Subscribe to our RSS Feed

KIA ရဲ့နောက်ဆုံးပေါ်လူသစ်စုတဲ့နည်းဗျူဟာ

မြစ်ကြီးနား ၊ နိုဝင်ဘာ(၂၉)

မြစ်ကြီးနား၊ဆွမ်ပ၇ာဘွမ်သွားကာလမ်းပေါ်က ဆွတ်ခါးရွာအနီးမှာ ကေအိုင်အေတပ်မဟာ (၁)အင်ဂွန်း လမှကေအိုင်အေတပ်ဖွဲ့တွေဟာ မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်နဲ့ပူတာအိုကို ဆိုင်ကယ်တွေနဲ့ ဒီဇယ်၊ဓာတ် ဆီသယ်ယူပို့ဆောင်သွားလာနေတဲ့ ဆိုင်ကယ်သမားတွေကို နိုဝင်ဘာလ(၂၅)ကနေ(၂၆)ရက်နေ့အထိပိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။


ဒီဇယ်နဲ့ဓာတ်ဆီတစ်ချို့ကိုမီးရှိုဖျက်ဆီးပြီး တစ်ချို့ကိုတော့ ဆွတ်ခါးရွာကဘုရာကျောင်းမှာထားခဲ့ပါ တယ်။ လူတွေကိုတော့ ကေအိုင်အေစစ်သားလုပ်ခိုင်းဖို့ တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်တာဖြစ်တယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ဆိုင်ကယ်ကယ်ရီသမား ကိုအဆူးနော်ကပြောပါတယ်။
အခုနောက်ပိုင်း အစိုးရတပ်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာKIA အဖွဲ့ထိခိုက်ကျဆုံးမှုတွေများနေပြီး စခန်းတွေ လည်းတစ်ခုပြီးတစ်ခုလက်လွှတ်နေရပါတယ်။ ရှေတန်းကေအိုင်အေစခန်းတွေကို အင်အားထပ်ဖြေ့ဖို့အတွက် လိုင်ဇာမှာရှိတဲ့ဒုက္ခသည်စခန်းကယောင်္ကျားမှန်သမျှကို ရှေတန်းကိုပို့ဆောင်ပြီး စစ်မှုထမ်းခိုင်နေတာဖြစ်ပါ တယ်။


ဒုက္ခသည်စခန်းမှာရှိတဲ့ အမျိုးသမီးတွေကလည်းသူတို့ရဲ့ယောင်္ကျားတွေကို ရှေတန်းကနေအမြန်ဆုံး ပြန်ခေါ်ပေးဖို့ဆန္ဒပြ တောင်းဆိုမှုတွေပြုလုပ်နေကြတာကို ကေအိုင်အေခေါင်းဆောင်ပိုင်းတွေက လျစ်လျူရှူ ထားပြီး ဘာမှတုန့်ပြန်လုပ်ဆောင်ပေးတာမရှိတဲ့အပြင် ဒုက္ခသည်စခန်းကအမျိုးသမီးတွေနဲ့ လိုင်ဇာနောက်တန်း မှာ ကျန်ခဲ့တဲ့နောက်တန်းကျန် KIA စစ်သည်များရဲ့လူမှုေ၇းဖောက်ပြန်မှုတွေကိုလဲ တာဆီးတာမျိုးတွေမရှိဘူးလို့ လိုင်ဇာဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
အခုလိုမျိုးကေအိုင်အေတပ်ဖွဲ့ရဲမရမက ရတဲ့နည်းလမ်းနဲ့လူသစ်စုဆောင်းနေတဲ့ လုပ်ရပ်တွေကြောင့်က ချင်ပြည်သူတွေအနေနဲ့ ဘာလုပ်ကိုင်စားသောက်ရမှန်းမသိအောင် မသွားရဲ့မလာရဲဖြစ်နေရတဲ့အပြင် ပိုပိုပြီးဆိုး လာတဲ့ KIA ရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် အတော်လေးဆိုးရိမ်ကြောက်လန့်နေကြတယ်လို့သိရပါတယ်။

http://kachindailynews.blogspot.com/2011/11/kia_29.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

1 comments:

လူမရှိရင် စစ်မတိုက်နဲ့လို့ အဲဒီတတောင်းစား KIA တွေကိုပြောလိုက်စမ်းကွာ. မအေလိုးတွေ တိုင်းပြည်ကိုဖျက်နေတာ....
ဘာသာကမတူ လူမျိုးကခြား တနိုင်ငံတည်းသားမို့
သည်းခံနေတာကို လာရင့်တာ ... မိရင် တခါတည်း သင်းကွပ်ပြစ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်