Subscribe to our RSS Feed

၂၀၁၄ တွင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌ ဖြစ်ရေး အာဆီယံနိုင်ငံခြားရေး ၀န်ကြီး အားလုံးက သဘောတူ ထောက်ခံ

၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကိစ္စရပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီး အားလုံးက ကန့်ကွက်မှုမရှိဘဲ သဘောတူ ထောက်ခံခဲ့ကြပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ နူဆာဒူအာကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်းအဝေးတွင် ကန့်ကွက်မှုမရှိပဲ ဤကဲ့သို့ရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။

အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တဲ့အချက်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့အတွက် ကြိုးပမ်းမှုအပေါ် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်း ပစ်ဆူဝမ် က “မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အဆင့်ဆင့် ပြောင်းလဲမှုတွေဟာ အာဆီယံ အဖွဲ့ကြီးရဲ့ တိုက်တွန်းမှုကြောင့် ဖြစ်လာတာလို့ အတိုင်းအတာတစ်ခု အနေနဲ့ အာဆီယံက ပြောနိုင်အားရှိတယ်လို့ ကျနော် ထင်ပါတယ်။ မြန်မာနိုင်ငံအတွက် အာဆီယံက ပံ့ပိုးမှုနဲ့ အားပေးခဲ့သလို တချို့နေရာတွေမှာ ပြောင်းလဲဖို့လိုနေတယ်လို့ ဖိအားတွေလည်း ပေးခဲ့ပါတယ်။ အာဆီယံဟာ မြန်မာအတွက် အရေးပါသလို မြန်မာနိုင်ငံကလည်း အာဆီယံအတွက် သိပ်ကို အရေးပါတာကို မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ သဘာပတိတာဝန်ယူရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကနေ သိနိုင်ပါတယ်။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံ ကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်မယ်လို့ ကတိတွေ ပေးခဲ့တာပါ။ မြန်မာ အာဆီယံအလှည့်ကျ သဘာပတိလုပ်ဖို့အတွက် အာဆီယံအဖွဲ့ဝင်တွေရဲ့အမြင် သဘောထားနဲ့ ဘယ်လို စဉ်းစားကြတယ် ဆိုတာကိုလည်း ကြည့်ရဦးမှာဖြစ်ပြီး အပြောင်းအလဲ ဖြစ်လာတာတွေ အတွက်ကတော့ အာဆီယံအဖွဲ့ကြီးရဲ့ တိုက်တွန်းမှုကြောင့် ဖြစ်လာတာလို့ ပြောနိုင်ပါတယ်။” လို့ ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက် စုံစမ်းလေ့လာခဲ့တဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ကတော့ " မြန်မာကို ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ သဘာပတိရာထူး ပေးလိုက်ရင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဒီထက်ပို တွေ့လာနိုင်တယ် " လို့ ပြောကြားခဲ့ပါတယ်။

မစ္စတာ ဆူရင်းပစ်ဆူဝမ်ကလည်း “ကျနော် မြင်ရသလို သတိထားမိရသလောက်ကတော့ မြန်မာနိုင်ငံတွင်း လက်ဆုပ်လက်ကိုင် ပြနိုင်လောက်တဲ့ ပြောင်းလဲမှုနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုလာနေကြပါပြီ။ နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ အထူးသဖြင့် တကယ့်ကို ထဲထဲဝင်ဝင်စောင့်ကြည့်နေတဲ့ နိုင်ငံကြီးတွေဖြစ်ကြတဲ့ ဂျပန်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဘက်ကလည်း မြန်မာအစိုးရရဲ့ ပြောင်းလဲမှုနဲ့အညီ ပြန်လည် တုံ့ပြန်သွားကြဖို့ ကျနော် မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါက အပါအဝင် ကျွန်တော်ပြောရမှာကတော့ " အများစုသဘောထား အမြင်တွေက ကောင်းတယ် ဆိုတာပါပဲ။ ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အသိအမှတ်ပြုပါတယ်။မြန်မာနိုင်ငံဟာ တစ်ကယ်ကိုပဲ အပြုသဘောဆောင်တဲ့ အခြေအနေတွေကို ဖန်တီးနေပြီးတော့ ဒီအဟန်အဟုန်ကို ဆက်ထိန်းနိုင်မယ်ဆိုရင် ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌနေရာကို ရနိုင်ပါလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင့်လက်ရှင်နာဝပ်ကလည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်စဉ်က ၂၀၁၄ မှာ မြန်မာနိုင်ငံ အာဆီယံဥက္ကဌဖြစ်ရေးအတွက် ခြွင်းချက်မရှိ ထောက်ခံကြောင်းပြောခဲ့ပါတယ်။

နိုဝင်ဘာလ ၁၅ရက်နေ့တွင် ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေကို နံနက် ၉နာရီအချိန်မှ ညနေ ၃နာရီ မိနစ် ၃၀ အချိန်အထိ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အခုသီတင်းပတ်အကုန်ပိုင်းမှာ ၁၈ နိုင်ငံ ခေါင်းဆောင်တွေပါဝင်တဲ့ ထိပ်သီးအစည်းအဝေးကိုလည်း ဆက်လက်ကျင်းပဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံ မှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေးတွေ တွေ့နေကြောင်း အမေရိကန်၊ အီးယူအပါအဝင် အာဆီယံ နဲ့ တကမ္ဘာလုံးမှာရှိတဲ့ အဆင့်မြင့် တာဝန်ထမ်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးက လက်ခံနေကြပေမယ့် ရာထူးမရှိ ပညာနည်းပါးတဲ့ မြန်မာအတိုက်အခံများကတော့ အခုချိန်ထိ အပြောင်းအလဲတွေကို မြင်နိုင်တဲ့ ဥာဏ်ရည်မမှီမှုတွေကြောင့် မပြောင်းလဲသေးဘူးလို့ အော်နေကြတုန်းပဲ ရှိပါသေးတယ်။

4 comments:

Myanmar Express ကိုကြိုက်ရတဲ့ အကြောင်း က မတူညီတဲ့ ရှုထောင့် မတူညီတဲ့ အမြင်တွေ ကို ဒီမိုကရေစီ သဘော နဲ့ ဖေါ်ပြထား လို့ ပဲ။ ဘယ်အရာမဆို ဟိုဘက်၊ ဒီဘက် သူ့ ဘက်၊ ကိုယ့်ဘက် ကြည့်တတ်၊ တွေးတတ်သင့်ပါတယ်။ ဒါမှလည်း ဘက်မလိုက်တဲ့၊ မျှတတဲ့ အမှန်တရားကို တွေးတော နိုင်မှာ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် မြန်မာ Express ကို ဖတ်ခါစက စိတ်အရမ်းဆိုးပါတယ်။ ဒါပေမဲ့ အခု တော့ ဒေါ်စုနဲ့ NLD တို့ ရဲ့ အားနည်းချက်တွေ၊ တိုင်းပြည်အပေါ်လိုအပ်ချက်တွေ ကိုဝေဖန်ထောက်ပြနိုင်လို့ သဘောကျလာတယ်။

Myanmar Express ရဲ့ အမြင် ၅၀% ဟာ အမှားတွေ ဆိုရင် NLD ရဲ့ ဒေါ်စုရဲ့ အားနည်းချက်တွေ ကလည်း ၅၀% ပါ ပါတယ်။

Myanmar Express ရဲ့ သတင်းတွေ အကုန်လုံး မမှန် သလို ဒေါ်စုနဲ့ NLD တို့ ရဲ့ လုပ်ရပ်တွေကလည်း အကုန်လုံးမမှန်ပါဘူး။

မှန်ကန် ကိစ္စတွေမှာဆိုရင် အပြောခံနိုင်ရပါတယ်။ မှားနေတဲ့ကိစ္စတွေမှာဆိုရင်တော့ ထောက်ပြတဲ့လူကို အပြစ်မတင်သင့်ပါဘူး။

ဒေါ်စုနဲ့ NLD တို့ လုပ်ရပ်တွေ အားလုံးဟာမှန်တယ်ပြောလို့  မရသလို ၊ Myanmar Express ရဲ့ ရေးသားချက်တွေ အကုန်လုံးကို လည်း အမှားတွေချည်းပဲလို့ ပြောလို့ မရပါဘူး။

ရိုဟင်ဂျာကိစ္စက သက်သေပါပဲ။ ဒါကြောင့် ဘက်မလိုက် ပဲ အမှန်တရားအတွက် မတူညီတဲ့ ရှုထောင့် အမြင်တွေကို ဒီမိုကရေစီကျကျ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိလို့ Myanmar Express လို မျိုး တင်ပြတဲ့ လူတွေ လိုအပ်ပါတယ်။

ဧရာဝတီ၊ BBC,တို့ ရဲ့ Facebook ၊ Website တွေမှာ လွတ်လပ်စွာ Comment ပေးလို့ မရပါဘူး။ သိပ်ကို အမြင်ကျဉ်းပါတယ်။ ပုတ်ခတ်ဆဲဆို တာတွေမပါပေမဲ့ သူတို့ ရဲ့ အာဘော်နဲ့ မကိုက်ညီတာ တွေ့ တာ နဲ့ ချက်ချင်းဖျက်ပစ် ပါတယ်။ Comment Approve မလုပ်ပါဘူး။ စစ်အစိုးရရဲ့ ကြေးမုံ မြန်မာ့အလင်းတို့ နဲ့ ဘာမှမထူးခြားပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်းဆိုပြီး ရေးထားတဲ့ ဧရာဝတီမှာ ဝေဖန်ပြစ်တင်တဲ့ comment တွေ ၁၀၀ ကျော် ရှိတာ ၆ခုလောက်ပဲဖေါ်ပြထားတယ် ။ comment ၁၀၀လောက်ကို ဖျက်ထားတယ်။ ဒါဟာ ဒီမိုကရေစီမကျပါဘူး။

Myanmar Express မှာ တော့ ကြိုက်တဲ့ Comment ကို ကြိုက်သလို တင်လို့ ရပါတယ်။ ဒါဟာ ဒီမိုကရေစီပါပဲ။ ကျနော် Myanmar Express က စစ်ဗိုလ်တွေ ကို ရစရာမရှိအောင်ဆဲဘူးပါတယ်။
ဒါလည်းသူတို့ ကျနော့် Comment ကို သူတို့ ဖျက်မပစ်ပါဘူး။ ဒါဟာ ဒီမိုကရေစီပါ။ လွတ်လပ်စွာ ပြောဆိုဝေဖန်ပိုင်ခွင့် ကို ကျနော်တို့ အားလုံးမြတ်နိုးပါတယ်။

Myanmar Express ဟာ ဒေါ်စုနဲ့ NLD တို့ ကိုရစရာ မရရှိအောင် ဝေဖန်ခဲ့ သလို စာဖတ်သူတွေ က Myanmar Express ကို နှစ်ပြားမတန်အောင် ဆဲဆိုရေးသားထားတာတွေ ကို လည်း ကျေကျေ နပ်နပ်လက်ခံ ဖေါ်ပြပေးခဲ့ပါတယ်။ ဒီလိုစိတ်ဓာတ်တွေ ဟာ ဒီမိုကရေစီကို ဦးတည်ပါတယ်။ ကျနော်ခုလို ပြောလို့ ခင်ဗျားတို့  ကျနော့်ကို စစ်ခွေးလို့  comment ပေးလည်း ဖေါ်ပြပေးမှာပါပဲ။
ဒါပေမယ့် ရိုဟင်ဂျာကိစ္စ နဲ့  ပက်သက်ပြီး BBC,VOA,DVB, မဇ္ဇိမနဲ့ ဧရာဝတီ ဆိုက်တွေ ကို ရိုဟင်ဂျာဘက်လိုက်တယ် လို့ ခင်ဗျားပြောကြည့်၊ ခင်ဗျားcomment တစ်သက်လုံး တက်မလာတော့ ဘူး။

BBC,VOA,DVB, မဇ္ဇိမနဲ့ ဧရာဝတီ ဆိုက်တွေ စစ်အစိုးရက ရစရာမရှိအောင် ဝေဖန်ခဲ့ပေမဲ့ သူတို့ သတင်းဌာနတွေ မှားလို့ ပရိတ်သတ်တွေ က ၀ိုင်းဆဲရင်တော့ ဆတ်ဆတ်ထိမခံနိုင်ကြပါဘူး။
BBC,VOA,DVB, မဇ္ဇိမနဲ့ ဧရာဝတီ ဆိုက်တွေ ဟာ ဒီမိုကရေစီသတင်း မီဒီယာတွေလို့ ပြောပေမဲ့ အမြင်အရမ်းကျဉ်းပြီး သဘောထားသေးသိမ်ပါတယ်။ ပြည်သူလူထု ရဲ့ဝေဖန်ချက်တွေကိုလည်း သောက်ဖက်မလုပ်ပါဘူး။

တစ်ချို့ ကိစ္စတွေ မှာကျနော်တို့ ပြည်သူတွေ ဟာ Myanmar Express ကဖေါ်ပြပေးလို့ သိရတဲ့ဟာတွေ ရှိပါတယ်။ ရိုဟင်ဂျာ တွေ လူ့ အခွင့်အရေးချိုးဖေါက်ခံရတာတွေကို ဝေေ၀ဆာဆာ ဖေါ်ပြပေးခဲ့ပေမဲ့ ရိုဟင်ဂျာကုလားတွေက ရခိုင်ယောကျာ်းတွေကို လည်လှီးသတ် ပြီး ရခိုင်မလေးတွေကို မုဒိန်းကျင့်တဲ့ သတင်းတွေကို BBC,VOA,DVB, မဇ္ဇိမနဲ့ ဧရာဝတီ ဆိုက်တွေ က သတင်းအမှောင်ချထားပါတယ်။ သူတို့ ပေါ်လစီနဲ့ မကိုက်လို့ မှောင်ချထားခဲ့တဲ့ သတင်းတွေ ပါ။ ဒါတွေဟာ ဒီမိုကရေစီမဟုတ်ဘူး။

ဒါကြောင့် BBC,VOA,DVB, မဇ္ဇိမနဲ့ ဧရာဝတီ ဆိုက်တွေ ကို ဖတ်သလို Myanmar Express ကို လည်းဖတ်ဖြစ်ပါတယ်။ ဒီမိုကရေစီကျကျ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

Myanmar Express ကိုကြိုက်ရတဲ့ အကြောင်း က မတူညီတဲ့ ရှုထောင့် မတူညီတဲ့ အမြင်တွေ ကို ဒီမိုကရေစီ သဘော နဲ့ ဖေါ်ပြထား လို့ ပဲ။ ဘယ်အရာမဆို ဟိုဘက်၊ ဒီဘက် သူ့ ဘက်၊ ကိုယ့်ဘက် ကြည့်တတ်၊ တွေးတတ်သင့်ပါတယ်။ ဒါမှလည်း ဘက်မလိုက်တဲ့၊ မျှတတဲ့ အမှန်တရားကို တွေးတော နိုင်မှာ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် မြန်မာ Express ကို ဖတ်ခါစက စိတ်အရမ်းဆိုးပါတယ်။ ဒါပေမဲ့ အခု တော့ ဒေါ်စုနဲ့ NLD တို့ ရဲ့ အားနည်းချက်တွေ၊ တိုင်းပြည်အပေါ်လိုအပ်ချက်တွေ ကိုဝေဖန်ထောက်ပြနိုင်လို့ သဘောကျလာတယ်။Myanmar Express ရဲ့ အမြင် ၅၀% ဟာ အမှားတွေ ဆိုရင် NLD ရဲ့ ဒေါ်စုရဲ့ အားနည်းချက်တွေ ကလည်း ၅၀% ပါ ပါတယ်။Myanmar Express ရဲ့ သတင်းတွေ အကုန်လုံး မမှန် သလို ဒေါ်စုနဲ့ NLD တို့ ရဲ့ လုပ်ရပ်တွေကလည်း အကုန်လုံးမမှန်ပါဘူး။မှန်ကန် ကိစ္စတွေမှာဆိုရင် အပြောခံနိုင်ရပါတယ်။ မှားနေတဲ့ကိစ္စတွေမှာဆိုရင်တော့ ထောက်ပြတဲ့လူကို အပြစ်မတင်သင့်ပါဘူး။ဒေါ်စုနဲ့ NLD တို့ လုပ်ရပ်တွေ အားလုံးဟာမှန်တယ်ပြောလို့  မရသလို ၊ Myanmar Express ရဲ့ ရေးသားချက်တွေ အကုန်လုံးကို လည်း အမှားတွေချည်းပဲလို့ ပြောလို့ မရပါဘူး။ရိုဟင်ဂျာကိစ္စက သက်သေပါပဲ။ ဒါကြောင့် ဘက်မလိုက် ပဲ အမှန်တရားအတွက် မတူညီတဲ့ ရှုထောင့် အမြင်တွေကို ဒီမိုကရေစီကျကျ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိလို့ Myanmar Express လို မျိုး တင်ပြတဲ့ လူတွေ လိုအပ်ပါတယ်။ဧရာဝတီ၊ BBC,တို့ ရဲ့ Facebook ၊ Website တွေမှာ လွတ်လပ်စွာ Comment ပေးလို့ မရပါဘူး။ သိပ်ကို အမြင်ကျဉ်းပါတယ်။ ပုတ်ခတ်ဆဲဆို တာတွေမပါပေမဲ့ သူတို့ ရဲ့ အာဘော်နဲ့ မကိုက်ညီတာ တွေ့ တာ နဲ့ ချက်ချင်းဖျက်ပစ် ပါတယ်။ Comment Approve မလုပ်ပါဘူး။ စစ်အစိုးရရဲ့ ကြေးမုံ မြန်မာ့အလင်းတို့ နဲ့ ဘာမှမထူးခြားပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်းဆိုပြီး ရေးထားတဲ့ ဧရာဝတီမှာ ဝေဖန်ပြစ်တင်တဲ့ comment တွေ ၁၀၀ ကျော် ရှိတာ ၆ခုလောက်ပဲဖေါ်ပြထားတယ် ။ comment ၁၀၀လောက်ကို ဖျက်ထားတယ်။ ဒါဟာ ဒီမိုကရေစီမကျပါဘူး။Myanmar Express မှာ တော့ ကြိုက်တဲ့ Comment ကို ကြိုက်သလို တင်လို့ ရပါတယ်။ ဒါဟာ ဒီမိုကရေစီပါပဲ။ ကျနော် Myanmar Express က စစ်ဗိုလ်တွေ ကို ရစရာမရှိအောင်ဆဲဘူးပါတယ်။ဒါလည်းသူတို့ ကျနော့် Comment ကို သူတို့ ဖျက်မပစ်ပါဘူး။ ဒါဟာ ဒီမိုကရေစီပါ။ လွတ်လပ်စွာ ပြောဆိုဝေဖန်ပိုင်ခွင့် ကို ကျနော်တို့ အားလုံးမြတ်နိုးပါတယ်။
Myanmar Express ဟာ ဒေါ်စုနဲ့ NLD တို့ ကိုရစရာ မရရှိအောင် ဝေဖန်ခဲ့ သလို စာဖတ်သူတွေ က Myanmar Express ကို နှစ်ပြားမတန်အောင် ဆဲဆိုရေးသားထားတာတွေ ကို လည်း ကျေကျေ နပ်နပ်လက်ခံ ဖေါ်ပြပေးခဲ့ပါတယ်။ ဒီလိုစိတ်ဓာတ်တွေ ဟာ ဒီမိုကရေစီကို ဦးတည်ပါတယ်။ ကျနော်ခုလို ပြောလို့ ခင်ဗျားတို့  ကျနော့်ကို စစ်ခွေးလို့  comment ပေးလည်း ဖေါ်ပြပေးမှာပါပဲ။
ဒါပေမယ့် ရိုဟင်ဂျာကိစ္စ နဲ့  ပက်သက်ပြီး BBC,VOA,DVB, မဇ္ဇိမနဲ့ ဧရာဝတီ ဆိုက်တွေ ကို ရိုဟင်ဂျာဘက်လိုက်တယ် လို့ ခင်ဗျားပြောကြည့်၊ ခင်ဗျားcomment တစ်သက်လုံး တက်မလာတော့ ဘူး။
BBC,VOA,DVB, မဇ္ဇိမနဲ့ ဧရာဝတီ ဆိုက်တွေ စစ်အစိုးရက ရစရာမရှိအောင် ဝေဖန်ခဲ့ပေမဲ့ သူတို့ သတင်းဌာနတွေ မှားလို့ ပရိတ်သတ်တွေ က ၀ိုင်းဆဲရင်တော့ ဆတ်ဆတ်ထိမခံနိုင်ကြပါဘူး။
BBC,VOA,DVB, မဇ္ဇိမနဲ့ ဧရာဝတီ ဆိုက်တွေ ဟာ ဒီမိုကရေစီသတင်း မီဒီယာတွေလို့ ပြောပေမဲ့ အမြင်အရမ်းကျဉ်းပြီး သဘောထားသေးသိမ်ပါတယ်။ ပြည်သူလူထု ရဲ့ဝေဖန်ချက်တွေကိုလည်း သောက်ဖက်မလုပ်ပါဘူး။တစ်ချို့ ကိစ္စတွေ မှာကျနော်တို့ ပြည်သူတွေ ဟာ Myanmar Express ကဖေါ်ပြပေးလို့ သိရတဲ့ဟာတွေ ရှိပါတယ်။ ရိုဟင်ဂျာ တွေ လူ့ အခွင့်အရေးချိုးဖေါက်ခံရတာတွေကို ဝေေ၀ဆာဆာ ဖေါ်ပြပေးခဲ့ပေမဲ့ ရိုဟင်ဂျာကုလားတွေက ရခိုင်ယောကျာ်းတွေကို လည်လှီးသတ် ပြီး ရခိုင်မလေးတွေကို မုဒိန်းကျင့်တဲ့ သတင်းတွေကို BBC,VOA,DVB, မဇ္ဇိမနဲ့ ဧရာဝတီ ဆိုက်တွေ က သတင်းအမှောင်ချထားပါတယ်။ သူတို့ ပေါ်လစီနဲ့ မကိုက်လို့ မှောင်ချထားခဲ့တဲ့ သတင်းတွေ ပါ။ ဒါတွေဟာ ဒီမိုကရေစီမဟုတ်ဘူး။
ဒါကြောင့် BBC,VOA,DVB, မဇ္ဇိမနဲ့ ဧရာဝတီ ဆိုက်တွေ ကို ဖတ်သလို Myanmar Express ကို လည်းဖတ်ဖြစ်ပါတယ်။ ဒီမိုကရေစီကျကျ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

စိတ်လျှော့ စိတ်လျှော့ ညီလေး
မင်းတို့အဲ့လိုအော်ခဲ့တာ ကြာပြီ
ခုခေတ်က မင်းတို့ ကန့်ကွက်တိုင်း ရတဲ့ခေတ်မဟုတ်တော့ဘူး
မယုံရင် ကန့်ကွက်ကြည့်ပါလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်