Subscribe to our RSS Feed

မူးယစ်ဆေးဖြတ်သူများထဲတွင် အသက် ၃၅နှစ်အောက်အမျိုးသမီးများ အများဆုံးပါဝင်

From : .. YMG


 မူးယစ်ဆေး ဝါးဖြတ်ပေးသည့်စင်တာများ၌ မိမိအသိစိတ်ဖြင့် ဆေးလာဖြတ် ကြသူများထဲတွင် စိတ်ကြွဆေး သုံးစွဲသူများ အများဆုံးဖြစ်ပြီး ယင်းတို့အနက်မှ အသက် ၃၅နှစ် အောက်လူငယ်အမျိုးသမီးများ အများဆုံးပါဝင်ကြောင်း သိရ သည်။

ယင်းတို့ကိုယ်ပိုင် အသိစိတ် ဓာတ်ဖြင့်လာရောက်အကြံဉာဏ် တောင်းခံ၍ ဆေးဖြတ်သူများတွင် လူငယ်အမျိုးသမီးများ ပါဝင်မှု များပြားကြောင်းကို'လူငယ်အား မာန်'ကျန်းမာရေးစောင့်ရှောက် မှုစင်တာမှအဖွဲ့ ခေါင်းဆောင် ကိုလှထွန်းမျိုးကပြောသည်။
 

 ''ဒီနှစ်လာရောက်ဆေးဖြတ် သူတွေမှာလူငယ်တွေပိုများတယ်။ နောက်ပိုင်းမိန်းကလေးတွေပါ ပါ ဝင်မှုများလာတယ်။ သူတို့ကိုယ် ပိုင်အသိစိတ်ဓာတ်နဲ့ လာရောက် ဆွေးနွေးတိုင်ပင်တဲ့အခါ ကျွန် တော်တို့အနေနဲ့ Refer လုပ်ပေး ရတာပေါ့။ ဆေးရုံကိုပို့ဆောင်ပေး ပြီးဆေးဖြတ်နိုင်ဖို့ကူညီဆောင် ရွက်ပေးပါတယ်''ဟု ကိုလှထွန်း မျိုးက ပြောသည်။

၂၀၁၂ခုနှစ်တစ်နှစ်လုံး တွင် လာရောက်ဆေးဝါးစောင့် ရှောက်မှုခံယူသူမှာ ၃ဝကျော်သာ ရှိခဲ့သော်လည်း ယခုနှစ် ဩဂုတ် အထိ ဆေးဝါးစောင့်ရှောက်မှု ခံယူသူဦးရေမှာ ၂ဝကျော်ရှိခဲ့ ကြောင်းသိရသည်။
 

အဆိုပါမူးယစ်ဆေးဝါးသုံး စွဲနေသူအမျိုးသမီးအများစုသည် အသက် ၃၅နှစ်အောက် လူငယ် များဖြစ်ကြပြီး ဈေးကြီးပေး၍ဝယ် ယူရသော နံပါတ်ဖိုးနှင့်စိတ်ကြွဆေးလိုမျိုး မူးယစ်စေသည့်အရာ များကို ပိုက်ဆံရှိလူတန်းစားနှင့် အနုပညာရှင်များအသုံးပြုနေကြ သလို အခြားသောငွေကုန်ကြေး ကျသက်သာသည့် မူးယစ်စေနိုင် သည့်အရာများကိုသုံးစွဲနေသူ အခြေခံလူ တန်းစားများလည်းရှိ နေကြောင်းMANA ဥက္ကဋ္ဌ ဦး ခင် မောင်ထွန်းကပြောသည်။

ဦးခင်မောင်ထွန်းက''မူးယစ် ဆေးဝါးဆိုတာ စမ်းသပ်သုံးစွဲနေ ရာကစွဲသွားကြတာပါ။ သုံးစွဲနေ သူအမျိုးသမီးတွေကတော့ အ သက် ၃၅နှစ်အောက်လူငယ်တွေ များတယ်။ ဆေးသုံးစွဲသူတွေက တော့ လူတန်းစားမျိုးစုံပါပဲ။ အ လုပ်သမားတွေ၊ အနုပညာရှင်တွေ ကနေလုပ်ငန်း ရှင်တွေအထိရှိကြ တာပဲ။ တစ်ဖက်နိုင်ငံကနေပြန် လာပြီး ဆေးစွဲလာတာမျိုးတွေ လဲရှိတယ်။ ဒီစင်တာမှာဆေးဝါး ကုသမှုခံပြီးရင် ပြန်လည်ထူထောင် ရေးနဲ့ အလုပ်ရရှိရေးကို(MANA) က လုပ်ဆောင်ပေးပါတယ်''ဟု ပြော သည်။
လက်ရှိရန်ကုန်တိုင်းအ တွင်း မူးယစ်ဆေးဝါးအပြင် မူး ယစ်စေတတ်သောအရာများ သုံး စွဲမှုများတွင် လူငယ်အမျိုးသမီး များပါဝင်လာမှုသည် တဖြည်း ဖြည်းများပြားလာကြောင်းနှင့် အရေးယူခံရမည်ကို စိုးရိမ်နေသ ဖြင့်လာရောက် အကူအညီတောင်း ခံမှုမရှိသော လူငယ်အမျိုးသမီး များလည်းတွေ့ရှိနေရကြောင်း ဆက်လက်ပြောသည်။


ကိုလှထွန်းမျိုးက''တချို့မိန်း ကလေးတွေဆိုသုံးနေတာ၊ ဆေး စွဲနေတာသိနေတယ်။ တွေ့နေရ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီ ရောက်မလာတာတွေရှိပါတယ်။ အကူအညီလာမတောင်းကြဘူး။ ကျွန်တော်တို့က အင်န်ဂျီအိုအဖွဲ့ ပါ။ ဘယ်သူ့ကိုမဆိုကူ ညီပေးမှာ ပါ။ အစိုးရနဲ့ မဆက်နွှယ်ပါဘူး။ တချို့တွေက ထင်ပါလိမ့်မယ်။ မူး ယစ်ဆေးဝါးလာဖြတ်ရင်အရေး ယူခံရမှာတွေ၊ ကျွန်တော်တို့ ဒါကို တာဝန်ယူပါတယ်။ ဘာမှမဖြစ် စေရပါဘူး''ဟု ပြောသည်။


အမျိုးသမီးလူငယ်အများ စုသုံးစွဲနေခြင်းမှာ ငွေကြေးတတ် နိုင်ခြင်း၊ အပေါင်းအသင်းစုံခြင်း နှင့် အမှန်တကယ်ဆေးစွဲနေသူ များအနေဖြင့် ဆေးဖြတ်ရန်မှာ မလွယ်ကူကြောင်း တောင်ဒဂုံမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။


ယင်းမှ''လွန်ခဲ့တဲ့သုံးလ လောက်တုန်းကတော့မြင်ဖူးတယ်။ မိန်းကလေးတစ်ဦးပါ။ အသက်က ၁၉၊၂ဝအရွယ်လောက်ပဲရှိမယ်။ ရုပ်ရည်က သန့်သန့်ပြန့်ပြန့်ပါပဲ။ သူနဲ့ပတ်သက်နေတဲ့ သင်္ဘောသား တစ်ဦးကြောင့် သုံးတတ်သွားတာ လို့သိရတယ်။ သူသုံးနေရာကနေ ဖြတ်မရတဲ့အဆုံးနောက်ပိုင်း ရောင်းချတဲ့အထိဖြစ်လာတယ်။ အခုတော့မတွေ့ရတော့ဘူး။ အ ဖမ်းအဆီးတွေများလာတာ ကြောင့်ဖြစ်မယ်''ဟု ပြောသည်။


ယင်းကျန်းမာရေးစောင့် ရှောက်မှုစင်တာကို မြန်မာနိုင်ငံ တွင်၂၀၀၉ခုနှစ်စက်တင်ဘာမှ စတင်ဖွင့်လှစ်ခဲ့သည်။


 .. www.MyanmarExpress.net
 

5 comments:

အ များ ကြိး ကျန် ပါ သေး တယ်

အ ဓိ က က ထုတ် လုပ် သူ ကို အ ရေး ယူ ရ မှာ ပါ ထုတ် လုပ် သူ က ။ ဝသူ ပုန် တွေ ပါ ကမ္ဘ္ဆာ့ ရန် သူ ပါ ဘိန်း ရာ ဇာ ပါ တ ရုတ် က ထောက် ကူ ပေး ထား တာ ပါ တရုတ် ကြိး ဟာ အ ခြား နိုင် ဗရး ကို ဝင် မ စွက် ဘက် ဘူး လို့ အ သံ ကောင်း ဟစ် နေ ပြိး လက် က ကား ယား ကြိး ပါ

ဝ မိုင်း လား ဘက် မှာ သထ္ထု ခိုး တူး တယ် ဘိန်း လုပ် တ
် သစ် ခိုး ထုတ် ပါ တယ် ဝ ကို လက် နက် တပ် ဆင် ပေး ပြိး
ဝနယ် မှာ တ ရုတ် တွေ ဝင် ကုန် ပါ ပြိ တ ရုတ် ပြည် ကြိး ကျ နေ တာ ပါ ဘဲ

နိုင် ငံ ရေး သ မား များ အ မတ် များ မီဒီယာ များ တိုင်း ပြည် ကို ချစ် ရင် တ ရုတ် ရဲ့ ကူး ကျော် မူ ကို ဆန့် ကျင် ကြ ပါ အ ချင်း ချင်း ခွတ် မ နေ ကြ ပါ နဲ့

ဘင်ါ လိ ကို တော် လှန် ကြ ပါ လူ ငယ် တွေ ပျက် စီး မဲ့ ဘိန်း ဖြူ ဆေး ပြား ကို ဆန့် ကျင် ကြ ပါ

ပခက တာ တီး

ဝဟာတိုင်းရင်းသာပါ အပေါ်ကချုပ်ကိုင်ထားတာက

တရုပ်တွေပါ ဘိန်းတရုပ်တွေကိုသာ အပြတ်ချေမူန်းကြ

သုတ်သင်ကြပါ တရုပ်ကို အမေရိကန်နဲ့ ချခိုင်းလိုက်ပါ

တယုတ်နိင်ငံဟာ ဒုတိယ ဟီရိုရှီးမားဖြစ်တော့ မှာပါ

နိးလာနေပါပြီ

DANGEROUS DRUGS

1-OUR GOVERNMENT SHOULD TAKE SEVERE ACTIONS ALL
RELATED DANGEROUS DRUG MATTERS.WE UNDERSTAND
OUR GOVERNMENT HARD WORKING ON THIS MATTERS.
2-REQUEST MORE ACTIONS.
3-USING OF DRUG WILL NEVER END FROM THIS WORLD
BECAUSE LOT OF PEOPLE LIKE TO USE IT.
4-ALL BEINGS AND ALL PEOPLE ARE CRAZY AND
SEEKING SEXUAL PLEASURE AND DRUG PLEASURE.
5-VERY FEW PERSONS WITH STRONG MIND AND WILLPOWER CAN CONTROL THE "DANGEROUS DRUGS","ALCOHOL","CIGARETTE SMOKING","EXTRA SEX AFFAIRS",AND ALL TYPE OF GAMBLINGS.
MANY PEOPLE WITH WEAK MIND AND LESS
WILLPOWER GETTING INVOLVED IN USING DANGEROUS DRUGS, ALCOHOL, CIGARETTE SMOKING, EXTRA SEXUAL AFFAIRS AND ALL TYPE OF GAMBLINGS;
AND THEY ARE SO ADDICTED AND CANNOT RESIST/CONTROL AND THEIRS LIFE GRADUALLY SPOIL AND TOTALLY USELESS FOR HIM/HER,OUR SOCIETY AND OUR COUNTRY.
6-WHY DRUGS START USING MY MANY PEOPLE?
THERE ARE SO MANY REASONS;MAY BE PARENTS ARE
USING,MAY BE FRIENDS ARE USING,MAY BE LOVERS
ARE USING,MAY BE HUSBANDS AND WIVES ARE ARE USING,MAY BE HOMOSEXUAL ARE USING AND MAY BE
USING DRUGS FOR ENHANCE MORE SEXUAL PLEASURE.
7-THE BEST THING IS DO NOT TRY AND ANY DRUG.
8-ALL PARENTS NEED TO CHECK OUR CHILDREN AND
VERY CLOSELY MONITOR TO THEIR BEHAVIORS AND
BETTER GET MEDICAL HELP FROM DRUG
REHABILITATION PROGRAM.
9-WE NEED ALL YOUNG MEN AND WOMEN ARE FREE FROM ALL KIND OF ADDICTION AND PARTICIPATING
IN BUILDING OF OUR COUNTRY AND OUR NATION.
10-IT IS NATURAL CRIMINALS AND LAWBREAKERS
ARE ALWAYS AHEAD OF AUTHORITY ACTIONS;BUT
AUTHORITY CAN CONTROL MORE EFFECTIVE AND THEN
ALL DRUGS ACTIVITIES WILL REDUCE TO LOWEST
LEVEL.AUTHORITY CANNOT 100 PERCENT CONTROL
ON DRUGS BECAUSE PEOPLE ARE SECRETLY SELLING
AND BUYING OR MAY BE OPENLY DOING.
11-NO BODY WILL PRODUCE DRUGS IF NOBODY
BUY IT SO THAT CONTROLLING DRUGS IS INVOLVE
PRODUCERS AND CONSUMERS.
12-WE LIKE TO WARN TO ALL PARTIES REGARDING
DRUG ADDICTING.
ONE OF THE BEST COUNTRIES NOT EVEN ALLOW TO
PRODUCE ALCOHOL FOR MANY YEARS BUT GRADUALLY
GOVERNMENT LEGALLY ALLOW TO PRODUCE AND CONSUME.
AND AGAIN PEOPLE ARE DEMANDING TO USE
"MARIJUANA"/"HASHISH"LEGALLY TO THEIR
GOVERNMENT.NOW "MARIJUANA/HASHISH" ARE
LEGALLY ALLOW TO USE BY THEIR GOVERNMENT.
AND AGAIN PEOPLE ARE DEMANDING TO USE
DANGEROUS DRUG LEGALLY TO THEIR GOVERNMENT
BUT THIS ISSUE IS STILL DEBATING AMONG
AUTHORITY AND POLITICIANS.
13-WE THINK WE ALL ARE BUILDING SELF DESTRUCTION FOR OUR ENTIRE WORLD.
14-WE ALL MYANMAR SHOULD NOT ALLOW ANY DRUG LEGALLY FOR THE INTEREST OF OUR COUNTRY
AND OUR PEOPLE.
15-WE ALL CALLING AND OPENING THE DOORS FOR ALL DRUG ADDICTS FOR REHABILITATION PROGRAM.
16-PLEASE COME BACK FROM DARKNESS TO LIGHT AND
BUILD OUR COUNTRY AND OUR NATION.

GOOD LUCK TO ALL...

THANK TO THE DRUG REHABILITATION PROGRAM.
WE NEED MORE NGO TO HELP MORE PEOPLE.
WE WISH ALL OUR YOUNG MEN AND WOMEN FREE
FROM DRUGS.
WE NOTICED MANY GOVERNMENTS LOST THE BATTLE
AGAINST FIGHTING DRUGS.
WE ALL BELIEVE OUR GOVERNMENT CAN ACHIEVE
GREAT SUCCESS IN FIGHTING DRUG PRODUCTIONS
AND PUBLIC CONSUMPTION.

မျိုး စောင့် ဥပဒေ မှာ သွား ဆွေးနွေး ဝီရသူ အလုပ်အား နေတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်