Subscribe to our RSS Feed

ပြန်ကြားရေးဦးဆောင် ဖွဲ့စည်းသည့် ရုပ်ရှင်အစည်းအရုံးကို ဖျက်သိမ်းပြီးနောက် ပထမဆုံး ကိုယ့်သဘောနှင့်ကိုယ် ရွေးချယ်သည့် ရုပ်ရှင်အစည်းအရုံး ဆန္ဒပြခံရ (ဓာတ်ပုံ) - ၁၅ ပုံ)


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအား ၂၀၁၂၊ ဧပြီလတွင် အများဆန္ဒအရ ရွေးချယ်ခဲ့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ရုပ်ရှင်၊ ဗီဒီယိုလောကအတွက် တိုးတက်ကောင်းမွန်လာခြင်း မရှိဘဲ အကျိုးများ ပိုမိုယုတ်လျော့လာခြင်းကြောင့် ယခုကဲသို့ စုပေါင်းဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။


၎င်းတို့က ရည်ရွယ်ချက် အနေဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုလောကသားများဟာ စနစ်သစ်မှာ ထူးထူးရှားရှားပြောင်းလဲမှုမရှိခဲ့ဘူး။ အများနည်းတူ ပြောင်းလဲစေချင်တယ်။ အခုဆိုရင် ရုပ်ရှင်နှင့်ဗီဒီယိုက အများကြီးနောက်ကျကျန်နေတာတွေ့ရတယ်။ ဒါကြောင့် အခုလို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ဖြစ်တာပါဟု ထုတ်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးမှ ပြောကြားပေးခဲ့သည်။

















 
.. www.MyanmarExpress.net
 

5 comments:

ကိုင်း
ဘုရားဒကာယောင်ယောင်
ပဌာန်းဆက်သူတော်စင်ယောင်ယောင်
နိုင်ငံရေးသမားယောင်ယောင်
အပူအပုပ်မကင်းတဲ့
လူယုတ် လူမင်းရေ။
မင်း ဘာလုပ်မလည်း။
မင်းအဆင့် မင်းသိသင့်လောက်ပီ။
အေးအေးသာ ထွက်ပေးလိုက်ပါ။
မင်းက ဟိုစပ်စပ် ဒီစပ်စပ်ကလွဲ
ဘာမှ ဖြစ်ဖြစ်မြောက်မြောက်ရှိတာလည်းမဟုတ်
ကိုယ်တတ်သလောက် သိသလောက်ရှိတဲ့
သရုပ်ဆောင်သက်သက်မှာပဲ နေပါတော့ကွာ။
တစ်ခုတော့ရှိတယ် ကိုယ့်လူအ၇ွယ်ကြီးနဲ့
လူငယ်ကျောင်းသားခန်းတွေတော့
တော်ပါတော့ဗျာ။
နောက်ပီး
အညှီအဟောက်ဆန်ဆန်တွေလည်း တန်ပါတော့။
ကိုယ့်လူ လုပ်စားတာတွေ များလွန်းလို့ပါ။

မှန်တယ်ဗျာ
ကိုယ့်အောက်က
မှန်ထိုး မီးထိုးမပြောနဲ့
ဇာတ်ပို့ ဇာတ်ရံ လူကြမ်းတွေခဗျာ
သူတို့ မင်းသား၊ မင်းသမီး၊ ဒါရိုက်တာ ခံစားခွင့်ထက်
အများကြီးကို ကွာဟနေတာအပြင်
အုပ်စုဖွဲ့ပြီး ဆရာမွေး၊ တပည့်မွေး လုပ်စားနေကြတာဗျ။
ကိုယ်နဲ့မတည့်တဲ့ကို ၀ိုင်းကျဉ်၊
လုပ်စားမရအောင် ညစ်ပတ်စုတ်ပဲ့ကြသေးတာ။
တကယ်နားလည်တတ်ကျွမ်းပြီး
သိက္ခာသမာဓိရှိတဲ့၊ အများလေးစားလောက်တဲ့ ပုဂ္ဂိုလ်တွေပဲ
ရွေးချယ်တင်မြှောက်သင့်ပါတယ်။

ဟုတ်တယ်ဗျာ။
နောက်ပီး
ရုပ်ရှင်အစည်းအရုံးကို
လူလေးစားပြီး နားလည်တတ်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲ
ဖွဲ့သင့်ပါတယ်။
နောက်ပီး
ခုလက်ရှိမှာဖြစ်ပျက်နေတာ
အုပ်စုဖွဲ့ပြီး ဆရာမွေး တပည့်မွေးတွေလုပ်ကြ။
ကိုယ်နဲ့မတည့်သူဆို ၀ိုင်းကျဉ်ကျ။
နောက်ပီး
မင်းသား၊ မင်းသမီး၊ ဒါရိုက်တာတွေနဲ့
ဇာတ်ပို့ ဇာတ်ရံတွေရဲ့ အကျိုးခံစားမှုလည်း တကယ်ကိုကွာဟ။
နောက်ပီး
နေ့စား မီးထိုး မှန်ထိုးသမားတွေခင်ဗျာ
မင်းသား၊ မင်းသမီး ရှုတင်မလေးစားမှုကိုခံရ။
ဒါရိုက်တာတွေ ပရိုဂျူဆာတွေကလည်း
ဈေးကွက်ဝင် မင်းသား မင်းသမီးကလွဲ
ကျန်တဲ့သူ လူရာမသွင်းချင်ကြ။
မင်းသား၊ မင်းသမီးတွေအပေါ်ဘဲ
အခွင့်အရေးတွေ ပေးကြ။
အများကြီးပါဘဲဗျာ
တော်တော်လည်း ရှုပ်လည်းရှုပ်တဲ့ ရုပ်ရှင်လောကပါဗျာ။

လူမင်းဆိုတဲ့ကောင် ဥက္ကဋ္ဌ တင်တော့ဒီလိုဖြစ်တာမဆန်းပါဘူး၊
အရူးဘုံမြှောက်တာကို ဘာအရည်အချင်းမှမရှိတဲ့ကောင်
မြန်မြန်သာ ကန်ချကြ ၊ မြန်မာ့ရုပ်ရှင် ဆိုတာဘာလဲ မေးရတော့မယ်၊
မြန်မာဇာတ်ကားဆိုရင် ဖိုက်စတားအဖွဲ့ဘဲ သိရတော့တယ် ၊
ဘာမှမှတ်သားစရာမရှိတော့ဘူး ၊
oxygen

မြန်မာ ရုပ်ရှင် စစ်စစ် ကို မရိုက် နိုင်ရင် ခင်ဗျား တို့ကို

---- ဘာပြောရ မှန်း မသိတော့ဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်