Subscribe to our RSS Feed

တပ်မတော်မှ ဓါတုလက်နက်မသုံးဟု ဦးရဲထွဋ် တုံ့ပြန်

From : Myit Makha Mediagroup

ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးရှိ ခယာဘွမ်(တောင်)တွင် မြန်မာအစိုးရ စစ်တပ်မှ ဓါတုလက်နက်များ အသုံးပြု၍  တိုက်ခိုက်နေသည်ဟုဆိုသည့် လိုင်ဇာဒေသခံများ ပြောဆိုနေသည့်သတင်းမှာ မမှန်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ-၀န်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်သည်။
တပ်မတော်က ဓာတုလက်နက်သုံးတယ်ဆိုတာ အခြေမဲ့တဲ့ စွပ်စွဲမှုသာဖြစ်ပါတယ်။ ဓာတု လက်နက်ကို တပ်မတော်က ဘယ်တုန်းကမှ အသုံးပြုခဲ့တာမရှိပါဘူး။ သုံးရင်လည်း နိုင်ငံတကာက ချက်ချင်းဆန်းစစ် ဖော်ထုတ် နိုင်ပါတယ်။ဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
ခယာဘွမ်တောင်တွင် ယခုရက်ပိုင်းအတွင်း အဆက်အပြတ်ပစ်ခက်မှုများရှိခဲ့ပြီး  ဇန်နဝါရီလ(၂၄)ရက်နေ့၌  အပြင်းထန်ဆုံး ပစ်ခက်မှုဖြစ်ပေါ်ခဲ့ကြောင်း လိုင်ဇာဒေသခံတို့က ဆိုသည်။
ကေအိုင်အေ စစ်သားတွေ ဟိုဘက်က ပစ်လိုက်တဲ့ လက်နက်တွေကြောင့် မူးလာကြတယ်။ တစ်ချို့က မေ့မျောသွားတာလည်း ရှိတယ်။ တော်သေးတယ်။ ကေအိုင်အေက လက်ဖက်တို့ ပဲပုတ်တို့ ပါလို့။ အဲ့ဒါတွေက အဆိပ်ပြေတယ်။ ဟု လိုင်ဇာ ဒေသခံ တစ်ဦးက ပြောသည်။
သို့သော် ဦးရဲထွဋ်က “ရိုးရိုးလေးပြောရရင် ဓာတုလက်နက်သုံးရင် အစိုးရဘက်က တပ်မတော်သားများက နိုင်ငံတကာ မဂ္ဂဇင်းတွေမှာ ပါလေ့ရှိတဲ့  မျက်နှာဖုံးတွေပါတဲ့ အကာအကွယ်ဝတ်စုံတွေ ၀တ်ရပါတယ်။ ဒီအတိုင်းသုံးလို့မရပါဘူး။ ကချင်ပြည်နယ်မှာ အဲဒီလို ၀တ်စုံနဲ့ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သား ဘယ်နှစ်ယောက် တွေ့ဖူးပါသလဲ။ ဟု  ပြန်လည်ဖြေရှင်းခဲ့သည်။
ခယာဘွမ်(တောင်)သည် ကေအိုင်အို ဌာနချုပ်အနီး၌ တည်ရှိသည်။ မြန်မာအစိုးရတပ်မှ လေယာဉ်   (၈) စီးခန့် အသုံးပြုကာ တပ်အင်းအားဖြင့် ထိုးစစ်ဆင်နေကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။
ဒီတောင်ကနေ ကြည့်လိုက်ရင် လိုင်ဇာကို မြင်ရပြီ။ လိုင်ဇာနဲ့ ခယာဘွမ်က ဘာမှ မဝေးတော့ဘူး။ အစိုးရ တပ်က မနေ့ညနေပိုင်းလောက်တော့ အဲ့ဒီတောင်ကနေ တပ်နောက်ဆုတ်သွားတယ်။ ဟု လိုင်ဇာ ဒေသခံ တစ်ဦးက ပြောသည်။
ဇန်နဝါရီလ (၁၈) ရက်နေ့တွင် အစိုးရသတင်း ထုတ်ပြန်ရေးမှ လဂျားယန်တွင် ပစ်ခက်နေသည့် စစ်ဆင် ရေးအား ရပ်ဆိုင်းတော့မည် ဟု အမိန့်ထုတ်ပြန်ခဲ့သော်လည်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများမှာ ယခုကဲ့သို့ ပိုမို ပြင်းထန်လာခြင်းဖြစ်သည်။

ဒေသခံများယူဆနေကြသည့် တပ်မတော်မှ ဓါတုလက်နက်အသုံးပြု၍ တိုက်ခိုက်နေသည်ဟူသည့် ယူဆချက်အား ဓါတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုက ယခုကဲ့သို့ မှတ်ချက်ပြုသည်။
ပေါက်ကွဲမှုများရင် လေထုထဲမှာအောက်စီဂျင်နည်းသွားတယ်၊ အဲ့ဒီလိုအချိန်ဆိုရင် မူးလာနိုင်တယ်၊ဟု ဒေါက်တာ ခင်မောင်ညိုက ပြောသည်။
ဓါတုပစ္စည်းများအသုံးပြုပါက စိမ်းရွှေရွှေအနံ့ရှိပြီး၊ အရောင် ရှိသည်ဟု ဒေါက်တာခင်မောင်ညိုက ဆိုသည်။
  “အစိုးရက လဂျားယန်နယ်မြေမှာ ရပ်မယ်လို့ပြောပေမယ့် နောက် မနက် (၇) နာရီက တိုက်ပွဲတွေ ပြန်စ ဖြစ်နေပြီ။ ကေအိုင်အိုရဲ့ စခန်းသိမ်းထိုးစစ်ဆင်တိုက်ပွဲတွေ ဆက်လုပ်နေတယ်။ ဟု ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်က ဇန်နဝါရီလ (၂၂) ရက်နေ့က ပြောသည်။
မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေခြင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် ကချင်တိုင်းရင်းသားများမှ ရပ်တန့်ပေးရန် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် သဘောထား ထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရုတ်အစိုးရ ထံသို့ မြန်မာအစိုးရနှင့် ၎င်းတို့၏ တပ်များအား စစ်ရေးအစား စစ်မှန်သော ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု နည်းလမ်းဖြင့် အဖြေရှာရန်အတွက် တိုက်တွန်းပေးရန်လည်း တောင်းဆိုခဲ့သည်။
 နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကလည်း ပြီးခဲ့သည့် ဇန်နဝါရီလ (၁၉) ရက်နေ့ ကျင်းပသည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်အစည်းအဝေးတွင် ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တရားဝင် ဖိတ်ခေါ်ထားသည်။
www.MyanmarExpress.net

14 comments:

ဒေါက်တာ ဖင်ထောင်ငို ကတော့ လုပ်ချလိုက်ပြန်ပြီ ။
ပြောလိုက်ရင်ေ-ာက်တလွဲကြီးဘဲ ။
KIA က သေမှာကြောက်ပြီး အရူးချန်းပီး ဖြစ်နေတာကွ။
ဟား....ဟား........ဟား.........။

လနန်က ခွေးချီးပုံ တက်နင်းမိတိုင်း ဇီဝ လက်နက်လို့  ပြောနေကြပဲ

အမြှေက်အသံတွေကြားပြီးကြောက်လို့မူးမေ့ပြီးမေ့လဲသွား တာဖြစ်မှာပါ

ဗုဒ္ဓဘာသာာကို နိုင်ငံတော်ဘာသာလို့ပြောင်းပြီးကတည်းက သူပုန်လုပ်တဲ့kiaကို ဘာမှင့ညာစရာအကြောင်းမရှိဘူး
ဒို့ဘာသာကိုစော်ကားတဲ့ ကောင်တွေ ကျွန် ဘာသာတွေ

လှနန် က တပ် မ တော် ထိုး စစ် ဆင် တာ ကို တော့ အ ပြစ် ပြော တယ် ။သူ တို့ ကေ အိုင် အေ က တပ် တော် က
ထိုး စစ် ရပ် တဲ့ တဲ့ အ ချိန် မှာ kia က ကျား အမြီး ကို သွား သွား ဆွဲ တာ ကို တော့ တစ် ခွန်း မှ မ ဟ ဘူး။တော် တော် တ ရား ကျ ဖို့ ကောင်း တယ် လှနန် ရယ်။

လှ နန် က တပ် မတော် က သမ္မတ အ မိန့် အ တိုင်း ထိုး စစ် မ ရပ်
တာ ကို တော့ အ ပြစ် ပြော တယ်။ ကေ အိုင် အေ က ထိုး စစ် ရပ် ထား တဲ့ တပ် မ တော် ကို သွား သွား ခြောင်း ပြီး တိုက် တိုက် နေ
တော့ ကျားမြီး သွားဆွဲ သ လို ဖြစ် နေ တာ ကို တော့ တစ် ခွန်း မှ
မဟ ဘူး။ ဒါ တရား သ လား လှ နန် ရယ်။ ဖား အော် တာ ကို ဘဲ လူ
သိ တယ်။ မြွေ ကိုက် တာ ကို မသိကြ ဘူး လှ နန် ပြော တိုင်း မ ယုံ ကြပါ နဲ့။ ငါ ပြော တာ လဲ မယုံ ပါ နဲ့ ။ က ချင် ပြည် နယ် မှာ တစ် လ
လောက် လာ နေ ပြီး စုံ စမ်း ပြီး မှ ဆုံး ဖြတ် ကြ ပါ။

စစ်တပ်ကသက်ညှာလွန်းပါတယ်

KIO နဲ့ဆက်ဆွေး နွေးဖို့မလိုပါ kio ခေါင်း ဆောင် တွေ ကို အ ကြမ်း ဖက် သ မား များ အ ဖြစ် ဖမ်းဆီး ပေး ပါ။

သုးံ တော့ ဖြစ် လား

သုးတော့ ( ) ဖြစ် လား

သုးံ တော့ ( ) ဖြစ် လား

အင်း ပဲပုပ်နဲ့ လက်ဖက်ကို အမေရိကန်စစ်ဖက်က ရသလောက်တင် ပို့ ဖို့ စဉ်းစားနေတယ်ကြားတယ်...သူ့ စစ်သားတွေ ဓာတုလက်နက်အကာအကွယ်ရအောင်

မူးမေ.တတ်အောင်ဂွမ်မော်နဲ.ဂွမ်ရှောင်ကသင်ပေးထားတာနေမှာပေါ.

သေချာတယ်နော်ဒေါက်တာဆိတ်ဖွား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်