Subscribe to our RSS Feed

မြန်မာ့တပ်မတော် အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲသည်ဆိုသည့် စွပ်စွဲချက် လုံးဝမမှန်ဟုဆို

From : ..the voice


နယ်မြေတိုင်းတာ သတ်မှတ်မှုနှင့် ပတ်သက်၍ အပြင်းအထန် အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်တွင် မြန်မာ့တပ်မတော်က အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲနေသည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝမမှန်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ၃၉၈ ကီလိုမီတာကျော် ထိစပ်နေသော အိန္ဒိယနိုင်ငံပိုင် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင် အတွင်းရှိ ဟိုလန်ဖိုင်ရွာအတွင်း နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာချက်များ ကို ကျော်လွန်ကာ မြန်မာတပ်မတော်သားများက သြဂုတ်လ ၂၂ ရက်နေ့တွင် ယာယီတဲများ ဆောက်လုပ်၍ ကျူးကျော် တပ်စွဲနေကြကြောင်း မဏိပူရပြည်နယ် အစိုးရက ထုတ်ပြန် ကြေညာသည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်ကို ဦးဇော်ဌေးက ယင်းသို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာသတ်မှတ်ရန်အတွက် နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပြီး သဘောတူစာချုပ်အရ နယ်နိမိတ်တိုင်းတာ သတ်မှတ်ခြင်းကို ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ပူးတွဲတိုင်းတာခဲ့ကြရာ မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံဆုံရာ နေရာနှင့် အိန္ဒိယ-မြန်မာ ကဘော်ချိုင့်ဝှမ်းဒေသတွင်း ဒေသများတွင် နယ်နိမိတ် သတ်မှတ်တိုင်းတာရန် ကျန်ရှိနေခဲ့ကြောင်း၊ ယခုအငြင်းပွားမှု ဖြစ်ပေါ်နေသည့် နေရာမှာ ယင်း ကဘော်ချိုင့်ဝှမ်းဒေသတွင် ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ နယ်နိမိတ် သတ်မှတ်ရန် ကျန်ရှိနေခြင်းမှာ ကဘော်ချိုင့်ဝှမ်းဒေသ အတွင်းတွင် လွတ်လပ်ရေး မရမီကပင် အင်္ဂလိပ်အစိုးရ လက်ထက်က နယ်မြေ သတ်မှတ်သည့်အနေနှင့် မှတ်တိုင် ၃၉ တိုင် စိုက်ထူခဲ့ပြီး ယင်းမှတ်တိုင်များ နေရာရွေ့လျားမှုနှင့် အိန္ဒိယဘက်မှ ရွာများ မြန်မာ့နယ်မြေဘက်တွင် ကျူးကျော်နေမှုများကြောင့် မှတ်တိုင်သစ်များ ပြန်လည် သတ်မှတ်စိုက်ထူရန် အခက်အခဲများ ရှိနေခြင်း ဖြစ်သည်။

အမှန်တကယ်တွင် ယင်းနေရာသည် မြန်မာပိုင် နယ်မြေများဖြစ်ပြီး နယ်နိမိတ်စာချုပ် သဘောတူညီချက်များအရ အတိအကျ ဆောင်ရွက်ပါက အိန္ဒိယဘက်မှ ကျူးကျော်နေသော ကျေးရွာအစိတ်အပိုင်း အချို့သည် ပြောင်းပေးရမည် ဖြစ်သော်လည်း အိန္ဒိယပြည်သူများက ဆန့်ကျင် ဆန္ဒပြမှုကြောင့် ဆက်လက်တိုင်းခြင်း မပြုလုပ်နိုင်ခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

မြန်မာဘက် အိမ်နီးချင်းပီသစွာ ကျူးကျော်ကျေးရွာများကို ဖယ်ရှားပေးစရာမလိုဘဲ ယင်းနယ်မြေ အစားထိုးနယ်မြေအချို့ ပြန်ပေးရန် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းရာတွင်လည်း အဆင်မပြေခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း အိန္ဒိယ-မြန်မာနယ်စပ် အငြင်းပွားမှု အပြင်းအထန် ဖြစ်ပွားခဲ့မှုကြောင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အတွင်းရှိ Goubajang ကျေးရွာ ထက်ဝက်သည် မြန်မာနိုင်ငံ ဘက်သို့ ရောက်ရှိသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး Mr.Sailas Thangal က ယင်းသတင်းမှာ မမှန်ကန်ကြောင်း ငြင်းဆို ပြောကြားခဲ့သည်။

မဏိပူရအစိုးရက အိန္ဒိယ-မြန်မာ နယ်နိမိတ် ပြန်လည် သတ်မှတ်ရေးအတွက် အထူးကော်မတီတစ်ရပ် ဖွဲ့အစည်းရန် ကြိုးပမ်းနေချိန်တွင် ယင်းဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

.. www.MyanmarExpress.net
 

3 comments:

Who defends and is able to defend the Myanmar Land and Myanmar Sovereignty? Aung San Su Kyi? 88 Mut Ko Naing and Mya Aye? Vociferous lawyer Kun-yet? Leftist writers and poets? Assorted arms insurgents? The answer is definitely none of them.
ONLY PRESIDENT AND GOVERNMENT AND TAT-MA-DAW CAN.

မြန်မာ့တပ်မတော်သမိုင်းမှာဘယ်တုန်းကမှသူတစ်ပါးမြေကို
မကျူးကျော်ဘူးအိန္ဒိယအစိုးရလုပ်သင့်တာကမြန်မာ့ပိုင်နက်ထဲရောက်နေတဲ့သူတို့လူမျိုးတွေကိုသူတို့အိန္ဒယထဲမှာပြန်ပြီး
နေရာချပေးဖို့ပါပဲဒါမှမျှတမယ်ဒါမှအိမ်နီးချင်းပီသမယ်ဒါမှမိတ်
ဆွေကောင်းဖြစ်မယ်ဒါမှသိက္ခာရှိတဲ့နိုင်ငံဖြစ်မယ်အဲဒီတော့
အိန္ဒိယဟာအမှန်တရားကိုလက်ကိုင်ထားသူလားဥပေက္ခာပြု
သူလားဆိုတာကြည့်ရမှာပဲ

အိန္ဒယ က လဲ မြန် မာ နိုင် ငံ မြေ ကို လို ချင် နေ တယ် တ ရုတ် က လဲ ကူး ကျော် နေ ပြီ ကဲ မီူး ချစ်စိတ် ရှိ ပါ တယ် ဆို တဲ့ နိုင် ငံ ရေး သ မား များ ပြည် တွင်း ကြ အေါ် ကျယ် အေါ်ကျယ် လုပ် နေ ပြိး ဒါ ကြ တော့ အေါ် ကြ လေ



အ လ ကား လုပ် စား နေ တဲ့ ကောင် တွေ နိုင် ငံ ရေး အ ကြောင်း က တော့ အန် တို နေ ပြိ ၈၈ က ခံ ယူ ချက် နဲ့ စ ပြိး လုပ် ဆောင် ခဲ့ ပြိး သာ ပြိ ဆို မှ ငါ ဒေါက် တာ ကွ ငါ ရှေ့ နေ ကွ ငါ ဆ ရာ ကွ ငါ ဂုဏ် သ ရေ ရှိ လူကြိး ကွ ဆို ပြိး သ ပိတ် စ ခန်း မှာ ဝင် နေ ရာ ယူ ဟော ပြော ပွဲ မှာ တက် ဟော အစ က လုပ် တဲ့ ကောင် က ဘေး ထိုင် နေ ရ စစ် တပ် က မြို့ ကို သိမ်း မယ် လဲ ကြား ရော အဲ ကောင် တွေ တ ကောင် မှကို မ ရှိ တော့ ဘူး ပြေး ကုန် တာ လေ ပခုက္ကူ အ ကြောင်း ပြော နေ တာ နော် ကြိုက် တဲ့ နိုင် ငံ ရေး သ မား လာ ခဲ့ ဘာ ပြော ချင် လဲ ပခုက္ကူ ၈၈ တကယ် အစ က လုပ် တဲ့ ကောင် က ဘေး ရောက် နေ တယ် အစ က ဘယ် ကောင် မှနောက် က မ လိုက် ရဲ ဘူး မ ပါ ရဲ ဘူး အ ရေး တော် ပုံ အောင် ပြိ ဆို မှ ၄ ၅ ရက် ကြာ မှ စင် ပေါ် ရောက် လာ တာ ငါ ဒေါက် တာ ကွ ငါ ရှေ့ နေ ကွ ငါ ဆ ရာ ကွ စုံ နေတာ ပါ ဘဲ ဒါ ကြောင့် ၈၈ သ မိုင်း ရဲ့ သင် ခန်း စာ ကြောင့် မင်း တ်ု့ အ ခီူ့ နိုင် ငံ ရေး သ မား တွေ ကို အ ထင် မ ကြိး ဘူး ဒေါ် စု တောင် မှ ၄ ၅ ရက် ကြာ မှ ပါ လာ တာ ၈၈ ဆို တာ အ လွန် ခဲ တဲ့ လုပ် ရပ် အ စ ခက် ခဲ လွန်း ပါ တယ်

၈၈ ပ ခုက္ကူ ဘယ် နေ ရာ က စ သ လဲ ဘ
် သူ က စ သ လဲ အ စ မှာ သေ နိုင် တယ် အ ဖမ်းံ ခံ ရနိုင် တယ် နော် ပ ခုက္ကူ က အသက် ကို ပ တါ န မ ထား ငွေ ကြေး စွင့် ပြိး လုပ် ခဲ့ ရ နံမယ် ကြိး ပြိး လုပ် စား သွား တာ က တ ခီူ့ လူ တ စု ပေါ့ ဒါ ကြောင့် နံမယ် ကြိး ဘို့ အ ဓိက မ လုပ် ကြ ပါ နဲ့ အ မိ နိုင် ငံ ကို အ မှန် ချစ် တတ် ကြ ပါ

ပခက တါ တီး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်