Subscribe to our RSS Feed

အာဏာရှင် NLD ကို မဲမပေးပါနဲ့။ NLD အာဏာရသွားရင် ပြည်သူတွေအကုန်ဒုက္ခရောက်နိုင်တယ်။ (ပေးစာ - ၁၁၂)


ကြက်တူရွေးကတော်တော်... မယ်ဘော်ကကဲကဲပါ။ NLD တံဆိပ်ကလေး တပ်လိုက်ရင်ပဲ ကိုယ့်ကိုယ်ကိုယ် အာဏာရှင်ဖြစ်သွားသယောင်ယောင်ထင်တတ်ကြတဲ့ စိတ်ဓာတ်တွေ။

ကျနော်တို့နိုင်ငံမှာ အဲဒီလိုပဲ နည်းနည်းလေး လွတ်လပ်တာနဲ့ အခွင့်ကောင်းယူ ဟိန်းဟောက် မာန်ဖီတတ်တဲ့ လူတွေအများကြီးပါပဲ။ ခု ဒီပုံထဲက လူဆိုရင် မိတ္ထီလာမှာ လမ်းဘေးရပ်သမျှ ဆိုင်ကယ်တွေကို ဆွဲထုတ်။ ကားတွေကို နေရာရွှေ့ခိုင်း။ မရွှေ့ပေးတဲ့ကားကို ဆဲဆို။

အမယ်...သူက ကားနံပတ်ကို ဓာတ်ပုံတောင်ရိုက်လိုက်သေး။ ဘာလုပ်မလို့လဲမသိ။ အဲဒါ ရဲစိတ်ပါ။ ရဲမာန်ပါ။ အရင်တုန်းက ဒီလိုမျိုးတွေကို ကြံ့ဖွံ့တွေလုပ်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ခုချိန်မှာ ကြံ့ဖွံ့တွေက ငြိမ်နေပြီး NLD တံဆိပ်တပ်လူတချို့က ဒီလိုတွေလုပ်နေကြပါတယ်။

ဟိုကောင်မလာနဲ့။ ဒီကောင်အနားမကပ်နဲ့။ အဲ့နားမနေရ။ ဒီနားမရပ်ရ။ ကဲ.... ဒီလူတွေသာ အာဏာရလာရင် ဘယ်လိုဖြစ်လာမလဲလို့ တစ်ခါတလေ တွေးမိလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလေးစားပါတယ်။ မပုတ်ခတ်ပါဘူး။ တချို့သော လူတွေကို ပြောနေတာဖြစ်ပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင်တွေ ထောင်ကျနေတုန်းက ဒီလူတွေ ဘယ်ရောက်နေပါသလဲ။ ခေါင်းဆောင်တွေ ပါဝါပြန်ရလာချိန်မှာ ဒီလူတွေ ဇောင်းထလာပါတယ်။

လာမထိနဲ့ မီးပွင့်သွားမယ် ဘာမှတ်လဲဆိုတဲ့ အချိုးတွေချိုးလာနေတာကို တွေ့လာရပါတယ်။ ဒေါ်စုလမ်းကြောင်းနောက်ကို သတင်းလိုက်ယူလာတာ ခြောက်ခေါက်ရှိပါပြီ။ နေရာတိုင်းလိုလိုမှာ ဒီလိုလူတွေ တွေ့လာရလို့ နည်းနည်းထုတ်ပြလိုက်တာပါ။

ဒီပုံထဲက လူက မိတ္ထီလာကမဟုတ်ပါ။ ရန်ကုန်ကလိုက်လာတာပါ။ နယ်ခံတွေနဲ့ မော်တော်ပီကယ်တွေတောင် အေးဆေးခွင့်ပြုထားတဲ့အရာကို သူကလိုက်လံလုပ်ဆောင်နေပါတယ်။ လမ်းရှင်းတယ်ဆိုရင်လည်း အဲဒီမှာ မော်တော်ပီကယ်တွေရှင်းပေးနေပါတယ်။

မြို့တိုင်းမှာ ဒေါ်စုလမ်းကြောင်းဆို မော်တော်ပီကယ်တွေ ကူညီပေးနေကြပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ ကိုယ့်အလုပ်ကိုယ်သိပါ။ NLD စွမ်းအားရှင်တွေ ဖြစ်နေကြပြီလား... ဒီလိုလူမျိုးတွေ အဖွဲ့ချုပ်ထဲမှာ ဘယ်လောက်ရောက်နေပါ သလဲ.... ???

ဟုတ်ကဲ့... ကျနော် ဥက္ကာကိုကိုပါ။ ဒီပုံကို ကျနော်ရိုက်လာတာပါ။ မကျေနပ်တာရှိရင် လာရှင်းနိုင်ပါတယ်။


Myanmar Express

13 comments:

အဲဒီပုံကဘာဖြစ်နေလို့လဲ..

ဟုတ်ဒယ်ဟေ့။ ဒါဒေါင် မယ်မယ်ရရ အာဏာရသေးဒါမဟုတ်ဘူး။ ဒီကောင်ဒွေ တစ်ကယ် အာဏာရလို့ကတော့ နှစ်နဲ့ချီပီး အောင်းထားတဲ့ အာဏာရူးစိတ်ဒွေနဲ့ မဟားဒယား အာဏာပြကြမယ့် ဂေါင် nld တွေ .. ဖွတ်ကျား ဖွတ်ဖား .. အာဖြန်ကွီးကောင်ဒွေ

ဟားဟားဟား အမျိုးယုတ်တွေကို ဦးဆောင်မယ့် အန်အလ်ဒီရဲ့ အစပဲရှိသေးတယ် လာဦးမယ်နောက်ထပ် ဒီထက်ဆိုးတာတွေ ရှူ့စားကြအုံး ........

Okkar Ko Ko ခင်ဗျာ,
မကျေနပ်တာရှင်းဖို့အတွက် လိပ်စာ၊ဖုန်းနံပါတ် နှင့် e-mail address ကိုဖော်ပြပေးစေလိုပါသည်။

this man came from ( nothern ABSDF) he',he',he'e'e'e',,........

NLD become nothern ABSDF

သြော် NLD လမ်းဆုံးရင်တော့ ရွာတွေ့ပါလိမ့်မယ်

ဒေါ်စုတို့အဖွဲ့ ထောင်ထဲမှာ၇ှိနေတဲ့ အချိန်တွေမှာ အခု လာမထိနဲ့ မီးပွင့်သွားမယ်လို ဟောင်နေတဲံ့ကောင်တွေက ထောင်ကျမှာကြောက်လို့ အမြီးကုတ်ပြီး ထမိန်ရည် သောက်နေတာလေ... အခု ထောင်ထွက်တွေကို အမှီပြုပြီး သခင်အားရအာင် အပီပြင် ဟောင်ပြနေတာလေ..

အမေစု အမေစု နဲ့ သူများယောင်လို့ လိုက်ယောင်နေတဲ့သူတွေ
ွဖွတ်ထွက်ရင်တော့ တောင်ပို့မှန်းသိလာပါ လိမ့်မယ်။

ဥက္ကာကိုကို မကျေနပ်ရင်လာရှင်းနိုင်တယ်ဆိုပြီးတော့ ဘယ်မှာ လာရှင်းရမှာလဲ... ဥက္ကာကိုကို ဆိုတာ နာမည်အရင်းကောဟုတ်လို့လား .. ဒီဆိုဒ်က ကြံ့ဖွတ်ကကောင်တွေ လုပ်ထားတာမှန်း လူတိုင်းသိတယ် ။ အပိုတွေ လျှောက်ရေးမနေနဲ့ ။ ပြီးတော့ ဓါတ်ပုံကဘာဖြစ်နေလို့လဲ... ရပ်ထားတဲ့ဆိုင်ကယ်က အများကြီး ရွှေ့နေတာက တစ်ယောက်တည်း..ဧကန်န အဲဒီ ဆိုင်ကယ်ရွှေ့နေတာ ဥက္ကာကိုကို ဆိုတဲ့ကောင်ပဲ ဖြစ်ရမယ်..

ဆိုင်ကယ်ကို ရွှေ့နေတဲ့ခေါင်းဖြူကောင်လား လူကဖြင့်သေတော့မယ်ရုပ်နဲ့ ဖင်လာယားနေတယ်

ဥက္ကာကိုကို က ပို့စ်ကို facebook မှာတင်တာပါ ..ဘယ်လိုလုပ်ဒီရောက်နေတာလဲ ..credit ပေးသင့်ပါတယ်...

.credit ပေးလို့ ဟုတ်ကဲ့... ကျနော် ဥက္ကာကိုကိုပါ။ ဒီပုံကို ကျနော်ရိုက်လာတာပါ။ မကျေနပ်တာရှိရင် လာရှင်းနိုင်ပါတယ်
လို့ရေးထားတာ မမြင်ဘူးလား အကန်းရဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်