Subscribe to our RSS Feed

ဆင်မိုက်ကြီးမှာ ဒူးတုတ်ရရှာ

၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်နေ့က ပြည်လုံးကျွတ်ရွေးကောက်ပွဲကြီးကို မြန်မာလူထု တစ်ရပ်လုံးနဲ့ တိုင်းရင်းသားအားလုံးက တခဲနက် ဝင်ရောက်ကာ မဲပေးခဲ့ကြပေမယ့် NLD ပါတီနဲ့ နီးစပ်သူများကတော့ အမြင်မှန်မရသေးပဲ အမှောင်ဖုံးလွှမ်းကာ ရွေးကောက်ပွဲမှာ ဝင်မပါ၊ မဲမပေးပဲနေခဲ့ကြပြီး အလွန်မိုက်မဲနေခဲ့ကြပါတယ်။

အခုဆိုရင်တော့ NLD ရဲ့ အနှစ် ၂၀ ကျော်မိုက်မဲမှုတွေက အဆုံးသပ်ဖို့နီးလာပြီဖြစ်ပါတယ်။ NLD ပြန်လည်မှတ်ပုံတင်မတင် ဆုံးဖြတ်ခါနီးမှာ NLD ကို ကျုံးသွင်းခံလိုက်ရတဲ့ ဆင်ကြီး ဆိုပြီး ဥပမာပေးကြပါတယ်။ ဟုတ်ပါတယ်။ NLD ဟာ ဆင်ကြီး တစ်ကောင်ပါ။ ဒါပေမယ့် ဆင်လိမ္မာကြီးတော့ မဟုတ်ပါဘူး။ ဆင်မိုက်ကြီး တစ်ကောင်ပါ။ ဒါပေမယ့်လည်း ဆင်မိုက်ကြီးလည်း အခုတော့ ဒူးတုတ်ရပါပြီ။

ဆင်မိုက်ကြီးမှာ ဒူးတုတ်ရရှာ

ဒီကနေ့ ၁၈ ရက်နေ့ NLD မှာ နောင်လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သောကြာနေ့တွင် ကျင်းပသော ဗဟိုဦးစီးကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောခဲ့ပါတယ်။ တိုင်းနှင့်ပြည်နယ် ရုံးခွဲများမှ ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦးလုံးက ကန့်ကွက်သူမရှိ ထောက်ခံဆွေးနွေးကြပြီး အသံဖြင့် မဲခွဲဆုံးဖြတ်ခဲ့သည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည်။ အခုချိန်မှာ ကန့်ကွက်သူမရှိ ထောက်ခံကြပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်ကထိတော့ ထောက်ခံသူမရှိ ဆွေးနွေးနေခဲ့ကြပါတယ်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီ မှတ်ပုံတင်မယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်။ အဲဒါကို ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ကြောင်း ကြေညာလိုက်ပါတယ်။” ဟု

မှတ်ပုံတင်စရာအကြောင်းလုံးဝ မရှိဘူး၊ နောင်လာမယ့်ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်စရာအကြောင်း လုံးဝမရှိဘူး လို့ ပြောခဲ့ကြတာ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာလည်း သူတို့ပါပဲ။


NLD အဖွဲ့ချုပ်ရုံးအတွင်း ပျော်ရွှင်စွာ ကခုန်နေသူများ :: ဗဟိုဦးစီး ကော်မတီ အစည်းအဝေးပွဲတွင် ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲ ဝင်ရန် သဘောတူ ဆုံးဖြတ်ခဲ့ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအတွင်း ပျော်ရွှင်စွာ ကခုန်နေသူများကို နိုဝင်ဘာလ ၁၈ ရက် ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်တင် :: ပါတီ မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲ ဝင်ရန် သဘောတူ ဆုံးဖြတ်ခဲ့ပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်တင်ကို နိုဝင်ဘာလ ၁၈ ရက် ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
ရွေးကော်ကို ဆန့်ကျင်ကြလို့ အော်ခဲ့တုန်းကလည်း ဒီလူတွေပဲ


ဒီကနေ့အစည်းအဝေးမှာ ပြည်နယ်/တိုင်း တခုကို နှစ်ဦးကျ ဆွေးနွေးခွင့်ပြုထားပေမယ့် သဘောထားတူထားတာကြောင့် တဦးစီသာ ဆွေးနွေးပြီး အားလုံးက မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ဆွေးနွေးကြပြီး ကန့်ကွက်သူ မရှိဆွေးနွေးခဲ့ကြပါတယ်။ အရင်တုန်းကတော့ သူတို့တွေကပဲ ပြည်နယ်နဲ့ တိုင်းအလိုက် ရွေးကောက်ပွဲ ဆန့်ကျင်ပွဲတွေ လုပ်နေခဲ့ကြတာပါ။

ဒီနေ့ အစည်းအဝေးနောက်ဆုံးမှာ စီအီးစီ (ဗဟိုဦးစီးကော်မတီ) ကနေပြီးတော့ အများသဘောတူ ဒီဆုံးဖြတ်ချက် နှစ်ခုကို ချမှတ်ကြောင်း မူကြမ်း ရေးလိုက်ပါတယ်။ ပြီးတော့ အားလုံးက အသံနဲ့ပဲ သဘောတူကြောင်း ဆုံးဖြတ်လိုက်ကြပါတယ်။ အရင်တုန်းကတော့ "မှတ်ပုံတင်စရာ အကြောင်းမရှိဘူး၊ ရွေးကောက်ပွဲဝင်စရာအကြောင်းမရှိဘူး၊ အခြေခံဥပဒေကို အမှားခြစ်ရမယ်" လို့ အသံနဲ့ပါ ကန့်ကွက်ခဲ့ကြသူတွေက အခု အသံနဲ့ ထောက်ခံသွားကြတာဖြစ်ပါတယ်။

တက်ရောက်ခွင့်ရှိသူ ဗဟိုဦးစီးအဖွဲ့ဝင် ၁၁၆ ဦးမှ ၁၀၆ ဦးသာတက်ရောက်ပြီး ၁၀ ဦး ပျက်ကွက်ခဲ့ကြောင်း သိရပါတယ်။


ကျွန်မ မှားခဲ့ပါတယ်၊ အခုတော့ အမြင်မှန်ရပါပြီ
ရန်ကုန်မြို့​က ပါတီဗဟိုဌာနချုပ်မှာ ပြည်နယ်နဲ့​ တိုင်း​အသီး​သီး​က ဗဟိုဦး​စီး​ အဖွဲ့​ဝင် ၁ဝဝ​ကျော် တက်​ရောက်ပြီး​ တဖွဲ့​ကို ၅မိနစ် စီသာ ​ဆွေး​နွေး​ တင်ပြခွင့်​ပေး​ခဲ့ပါတယ်။ ၅ မိနစ် ကျော် ဆွေးနွေးခွင့် မပေးခဲ့ပါဘူး။ အရင်တုန်းက လွှတ်တော်စတင်စမှာ ၅ မိနစ် စီလောက် စကားပြောခွင့် ရတုန်းကတော့ ၅ မိနစ် လွှတ်တော်လို့ ပြောခဲ့ကြပါတယ်။ ခုလည်း ၅ မိနစ် NLD လို့ ပြောရမလိုဖြစ်နေပါတယ်။ ဒါပေမယ့် ဘယ်သူကမှတော့ မပြောရဲကြ၊ မပြောခဲ့ကြပါဘူး။ လွှတ်တော်က ၅ မိနစ်တင်မကပဲ နှစ်လ လောက် ဆက်တိုက် ကျင်းပချိန်မှာလည်း ပါးစပ်ပိတ်သွားကြရပြန်ပါတယ်။
ပြီးခဲ့တာတွေလည်း ပြီးပါစေတော့၊ ဆရာမှားတော့ ဆောရီး.. တပည့်မှားတော့ ဗြောတီးပေါ့

ဒေါ်အောင်ဆန်းစုကြည်ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ပြန်လည် လျှောက်ထားကာ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အရင်တုန်းကတော့ မဲထည့်စရာ NLD မရှိရင် မဲသွားထည့်ဖို့မလိုကြောင်းတွေ၊ NLD အနေနဲ့ ၉၀ တုန်းက မှတ်ပုံတင်ပြီးသား ဖြစ်လို့ ထပ်ပြီးမှတ်ပုံတင်စရာမလိုကြောင်း၊ ဒါကြောင့် ရွေးကောက်ပွဲလည်း ဝင်ဖို့မလိုကြောင်း ဒီပါးစပ်ကြီးကပဲ မနှစ်က ပြောခဲ့တာ ဖြစ်ပါတယ်။

အထူးကြေညာချက် အမှတ်- ၁/ ၁၁/ ၁၁ ကို ဒီကနေ့ပြုလုပ်သည့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ခဲ့ပါတယ်။
၎င်းကြေညာချက်မှာ NLD အနေနဲ့ တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစဉ်တစိုက်ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း အဖွဲ့ချုပ်၏မူများဖြစ်သော အဃာတကင်းစင်သော အထွေထွေသဟဇာတဖြစ်မှုကို ရှေးရှုရေး၊ ငြိမ်းချမ်းချောမွေ့သောနည်းကို အသုံးချရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း စွဲကိုင်လျက်ရှိကြောင်း အစချီဖော်ပြထားပါတယ်။ အရင်တုန်းကတော့ တိုင်းရင်းသား အားလုံး နဲ့ လူထု တစ်ရပ်လုံးပါဝင်တဲ့ ရွေးကောက်ပွဲကြီးကို အတူဝင်ဖို့ကို အားလုံးနဲ့ဆန့်ကျင်ပြီး ကန့်လန့်တိုက်ခဲ့ပါတယ်။ ၁၉၉၀ ဆိုတာကြီးကို လက်ကိုင်ထားပြီး အဃာတတွေ ရှေ့ထားခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှ “မှန်ကန်တဲ့လမ်းလို့ မြင်တဲ့ လမ်းကိုလျှောက်ဖို့ ပြင်ဆင်ကြပါ။ ကျမတို့ ဒီမှာ ပြောတဲ့အခါမှာ ကိုယ်တဦးတယောက်အတွက် မဟုတ်၊ ကိုယ့်ရဲ့ အုပ်စုလေးအတွက် မဟုတ်၊ ကိုယ့်မြို့နယ်အတွက်မဟုတ် ကိုယ့်တိုင်းအတွက် ကိုယ့်ပြည်နယ်အတွက် မဟုတ်ဘဲနဲ့ ကျမတို့ တနိုင်ငံလုံးအတွက် စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်ချကြပါလို့ ကျမမေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ ဒီလိုပြောနေခြင်းအားဖြင့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ အရင်တုန်းက မှားယွင်းတဲ့လမ်းကို လျှောက်နေကြောင်း ဝန်ခံနေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်ကစပြီး မှန်ကန်တဲ့ လမ်းကို လျှောက်ဖို့ ဒေါ်စုမှ လမ်းကြောင်းပြန်တည့်ပေးနေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရင်တုန်းက မှားယွင်းတဲ့ လမ်းကြောင်းကို လျှောက်အောင် ဆုံးဖြတ်ခဲ့တာလည်း တခြားလူ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ သူကြောင့် လူပေါင်းများစွာ ဆုံးဖြတ်ချက်မှားပြီး လမ်းကြောင်းအမှားပေါ်ကို လျှောက်ခဲ့ရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို နားထောင်ပြီး မှားခဲ့ရတဲ့လူတွေအတွက်တော့ ၎င်းက ဘာမှ ပြန်ပြီး လျော်ပေးဖို့ မပြောခဲ့ကြပါဘူး။ သူမ မှားနေချိန်မှာ လိုက်မှားပြီး သူမ မှန်နေချိန်မှာ လိုက်မှန်ဖို့ပဲ ပြောခဲ့ပါတယ်။

ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ရန်ကုန်၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးချုပ်တွင် မနက် (၁၀)နာရီ က စတင်ခဲ့ပြီး
၁။ အန်အယ်လ်ဒီ ပါတီ မှတ်ပုံတင်သွားမည်
၂။ နောင်လာမည့် ရွေးကောက်ပွဲများတွင် ရွေးကောက်ခံသွားမည်
ဆိုသည့် အချက် ၂ ချက်ကို ၁ နာရီ ၄၀ မိနစ်တွင် ကြေညာသွားခဲ့ပါတယ်။ ကြေညာလိုက်သည့်အခါ ရုံးရှေ့က ပါတီဝင်အချို့က “ဒေါ်စုနောက်ကို လိုက်ကြမယ် ” ဟု ကြွေးကြော်ကြပါတယ်။ အရင်တုန်းက မှတ်ပုံမတင်တုန်းကလည်း ဒေါ်စုနောက်လိုက်နေကြတာပါပဲ။ အခုလည်း နောက်ကလိုက်ပြန်ပါပြီ။ NLD ကလည်း အရင်တုန်းက မဝင်ခဲ့တော့ တခြား စီနီယာ ပါတီတွေ ရဲ့ နောက်ကို လိုက်ရပါအုံးမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အပေါင်းအပါတွေရော၊ NLD ပါတီရောကတော့ နောက်လိုက်ဘဝ က ဘယ်တော့ မှ တက်မှာမဟုတ်ဘူးလို့ NLD ကို အနီးကပ် စောင့် ကြည့်သူ တစ်ဦးက သုံးသပ်ပါတယ်။

ထမင်းစားချိန် ရပ်နားပြီး နေ့လည် တနာရီ အစည်းအဝေး ပြန်စချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် ပါတီရပ်တည်ရေး သည် ပါတီအတွက်သာမကပဲ ပြည်သူတရပ်လုံး အတွက်ပါ အရေးကြီးကြောင်းနှင့် မှတ်ပုံတင်ပြီး လစ်လပ်နေရာ ၄၈ နေရာစလုံး မိမိတို့ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်စေလိုကြောင်း ပြောဆိုခဲ့ပါတယ်။ အရင် တုန်းကတည်းက ဝင်ပြိုင်ခဲ့မယ်ဆိုရင် ၄၈ နေရာထက်မနည်းတဲ့ လွှတ်တော်ထဲက နေရာတွေကို ရနေပြီးသားဖြစ်မှာပါ။ အခုတော့ တစ်နှစ် ကျော် နောက်ကျခဲ့ရပါပြီ။
ယခုအဆိုများနှင့် ပတ်သက်၍ ပါတီတွင်းမှ အချို့ပါတီဝင်များအနေဖြင့် လက်မခံလိုခြင်းကိုလည်း သိရှိရပါကြောင်း ၊ သို့သော် ဒီမိုကရေစီ သဘောအရ အများစုဆန္ဒကိုလိုက်နာကြဖို့နှင့် စွမ်းဆောင်နိုင်သမျှ ဖေးမကူညီသွားစေလိုကြောင်းကို ဆွေးနွေးပြောဆိုသွားခဲ့ပါတယ်။ အရင်တုန်းက မှတ်ပုံတင်လိုသူနဲ့ မတင်လိုသူတွေ နှစ်ခြမ်းကွဲတုန်းကတော့ တင်လိုသူ တစ်ခြမ်းက NLD က ခွဲထွက်သွားပါတယ်။ အခုတော့ ခွဲထွက်သွားတဲ့ ဦးခင်မောင်ဆွေတို့ NDF က ထိုင်ခုံပေါ်မှာ ထိုင်ရင်း ထိုင်ခုံနေရာရဖို့ ကြိုးစားနေတဲ့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒူးနန့်ပြီး ပြုံးကြည့်နေပါတယ်။ ဦးခင်မောင်ဆွေက မျက်ဆိသူငယ်နားသူငယ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ NLD ကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းဖို့ အဆင်သင့် ရှိကြောင်း ပြောဆိုခဲ့ပါတယ်။



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်