Subscribe to our RSS Feed

အာဆီယံ ဥက္ကဌ ရာထူး ရလျှင် ဘယ်လို အကျိုး ရှိမလဲ


၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး မြန်မာနိုင်ငံ ရရှိ လျှင် မြန်မာနိုင်ငံ အတွက် ရရှိမည့် အကျိုး ကျေးဇူးများနှင့် ထိုတာဝန်ကို ထမ်းဆောင်စဉ် ကြုံတွေ့ရနိုင်သော စိန်ခေါ်မှုများကို ပညာရှင် အချို့နှင့် နိုင်ငံ ရေး အထူးစိတ်ပါဝင်စား သူအချို့ကို မေးမြန်း၍စုစည်းဖော်ပြလိုက်ပါသည်။ ထိုရာထူးအတွင် လာမည့် နိုဝင်ဘာလ (၁၇)ရက်မှ (၁၉)ရက်နေ့အထိ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး တွင် ဆုံးဖြတ်မည်ဖြစ်သည်။

ဒေါက်တာ ဇော်ဦး

အာဆီယံဥက္ကဋ္ဌလုပ်ရမယ့် နှစ်က ၂၀၁၄ ဖြစ်တဲ့အ တွက်ကြောင့်မို့ ၂၀၁၄မှာ ဥက္ကဋ္ဌလုပ်ရမယ့်လူက ၂၀၁၅ AEC ဖြစ်နိုင် ရေးအတွက်ကို အစအဆုံးတာဝန်ယူပေး ရမယ့်တာဝန်ရှိလာတာပေါ့။ အဲဒီလိုရှိလာပြီဆိုရင် အပြု သဘောပြောရရင် တစ်ခုခုကို တာဝန်ရှိလာပြီဆိုရင် တာဝန်ကျေကျေလုပ်ပေးရမယ့် အခြေအနေက တွန်းပို့ လိုက်သလို ဖြစ်သွားတာပေါ့။ အဲဒီတော့ ပြင်ပပတ်ဝန်းကျင် နိုင်ငံနဲ့ပေါင်းစည်းနိုင်ရေးကိစ္စ လိုအပ်တဲ့ ပြုပြင်ပြောင်း လဲရေးတွေကိုလုပ်ရင်းနဲ့ ကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်ချက်တွေကိုပါ တစ်ပါတည်း လုပ်နိုင်မယ့် အနေအထားအခွင့်အလမ်း တစ်ခုရလိမ့် မယ်လို့ ထင်ပါတယ်။ အဲဒီအတွက် အခွင့်အလမ်းကိုသာ ကျွန်တော်တို့ ပီပီသသ လုပ်နိုင်မယ် ဆိုရင် ၂၀၁၄ မှာ ဥက္ကဋ္ဌ ဖြစ်ရကြိုး နပ်မယ်လို့ ထင်ပါတယ်။ အဓိက တော့ ကျွန်တော်တို့ ဝန်နဲ့လာမယ့် လှိုင်းနဲ့ ကျွန်တော်တို့ လှေနဲ့ တန်ပါ့မလား။ လှိုင်းလုံးက ကြီးကြီးလှေ က သေးနေရင် လှိုင်းကြီးအောက် လှေမြုပ်သွားနိုင်တယ်။ ကိုယ့်လှေ ကို အရင်ကြီးအောင် လုပ်ထားဖို့လို တယ်။ အထူးသဖြင့် ကျွန်တော်တို့ လှေပေါ်မှာ ပဲ့ကိုင်တဲ့ လူတွေတော်မယ်ဆိုရင် လှိုင်းကြီးလှေကြီးပေ မယ့် အခက်အခဲ မရှိနိုင်ဘူး။ ကျွန် တော် ထပ်တလဲလဲ ပြောနေတာ လူ့ စွမ်းအားအရင်းအမြစ်နဲ့ စွမ်း ဆောင်ရည် အရေးကြီးလို့ ပြောချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

အာဆီယံ ဥက္ကဋ္ဌဖြစ်ခြင်းအား ဖြင့် မြန်မာနိုင်ငံအတွက် ဘာအ ကျိုးရှိနိုင်သလဲဆိုတဲ့ မေးခွန်းက တော့ အန်တီအမြင်ကတော့ မြန် မာနိုင်ငံအတွက် တကယ် အကျိုးရှိ နိုင်တဲ့ကိစ္စက အာဆီယံဥက္ကဋ္ဌဖြစ် ရေး၊ မဖြစ်ရေး မဟုတ်ဘူး။ ပြည် သူတွေက ကျေနပ်ရေး၊ မကျေနပ် ရေးပဲဖြစ်တယ်။ ပြည်သူတွေက ငါတို့ရဲ့ နိုင်ငံဟာ တိုးတက်လာ တယ်။ ငါ့တို့ရဲ့ ဘဝတွေဟာ ကောင်း မွန်လာတယ်ဆိုတာကို ခံစားရပြီ ဆိုရင် ဘယ်ဥက္ကဋ္ဌ ရာထူးနဲ့မှ နှိုင်း လို့မရတဲ့ဆုလာဒ်တစ်ခုပဲလို့ အန်တီကတော့ ဒီလိုပဲ မြင်တယ်။

ဦးမော်သန်း (စီးပွားရေး ပညာရှင်)

အခွင့်အလမ်းအနေနဲ့ ကိုယ့် တိုင်းပြည်နဲ့ အာဆီယံ အဝန်းအ ဝိုင်းရဲ့ တိုးတက်ကြောင်း အတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင် လုပ်ဆောင်နိုင်မှာပေါ့။ အာဆီယံ အင်တီဂရေးရှင်းကလည်း ဥက္ကဋ္ဌ သက်တမ်းဖြစ်တဲ့ ၂၀၁၅ မှာ ရှိတဲ့အတွက် အာဆီယံရဲ့ကျယ်ဝန်းတဲ့ ကိစ္စတွေအတွက် တာဝန်ကျရောက်လာမယ်။ ပိုပြီးတာဝန်ကြီးပါတယ်။

မှူး (နိုင်ငံရေး ဆောင်းပါးရှင်)

အာဆီယံဥက္ကဋ္ဌနေရာ ရယူ ရေးသည် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုင်းအဝိုင်း၌ တန်း တူရည်တူဖြစ်မှု၊ လူရာဝင်မှု၊ Image Promotion နှင့် Nation Branding ပြုလုပ်နိုင်မှုကို ကိုယ် စားပြုဖော်ညွှန်းနေသည်။ အဓိက အချက်မှာ နိုင်ငံတော်နှင့် နိုင်ငံ သားတို့၏ ဂုဏ်သိက္ခာဖြစ်သည်။ မကြာတော့သည့် ကာလအတွင်း Global Power အဆင့် ကူးပြောင်း တက်လှမ်းတော့မည့် အာရှအင် အားကြီးနိုင်ငံ နှစ်နိုင်ငံကြားရှိ The Land in the Clash of Civilization ဖြစ်၍ အခွင့်အ လမ်းရော စိန်ခေါ်မှုများပါ ရော ယှက်ကြုံတွေ့နေရသည်။ မြန်မာ နိုင်ငံအနေဖြင့် အာဆီယံ ဥက္ကဋ္ဌနေရာ ရယူခြင်းသည် မိမိနှင့် ထိုက်တန်သည့် နေရာမှန်ကို ပြန် လည် ရယူ နိုင်ရန် တက်လှမ်းလိုက်သည့် ခြေ လှမ်းဖြစ်သည်။


Credit : 7 Day News Journal

1 comments:

ဘယ်လိုအကျိုးရှိမလဲဆိုတာတော့မသိဘူး။ လောလောဆယ်တော့ မြန်မာပြည်မှာ လခစားလုပ်စားလို့မရတာတော့ သေချာတယ်။ မြန်မာတွေ ပြည်ပမှာ မျက်နှာငယ်နေရဦးမှာတော့ သေချာတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်