန်မှာတော့.. ပညာမဲ့ အတိုက်အခံ မီဒီယာတွေရဲ့ ထုံးစံအတိုင်း မနာလိုဝန်တိုမှုတွေကြောင့် သက်သက်အသရေဖျက်ခြင်းသာ ဖြစ်ကြောင်း.. အခုလို ပြောပါတယ်။

"ဒါက ဒီနေ့ ပညာမဲ့အတိုက်အခံတွေ အမြဲလုပ်နေကြ အလုပ်ပါ။ အရင်တုန်းကလည်း ဒီလို အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်တွေ စွပ်စွဲကြဖူးပါတယ်။" လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီ ပညာတော်သင်ကပဲ အရင်တုန်းက တပ်မတော်က နိုင်ငံ့ဦးသျှောင်ဖြစ်နေချိန်မှာ နိုင်ငံရေးမှာလည်းဘာမှမပတ်သက်မှုမရှိပဲ ကိုယ့်ဘာကိုယ်အေးအေးဆေးဆေး ပညာသင်ယူနေတဲ့ ရုရှားက ပညာတော်သင်တွေကို ပုတ်ခက်ရေးသားတာကို နားလည်နိုင်ပေမယ့် အခုအချိန်မှာ တပ်မတော်ကလည်း သူ့လမ်းသူလျှောက်နေချိန်ဖြစ်ပြီး ရုရှားက ပညာတော်သင်တွေကလည်း နိုင်ငံအတွက် အဆင့်မြင့် ပညာတွေကို သင်ယူနေတာကလွဲပြီး ဘယ်ထဲမှ ဝင်မပါတာကြောင့် အခုချိန်ထိ လိုက်ပြီး အသရေဖျက်နေတာကို နားမလည်နိုင်ကြောင်းလည်း ပြောပါတယ်။

အမျိုသမီးဝတ်စုံတွေနဲ့ ဝတ်စားတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်း

"မြန်မာအမျိုးသမီးတွေ အများကြီးရှိတဲ့ နိုင်ငံတွေမှာတောင် အမျိုးသမီးအဝတ်အစား ဝတ်ပြီး ပျော်ပွဲရွှင်ပွဲတွေ လုပ်တာမျိုးတွေ ရှိနေတာပဲ... ရုရှားနိုင်ငံမှာ မြန်မာအမျိုးသမီး ပညာတော်သင်မှ မရှိတာ.. ဒါမျိုးက မထူးဆန်းပါဘူး..." လို့ ပြောပါတယ်။

မြန်မာမိန်းခလေးတွေ အများကြီးရှိနေတဲ့ ထိုင်းနိုင်ငံမှာတောင် ကပွဲမှာ ယောင်္ကျားက မိန်းမအဝတ်အစားဝတ်

အဆောင်စည်းကမ်းဖောက်မှုကြောင့် ရုရှားနဲ့ မြန်မာ ပြဿနာ တက်တာတွေ ရှိဖူးလားလို့ မေးချိန်မှာတော့

"ဟိုးအရင် အပတ်စဉ်တွေတုန်းကတော့ ရှိခဲ့ပါတယ်... မြန်မာတွေကလည်း ရုရှားတွေရဲ့ သဘာဝတွေကို ကောင်းကောင်းနားမလည်သေးချိန်နဲ့ ရုရှားတွေကလည်း မြန်မာတွေရဲ့ ထုံးစံတွေကို နားမလည်ချိန်မှာပေါ့... ဒါပေမယ့် နောက်ပိုင်းတော့ မရှိတော့ပါဘူး.... အခုဆိုရင်တော့ လုံးဝ မရှိသလောက်ပဲ... အခုမှ ရုရှားကို စလွှတ်တာမှ မဟုတ်တာ.. ကြာနေပြီလေ.. သူတို့ပြောသလို အဆောင်ကထွက်ပေးဖို့ တောင်းဆိုခံရမယ်ဆိုရင် ပထမဆုံး အသုတ်ကတည်းက ဖြစ်သင့်တာပေါ့... အခုတော့ ဟာသကြီးဖြစ်နေတယ်..." လို့ ပြောပါတယ်။

သံရုံးကနေ သတိပေးတာတွေ ဘာတွေ ရှိသလားလို့ မေးချိန်မှာတော့

"ဒီနိုင်ငံမှာက စင်္ကာပူတို့၊ မလေးရှားတို့လို တခြားနိုင်ငံတွေနဲ့ မတူဘူးဗျ။ ဒီမှာက ကျွန်တော်တို့ ပညာတော်သင် ကျောင်းသားတွေနဲ့ သံရုံးကလွဲရင် မြန်မာမရှိဘူး... ပြီးတော့ ရောက်လာတဲ့ ကျောင်းသားတွေကလည်း ၃ ၊ ၄ နှစ်နေမှ ပြန်ရတာဆိုတော့ သံရုံးက လူကြီးတွေကပဲ မိဘလို၊ ဆရာလို သွန်သင်စောင့်ရှောက်လာတာဆိုတော့ တွေ့တိုင်း လိမ်လိမ်မာမာနေကြဖို့၊ စာကြိုးစားကြဖို့၊ စည်းကမ်းလိုက်နာကြဖို့၊ မျိုးချစ်စိတ်ရှိကြဖို့ အမြဲပြောတယ်ဗျ... ဒါက ရေးကြီးခွင့်ကျယ် လုပ်ရလောက်အောင်လည်း မဟုတ်ပါဘူး..." လို့ ပြောပါတယ်။ ဒါ့အပြင် သူကပဲ သူတို့အဆောင်မှာ တက်ခဲ့ဖူးတဲ့ ပြဿနာတစ်ခုကို အခုလိုပြောပြပါတယ်။

"တစ်ခါတုန်းကတော့ အဆောင်ဒါရိုက်တာ ရုရှားနဲ့ မြန်မာကျောင်းသားတစ်ချို့ အဆောင်စည်းကမ်းဖောက်ဖျက်လို့ ဆိုပြီး ပြဿနာ တက်ဖူးတယ်ဗျ... အဲဒီ မြန်မာကျောင်းသားဆီကို တခြားနိုင်ငံက မြန်မာမ တစ်ယောက်ရောက်တာတုန်းကပါ... အဲဒီ မိန်းခလေးက အတိုက်အခံထဲကပဲထင်တယ်... သူလာတုန်းက ငပိတွေ ဘာတွေ ယူလာပြီး ချက်စားတော့ ပြဿနာတက်တာပဲ... ဒါမျိုးပြဿနာက တခြားနိုင်ငံက မြန်မာတွေလည်း မကြာခဏ ဖြစ်တတ်တဲ့ ပြဿနာပါ... ရုရှားမှာတော့ ငပိ ကို ဝယ်လို့ မရဘူး.. တခြားနိုင်ငံတွေလို မြန်မာဆိုင်၊ ကုလားဆိုင်လည်း မရှိဘူးဆိုတော... အဆောင်မှာ ပြဿနာ တက်စရာ ခေါင်းစဉ်ကို မရှိဘူးဖြစ်နေတယ်..." လို့ အဲဒီ ပညာတော်သင် ကပဲ ဆက်ပြောပါတယ်။

ရုရှားရောက် ပညာတော်သင် ကျောင်းသားအားလုံးဟာ စည်းကမ်းပြည့်ဝတဲ့ လေ့ကျင့်မှု အောက်ကနေ ကြီးပြင်းလာခဲ့တာကြောင့် စည်းမဲ့ကမ်းမဲ့ဘယ်တော့မှ မနေကြကြောင်းနဲ့ ဒီမိုဝေယံနှင့်
အင်တာနက်ပေါ်မှာ ရုရှားက ပညာတော်သင်တွေကို မနာလိုမရှုစိတ်ဖြစ်နေကြတဲ့ တခြားအတိုက်အခံတွေအနေနဲ့ အနာဂတ်နိုင်ငံတော်အတွက် အရေးပါတဲ့ အဆင့်မြင့်ပညာတွေကို သင်ကြားနေတဲ့ ပညာတော်သင်တွေကို ဝေဖန်ပုတ်ခက်မယ့် အစား ကိုယ်တိုင် အတက်ပညာ တစ်ခုခု စည်းပူးနေသင့်ကြောင်းလည်း မှာကြားသွားပါတယ်။

ပြီခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဒီမိုဝေယံဘလော့မှာ ဦးကျော်ဆန်းနဲ့ ဝန်ကြီး ၅ ဦး ပြုတ်တယ်လို့လည်း မကြာခင်က မဟုတ်မမှန် သတင်းရေးခဲ့တာကြောင့် လူအများက တင်းမာမှုတွေ ရှိခဲ့ပါတယ်။

ဒီလိုမျိုး အရေးပါ မှတ်သားလောက်စရာ တွေတင်သည့် ဒီမိုဝေယံဘလော့



Myanmar Express

11 comments:

လွန်ခဲ့တဲ့ ၂ နှစ်က ရုရှားကိုသွားခဲ့တဲ့ နော်ဝေက ကောင်မ ဆိုတာ မေကိုလတ် ပဲ ဖြစ်မယ်

ငါးချည်ကတော်တော်ကောင်းတယ်နော်

ဝေနှင်းရဲ့ ရိုဟင်ဂျာဆိုက်ဒ်လေး ကို လာလည် ကြပါအုန်းရှင်။
အားလုံးကို ဖိတ်ခေါ်ပါတယ်။

www.waihninpwintthon.blogspot.com

အင်းဒါဆို ဦးမင်းသိန်းက လိမ်တာပေါ့နော်
မဟုတ်ပဲနဲ့ စွပ်စွဲတယ်ဆိုတော့
မောင်မင်းသိန်း လိမ်တာပေါ့
VOAမှာ ဗိုလ်မှုးအောင်လင်းထွတ်က
အမှန်လို့ ပြောသွားတယ်နော်
တို့က ညီးတို့ အခြောက်တွေမှတ်လို့
ဒါဆို ဗလောင်းဗလဲပြောတဲ့ ၇ု၇ှားက မိန်းမ၇ှာတွေပေါ့နော် သံ၇ုံးတဆိပ်အတု လုပ်လို့၇လားဟင် သိချင်လို့ စင်ကာပူမှာ သုံးချင်လို့

ကိုယ်တိုင်ရောက်ခဲ့ဖူးတဲ့လူက မဟုတ်ဘူးပြောနေတာတောင်မှ မရောက်ဖူးတဲ့လူတွေက ပြင်းနေကြတယ် ဒုက္ခ

ကျောင်းသားဆောင်မှာ တစ်လလောက် အမျိုးသမီးတစ်ယောက်ကို ပေးနေတဲ့ အဆောင်ဆိုတော် တော်တော် စည်းကမ်းရှိကြတာပဲ။ LOL...

ကျောင်းသားဆောင်မှာ တစ်လလောက် အမျိုးသမီးတစ်ယောက်ကို ပေးနေတဲ့ အဆောင်ဆိုတော် တော်တော် စည်းကမ်းရှိကြတာပဲ။ LOL...

money make everything!!!!!!!!!!!!!!!!!!!!!!!!

မင်းတို့ကလည်း ပညာမဲ့အတိုက်အခံတွေလို့အပြောခံရတာတောင် နည်းသေးတယ် ဦးနောက်ကိုမရှိကြဘူး ရုရှားနိုင်ငံက အဆာင်ဟ၊ မြန်မာနိုင်ငံကအဆောင်မဟုတ်ဘူး တစ်လမကဘူး တစ်သက်လုံးနေလို့ရတယ်..
ဒါတောင် မစဉ်းစားတတ်ကြဘူးလား
စောက်သုံးကိုမကျဘူး

မှန်တယ် မင်းတို့မှာ သူတပါးမကောင်းကြောင်းပြောဖို့ကလွဲရင် ဘာကိုများအလေးထားစဉ်းစားဖူးလဲ? မင်းတို့ကိုယ်မင်းတို့ပြန်စဉ်းစားကြည့်ပါ ..မင်းတို့ရောက်နေတဲ့အသက်အရွယ်ထိ ဘယ်သူ့အတွက်ဘာများကောင်းကြိုးပြုခဲ့ဘူးလဲ? တခါ လေးမှတွေးဖူးခဲ့ရဲ့လား? သူ့ဘာသာသူပညာသင်နေတာ မင်းတို့နဲ့ဘာဆိုင်လဲ? သိက္ခာကျတယ်ပြောရအောင် မင်းတို့က မြန်မာတွေဟုက်လို့လား? ကိုယ့်ကိုယ်ကိုမြန်မာလို့ယူဆသေးရင်တော့ကိုယ်လုပ်တဲ့လုပ်ရပ်ကိုပြန်စဉ်းစားဖို့လိုပြီ....

ဟိုစောက်တစ်လွဲကောင်က မိန်းမလို မိန်းမရနာမည်တပ်ပြီး ပြောသွားသေးတယ်
စည်းနဲ.ကမ်းနဲ. နေဖို.ပြောတာ ဆန်းသလား
မအေလိုးများ ကိုယ့်ကိုယ်ကို အရင်ပြန်ကြည့်
ပြီးမှ သူများကိုဝေဖန်ဖို.စဉ်းစား
အောက်တန်းစားတွေ ခွေးလောက်တောင်စောက်ဆင့်မရှိဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်