Subscribe to our RSS Feed

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းသည့် ဥပဒေ ပြန်ဆွေးနွေးရန် ကော်မရှင် တောင်းဆို

From : .. the voice



ပြည်သူ့လွှတ်တော်က ဆက်ဆွေးနွေးရန် ဆိုင်းငံ့ထားသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေကို ဆက်လက် ဆွေးနွေးပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ စာပို့ တောင်းဆိုထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံသားတိုင်းသည် မိမိတို့ မဲဆန္ဒနယ်အတွက် လွှတ်တော် ကိုယ်စားလှယ် ကို ရွေးကောက် တင်မြှောက်ခွင့် ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၉ အရ ပြန်လည် ရုပ်သိမ်းပိုင်ခွင့်လည်း ရှိသည့်အတွက် အဆိုပါ ဥပဒေ ကို ပြန်လည် ဆွေးနွေးရန် တိုက်တွန်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပေးပို့ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းကို သြဂုတ်လ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် တွင် ဆွေးနွေးရာ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ က ဆွေးနွေးခြင်းကို ရွေ့ဆိုင်းရန် တင်ပြချက်ကြောင့် ဆိုင်းငံ့ ထားခြင်း ဖြစ် သည်။

အဆိုပါဥပဒေကို အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက် ဆွေးနွေး အတည်ပြု သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက တင်ပြ ဆွေးနွေးခဲ့သည်။

ယင်း ဥပဒေနှင့် ပတ်သက်၍ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အချို့ လွှတ်တော်တွင်း အချေအတင် ဆွေးနွေးခဲ့ကြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်လည်း ထည့်သွင်း ထားသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ဆိုသည်။
.
. www.MyanmarExpress.net
 

7 comments:

ဖြစ် သ င့် ပါ တယ်။ အ ဓိ က. က တော့ နိ င် ငံ သား မ ဟု တ် တဲ့ တ ရု ပ်က လား ဘယ် ကော င် မှ လွ တ် တော် ထဲ မ ထား တာ ကော င်း ပါ တယ် ။ သ င်း တို့ က မြန် ပြ ည် တ. မျိး သား လုံး အ ကျိး စီး ပွား ကို ကြ ည့် မှာ မ ဟု တ် ဘူး နော် ။ က လား က မွ တ် ပြည် လု ပ် မယ် ။ တ ရု တ် က.ို ကျိး ပဲ ကြ ည့် မယ် ။ သ စ္စာ ရှိ မှာ မ ဟု တ် ဘူး ။

ဒီဥပဒေကိုအမြန်ဆုံးဆောင်ရွက်သင့်ပါတယ်
ပြည်သူကရွေးကောက်တင်မြောက်တာပြည်သူ့ အကျိုးဆောင်ရွက်ဖို့ ပါ
ပြည်သူ့ အကျိုးအဓိကထားဆောင်ရွက်ရမဲ့အစားရန်လိုနေတာတွေကများ
နေပြီးအလုပ်ကျတော့သေသေချာချာမလုပ်ကြဘူး၊မိမိနေတဲ့ရပ်ကွက်၊မြို့ 
(ကျန်းမာရေး၊လှုမှုရေး)စောင့်ရှောက်မှုတိုးတက်မှုရှိမရှိလွတ်တော်ကိုယ်
စားလှယ်တွေကအဓိကဆောင်ရွက်ပေးနေရမှာပါ။
(၁)တချို့ လွတ်တော်ကိုယ်စားတွေဟာအလုပ်ကိုတိုးတက်အောင်မလုပ်ကြ
ဘူးအပင်ပန်လည်းမခံဘူးတဆိတ်ရှိဘယ်ဝန်ထမ်းကိုတော့ဘယ်လိုတိုင်ပြီး
ပညာပြလိုက်မယ်ဆိုတာတွေဘဲလိုက်လုပ်နေတော့ကိုယ့်ဒေသမတိုးတက်
တော့ဘူးဒါ အခြေခံဥပဒေကိုချိုးဖေါက်နေတာပါ။
(၂)တချို့ လွတ်တော်ကိုယ်စားလှယ်တွေကျတော့လူမျိုးခြားအရေးဆောင်
ရွက်လွန်လွန်းနေတာ၊ပြည်သူတွေနဲ့ဆန့်ကျင်ပြီးစည်းလွတ်ဘောင်လွတ်
ပြောဆိုဆောင်ရွက်နေတာတွေဟာလွတ်တော်ကိုယ်စားလှယ်တွေရဲ့ဥပဒေ
ကိုချိုးဖေါက်နေတာပါ။
*
လွတ်တော်ကိုယ်စားလှယ်တွေရဲ့ဥပဒေကိုချိုးဖေါက်နေတဲ့စည်းလုံးညီညွတ်
စွာမဆောင်ရွက်ချင်တဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုတာဝန်မှပြန်လည်
ရုတ်သိမ်းသင့်ပါတယ်။



We must strictly abide by the constitution. Follow the letter of the constitution rigidly. No relaxation. Relaxing the constitution will look our country like a "Banana Republic" or crazy "Mad Hatter's House".

Do strictly according to the constitution. Otherwise our law becomes,"LO-TA-MYO-MALO-TA-MYO" Law.

"PUBLIC HAVE RIGHT TO ELECT TO SERVE IN PUBLIC
OFFICE AND RIGHT TO "IMPEACH OR" REMOVE OR RECALL,FROM THE PUBLIC OFFICES."

1-ONE OF THE TOP DEMOCRACY AND HUMAN RIGHTS
COUNTRIES HAVE THE LAWS SIMILAR TO OUR LAWS.
WE CAN CHECK AND SEE THEY PRACTICALLY
PRACTICING THE LAW AND REMOVED FROM THE
PUBLIC OFFICES.
2-WE BETTER PASS THE LAWS AND ENFORCE THE LAWS.
3-NORMALLY THEY CALL "IMPEACHMENT" OR "RECALL"
FROM THE POSITION OF ANYBODY ELECTED BY PUBLIC
VOTE.
4-THAT IS OUR PUBLIC HAVE THE RIGHT TO VOTE
AND ELECT FOR PUBLIC OFFICES AND RIGHT TO
REMOVE FROM THE PUBLIC OFFICES IF THEY ARE
FAIL TO DO DUTY HIS/HER DUTY.THIS IS THE ONE
OF ESSENCE OF DEMOCRACY AND HUMAN RIGHTS.
5-WE NEED THE "CHECK AND BALANCE" SYSTEM IN OUR MODERN DEMOCRACY SYSTEM.
6-OTHERWISE SOMETIMES THE ELECTED OFFICIAL
PROMISED TO GET VOTES BUT LATER NEGLECT
HIS/HER COMMITMENTS.

ALL COMMENTS ARE VERY GOOD AND 100 PERCENT
RIGHT.
THANK TO ALL COMMENTS WRITERS.
PLEASE MOVE ON THE PASS THE LAWS SOONEST
POSSIBLE FOR THE BENEFIT OF OUR COUNTRY.
WE NEED NATIONAL SAFETY AND SECURITY FOR
OUR COUNTRY AND OUR PEOPLE.
INVITE CONSTRUCTIVE COMMENTS FOR OUR
COUNTRY AND OUR PEOPLE.

နာယကကြီး အဘ ဦးရွှေမန်း ဒီဥပဒေကို မဆိုင်းငံသင့်ပါဘူး။

တချို့သော လွှတ်တော်က ကိုယ်စားလှယ်များ ဟာ အောက်ခြေလွတ်နေပါပြီ။

အဘ တွေ ပြောပြောနေတဲ့ နန်းတော်ရှေ့ က ပုတ်သင်ညို လေး ဘုရင်ကြီး

နန်းတက်တိုင်း ခေါင်းငြိမ့်ပြလို့ ရွှေဆွဲ ပြား လေး ဆွဲပေးလိုက်တော့ ခေါင်း

မငြိမ့်တော့တဲ ပုတ်သင်ညို လိုဖြစ်နေတယ်။

လမ်း/ရေဖွင့်ပွဲ တွေ တက် ကိုယ်က တစ်ကျပ်မှ မလှူ ကိုယ်စားလှယ်တော်

အမည်ခံပြီး လုပ်နေတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်