Subscribe to our RSS Feed

၂၆ ကြိမ်မြောက် SEA Games နှင့် အတိုက်အခံ ငရဲကောင်များ




တိုင်းပြည်ကိုချစ်တယ် လူမျိုးကိုချစ်တယ် ဆိုလျင် တိုင်းပြည်နဲ့လူမျိုးမကောင်းဘူးဆိုတာကို ပြောလျင်တောင်မှ ကောင်းစေချင်တဲ့ ဂရုဏာဒေါသနှင့် ပြောတာပါပဲ။မြန်မာတွေ အားကစားမှာ နိမ့်ကျလာတာတွေ ရွှေတံဆိပ်ရတာနည်းလို့ ညံ့ပါတယ်ဆိုတဲ့ အပြစ်တင်ဝေဖန် စကား တွေ ကြားနေရတာကျနော်တို့ နားထဲတော့ရိုးအီနေပေမယ့် အားကစားဝန်ကြီးဌါနက တာဝန်ရှိသူတွေအတွက်၊နိုင်ငံတော်ကတာဝန်ရှိသူတွေအတွက်တော့ ဒီလိုစကားမျိုးကြားရတိုင်း မြန်မာအားကစားကိုတိုးတက်အောင် လုပ်၇မယ် အောင်မြင်အောင်လုပ်ရမယ် ဆိုတဲ့ အသိစိတ်နဲ့ ပို၍ပို၍ အမြဲ ကြိုးပမ်းနေကြတာ ပါပဲ အားကစားတာဝန်ရှိသူတွေ ကိုယ်တိုင်၊ ၀င်ရောက်ယှဉ်ပြိုင်သူ တွေ လည်း သူတို့ အစွမ်းအစ ရှိသလောက်ကြိုးပမ်းယှဉ်ပြိုင်ခဲ့ကြသူတွေပါ ။ယှဉ်ပြိုင်မှု့ တစ်ခုတွင်အရှုံးအနိုင်ရှိသလို မည်သူကမျှ အရှုံးကိုတော့ မပိုင်ဆိုင်ချင်ကြပါဘူး ။မစွမ်းသာလို့ သာ ဆုမရရှုံးနိမ့်ခဲ့ကြပေမယ့်သူတို့ ခွန်အားရှိသလောက် နဲ့ ကြိုးပမ်းယှဉ်ပြိုင်ကာ နိုင်ငံတော်ဂုဏ်ကိုဆောင်ချင်ကြသူတွေချည်းပါ ။ သို့ပေမယ့် ယှဉ်ပြိုင်သူ တာဝန်ရှိလုပ်ဆောင်နေသူတွေကိုသူတို့ နဲ့ ထိုက်တန်သည့်အပြစ်မျိုးဖြင့်သာ နှိမ့်ချ၍ပြောဆိုဝေဖန်သင့်ပါတယ်။ ပရိတ်သတ်ဟာ ပရိတ်သတ်တစ်ယောက်၇ဲ့ ပြစ်တင်မှု့မျိုး၊ ဝေဖန်သူဟာ ဝေဖန်သူတစ်ယောက်ရဲ့ ပြောဆိုမှု့ မျိုးလောက်သာ ပြောသင့်ပါတယ်။ယခုနှစ် ၂၆ ကြိမ်မြောက် အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ ဆီးဂိမ်းမှာ မြန်မာအသင်းအတွက်ဆုတံဆိပ်ချိတ်နိုင်မှု့ ဟာနည်းပါးသလို့ အဆင့်ဟာလည်း ယနေ့ တွင် ရွှေတံဆိပ် (၁၁) ခု၊ ငွေ (၂၃)ခု ၊ကြေး (၂၇)ခု ဖြင့်အဆင့် (၇) နေရာမှာ၇ပ်တည်နေပါတယ် ။ ဒီအဆင့်ဟာ ကောင်းမွန်ကျေနပ်မှု့ မရှိနိုင်ပေမယ့် ညံ့ဖျင်းလွန်းတယ်လို့ လည်းမဆိုနိုင်ပါဘူး။



၁၉၊၁၁၊၂၀၁၁ ရက်နေ့ မလေးရှားနှင့်ယှဉ်ပြိုင်ခဲ့ ရသည့်မြန်မာဘောလုံးအသင်း ၁-၀ ဖြင့်ရှုံးနိမ်ခဲ့ ရပေမယ့် မြန်မာဘောလုံးအသင်းဟာ ညံ့လို့ ၇ှုံးခဲ့ ရတယ်လို့ မဆိုနိုင်ပါဘူး သူတပြန်ကိုယ်တပြန် ယှဉ်ပြိုင်နိုင်ခဲ့ သလို စွမ်းရည်ခြင်းဟာလည်း မတိမ်းမယိမ်းးပါ။မြန်မာတွေ ထိုက်သင့်သလောက် ပျော်၇ွှင်ခဲ့ရသလို ရင်ခုန်ခဲ့ ကြရတယ် ဆီးဂိမ်းဆိုတာ သိကြတယ်၊ဆီးဂိမ်းမှာ အားကစားမျိုးစုံယှဉ်ပြိုင်ရတာသိကြတယ။် သို့ ပေမယ့်ပရိတ်သတ်များသောအားဖြင့်စိတ်ဝင်တစားအားပေး ကြတာ ဘောလုံး အားကစားကိုပါ ဘောလုံးအားကစားမှာ ပထမဆုရလျင် ပဲ ဆီးဂိမ်းတစ်ခုလုံး မှာ ပထမ ဆုရသလို ဘောလုံးမှာ ရှုံးနိမ့်လျင်ပဲ ဆီးဂိမ်းမှာရှုံးနိမ့်သွားသလို ထိတောင် ခံစားအားပေးကြတာပါ။မြန်မာတွေ ပထမဆုနဲ့ ဝေးခဲ့ ရပေမယ့် ဆုတံဆိပ်တစ်ခုတော့ ဆွတ်ခူးဖို့ ကြိုးပမ်းနိုင်ပါသေးတယ်။ပထမနဲ့ ဝေးနေလို့ ပြစ်တင်ဝေဖန်နေမယ့်အစား အရင်နှစ်တွေထက် တိုးတက်မှု့ ရှိလို့ ကစားပုံကစားနည်းဟာ စည်းကမ်းရှိရှိနဲ့ ပြိုင်ဘက်ရဲ့အထင်သေးမှု့ ကို ကာကွယ်နိုင်ငံ လို့ ဖြေသိမ့် နိုင်ပါသေးတယ် ရယူနိုင်သေးသော ကျန်ရှိသေးသည့် ဆုတံဆိပ်တစ်ခုအတွက်အားပေးကြဖို့ ပါ။


သို့ သော်..........
အတိုက်အခံတို့ များဝေဖန်စရာမရှိလျင်ရှာကြံနေကြသလို ပြစ်တင်စ၇ာမရှိလျင် အိမ်သာထဲ အပေါ့သွားတာတောင် လိုက်ချောင်းပြီးအပြစ်တင်ချင်ကြသူတွေပါ မြန်မာတွေ ဆုမရတာ နိုင်ငံတော်အစိုးရ မကောင်းလို့ ၊ မြန်မာတွေ ရှုံးနိမ့် ရတာ ကြိုးပမ်းအားထုပ်မှု့ မရှိလို့ ဟု အမျိုးမျိုးဝေဖန်ပြစ်တင်ပြောဆိုနေကြပါတယ် ကိုယ့်မြန်မာလူမျိုးယှဉ်ပြိုင်မယ့်အားကစားပွဲမှာမယှဉ်ပြိုင်ခင်ကတည်းက မြန်မာအသင်းညံ့လို့ မလေးရှားနဲ့ ယှဉ်ပြိုင်ဖို့ကံတရားတခုသာမိမိဘက်မှာရှိပါတယ် ဟု ဧရာဝတီသတင်း မှ ၁၈ ရက်နေ့ မှာ ပြစ်တင်နှိမ့်ချခဲ့ပါတယ် မြန်မာတွေ မလေးရှားနဲ့ ပွဲစဉ်မှာ ညံ့ဖျင်းလွန်းခဲ့ ပါသလား အုပ်စုပွဲစဉ်တွေမှာ ရော ကံတရားကြောင့် အောင်မြင်ခဲ့ တာလား အမှန်တကယ် ကောင်း၍ပဲ အုပ်စုက တက်လာနိုင်သလားဆိုတာ ဘေားလုံးဝါသနာရှင်တိုင်းအားပေးခဲ့ သူတိုင်းသိနိုင်ပါတယ် ။သို့ သော် မြန်မာ ဆိုလျင် ညံ့တယ် ဆိုးတယ်လို့ ပြောတာ မြန်မာလူမျိုးအတိုက်အခံတွေပါပဲ မြန်မာပြည်ဟာမကောင်းဘူး တိုးတက်မှု့ မရှိဘူး ဟု မျက်နှာ လွှဲခဲပစ်ပြောတာ အတိုက်အခံတွေပါပဲ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို ကောင်းစေချင်တဲ့ ဂရုဏာဒေါသနဲ့ ပြစ်တင်ပြောဆိုခြင်းမဟုတ်ပဲ ကိုယ့်လူမျိုးကို အထင်မကြီး နှိမ့်ချပြောဆိုချင်နေတာ အတိုက်အခံတွေပါ ။ဒေါ်လာသာ အမိ ဒေါ်လာသာ အဖ ဆိုတဲ့ အတိုက်အခံတို့ အတွက်မြန်မာကိုချစ်လား၊မြန်မာ့အားကစား ကိုအားပေးသလားဟုစမ်းစစ်ကြည့်လိုက်ရာတွင် မြန်မာ့ဘောလုံးပွဲလာနေချိန် လျစ်လျူရှု့ ကာ မကြည့်ချင်ဘူး ဟုပြောဆို၍ English Premier League ပွဲစဉ်တိုင်းတော့ အပတ်စဉ်မပြတ် မလွတ်တမ်းကြည့်တတ်သူတွေဖြစ်နေပါတယ် ။အတိုက်အခံတို့ ရဲ့  မြန်မာပြည်ကို မကောင်းပြောကာ ဒေါ်လာ တောင်းစားနေမှု့ များ မည့်သည့်အချိန် တွင် အဆုံးသတ်မည်လဲတော့ မသိနိုင်သေးပါ။ စက်ဆုပ်ရွံ့ ရှာဖွယ်ကောင်းလောက်အောင် စိတ်ဓါတ်အောက်တမ်းကျကာ မိမိလူမျိုးမကောင်းပြောမှ မိမိနိုင်ငံကို အပြစ်တင်ဝေဖန်မှ စားရမည့်ထမင်းကို မြိန်ရေယှက်ေ၇စားသောက်နေကြသည့်အတိုက်အခံများကိုတော့ မြန်မာပြည်ရဲ့ ငရဲကောင်များဟု သဘာဝကပြောလိုက်ချင်တယ်ဗျာ။

( ဝင်ပြိုင်တဲ့လူတွေအကုန်လုံးက ဘေးက ပြောနေတဲ့လူတွေ အကုန်လုံးထက် တော်တဲ့လူတွေချည်းပဲ။ သူများကို အပစ်မပြောနဲ့ ကိုယ်တိုင် ဝင်ပြီး အရွေးခံကြည့်ပါလား၊ အရံခုံတောင် ထိုင်ရမှာမဟုတ်ဘူး.....။ ကိုယ်တိုင် တော့ ဘာမှအဖြစ်ရှိအောင်မလုပ်နိုင်ပဲ နှဖူးကချွေး ခြေမ ကျအောင် အတင်းရုန်းပြီး ကစားရတဲ့လူတွေကို ထိုင်နေတဲ့လူတွေက အရှက်မရှိ ပြစ်တင်ကြတယ်။ မင်းတို့အစား ငါရှက်တယ်။ လှေပြိုင်ပွဲရွှေတံဆိပ်ရတဲ့လူတွေရဲ့ ချီးကို ကျွေးပြီး မြှားပစ် ရွှေတံဆိပ်ရထားတဲ့ ကောင်မတွေက မြှားနဲ့ ပစ်သတ်ရမယ် ။ ။ MEG မှ နဲနဲဝင်ရှည်လိုက်သည် )

http://tabarwamyay.blogspot.com/2011/11/sea-games.html မှ ကူးယူဖော်ပြပါကြောင်း

3 comments:

အတိုက်အခံဆိုမှတော့ ကိုက်တဲ့နေရာမှာရော ခံတဲ့နေရာမှာပါ ဆရာ့ ဆရာကြီးတွေပေါ့ဗျာ..

ရွှေတံဆိပ်ရတဲ့ကောင်မတွေတဲ့ တော်တော်တန်ဖိုးထားတတ်ပုံ

ကောင်မလို့ခေါ်တာ တန်ဖိုးမထားတာမဟုတ်ပါဘူး
ကျောင်းမှာဆိုရင် အိရဲ့အရင်းနီးဆုံးသူငယ်ချင်းတွေအားလုံးကကောင်မလို့ပဲခေါ်ကြတာပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်