Subscribe to our RSS Feed

အစိုးရနှင့် UNFC နောက်လ ဆွေးနွေးမည်

From : ..YMG
 
မြန်မာ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် UNFC တို့၏ ဆွေးနွေးပွဲကို စက်တင်ဘာလဆန်းတွင် ထိုင်း နိုင်ငံ ချင်းမိုင်မြို့၌ပြုလုပ်ရန်သ ဘောတူခဲ့ကြောင်း မြန်မာငြိမ်း ချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့် က ပြောသည်။
နှစ်ဖက်နည်းပညာအ ထောက်အကူပြုအဖွဲ့များ ဩဂုတ် ၂ရ ရက်တွင် ချင်းမိုင်၌တွေ့ဆုံ ညှိနှိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
''ဒီဘက်ကတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ဒုဥက္ကဋ္ဌ ဦး အောင်မင်းတို့လာပြီး ဆွေးနွေး မှာဖြစ်ပါတယ်''ဟု ဦးညိုအုန်းမြင့် ကဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲလုပ် ရန် အချိန်၊ နေရာသတ်မှတ်ခြင်း၊ UNFC ကျင်းပခဲ့သည့် တိုင်း ရင်းသားလူမျိုးများ ကွန်ဖရင့်မှ ထုတ်ပြန်ချက်ပါ အချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် အလုံး စုံ အပစ်အခတ်ရပ်စဲရေး(Nationwide Ceasefire) နှင့်ပတ်သက် UNFC ၏ အမြင်သဘောထား များကို ဆွေးနွေးခဲ့သည်ဟု ညီ ညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီမှ ဒေါက် တာခင်မောင်က ပြောဆိုသည်။ UNFC မှ ချမှတ်ထားသည့် ဖက် ဒရယ် အခြေခံဥပဒေရေးဆွဲရေး ကို ငြိမ်းချမ်းရေးအထောက်အ ကူပြုအဖွဲ့က ရှင်းလင်းမေးမြန်းခဲ့ ပြီး UNFC အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို ဖွဲ့စည်းမည်ဆို သည့် ရည်မှန်းချက်အရ အစဉ်အ ဆက်ဆွေးနွေးလာသည့် ဖက်ဒ ရယ်မူကိုအခြေခံကာ လက်ကိုင် ပြုထားမည့် ဖက်ဒရယ်အခြေခံဥ ပဒေတစ်ခု ရေးဆွဲမည်ဖြစ်ကြောင်း ဒေါက်တာခင်မောင်က ဆိုသည်။
လက်ရှိ ၂၀၀၈ အခြေခံဥပ ဒေမှာ ဖက်ဒရယ်မူ၊ လူ့အခွင့်အ ရေးနှင့် တိုင်းရင်းသားများ၏ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်အပေါ် အခြေမခံ သည့်အတွက့် UNFC မှ လက်မ ခံခြင်းဖြစ်ပြီး ပြောင်းလွယ် ပြင် လွယ်မည့် ယင်းဖက်ဒရယ်မူကို လက်ကိုင်ပြုကာ ပြည်ထောင်စု သဘောတူညီချက်၊ အမျိုးသား သဘောတူညီချက် တစ်ခုရလာ ပါက ပြည်ထောင်စုဖွဲ့စည်းပုံတစ် ခု ဖွဲ့စည်းရမည်သာဖြစ်သည်ဟု ၎င်းက ဆိုသည်။
''ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့တော့မယ်ဆိုရင် ဖက်ဒရယ်ပြည် ထောင်စုတပ်ရမှာပဲ။ တပ်ဖွဲ့ရင် ဘယ်လိုမူ၊ ဘယ်လိုစည်းကမ်းချ မှတ်ရမယ်ဆိုတဲ့မူ ချမှတ်တာပါ။ အနာဂတ် ပြည်ထောင်စုအတွက် လမ်းစဉ် ချမှတ်တဲ့သဘောပါ''ဟု ဒေါက်တာခင်မောင်က တွေ့ ဆုံပွဲတွင် ရှင်းလင်းပြောဆိုခဲ့သည် ဟုဆိုသည်။ UNFC မှ ချမှတ် ထားသည့် တိုင်းရင်းသားလူမျိုး များ၏ ငြိမ်းချမ်းရေးဆိုင်ရာလုပ် ငန်းစဉ်ခြောက်ချက်အရ ဖက်ဒ ရယ် အခြေခံဥပဒေကို နိုဝင်ဘာ လကုန် အပြီးရေးဆွဲကာ လူထုအ စည်းအဝေးကျင်းပကာ သဘော တူညီချက်များ ရယူသွားမည်ဟု ဆိုသည်။ တစ်ပြည်လုံးအပစ်အ ခတ်ရပ်စဲရေးရယူကာ ငြိမ်းချမ်း ရေးဖော်ဆောင်ရေး ဒုတိယအဆင့် ဖြစ်သည့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးကို ဆက်လက်လုပ် ဆောင်သွားရန်ရှိသည်ဟု ဦးညို အုန်းမြင့်ကပြောဆိုပြီး ယင်းဆွေး နွေးပွဲသည် တိုင်းရင်းသားပါတီ များနှင့် အပစ်အခတ်ရပ်စဲထား သည့်အဖွဲ့များက ပြုလုပ်မည့်ညီ လာခံနှင့်မတူညီဟု ၎င်းကဆိုသည်။

 .. www.MyanmarExpress.net
 
5 comments:

အစိုးရအတွက်အခက်ခဲဆုံးအလုပ်ပါအားလုံးကူညီမှ
အောင်မြင်မှာပါဒါမှအားလုံးကောင်းမှာဖြစ်ပါတယ်
ဦးအောင်မင်းတစ်ယောက်တည်းနဲ့တော့ဘယ်လွယ်ပါ့
မလဲဒီကြားထဲနှောက်ယှက်ချင်တဲ့သူတွေလဲရှိသေးတယ်
စကားပြောမှားရင်ပြောင်ကြသေးတယ်ဒီအလုပ်ကတစ်
ကယ်လုပ်ကြည့်မှမလွယ်တာသိတဲ့သဘောပါ

ငြိမ်းချမ်းရေး ရဖို့ အရေးကြီးပါသည် ...သို့ပေမယ့် . ငြိမ်းချမ်းရေး ဆိုမှပြီး တိုင်းရင်းသားအဖွဲ့တွေ အခုအချိန်ထိ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်နေတာတွေကိုတော့ . မျက်စိပိတ်၊ နားပိတ်ပြီး မပြုပြင်ပဲ ဆက်လုပ် နေသမျှတော့ တိုင်းရင်းသားဒေသတွေ ဘ၀ မထူးခြားပဲ နိုင်ငံတော်အတွက် အန္တရာယ်ပေးမယ့်သူ များသာ ပိုမိုကြီးမား လာပါလိမ့်မယ်.. အဓိက ရှိပြီးသား ဥပဒေအတိုင်း သမ္မတ ကအစ အစွန်အဖျား တိုင်းရင်းသား နယ်က ကလေးကအဆုံး လိုက်နာမှသာ . အမှန်တစ်ကယ် ငြိမ်းချမ်းနိုင်မှာ ပါ..

This peace process will failed, because the armed insurgents do not care and respect the people's desire and will at all.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်