Subscribe to our RSS Feed

ခေတ်ပြိုင်နိုင်ငံရေးမြင်ကွင်းထဲက ဒုတိယပင်လုံ

ကလေးမြို့ကြေညာစာတမ်းအရ ဒုတိယပင်လုံညီလာခံကြီးကို ကျင်းပဖို့ စိုင်းပြင်းနေကြသည်။ တိုင်းရင်းသားလူမူမျိုးစုများနှင့် ညီညွတ်ရေးအတွက် ဆွေးနွေးရမည့် အခင်းအကျင်းကို ပြင်ဆင်ြခင်း တစ်ရပ်ဟု အဆိုပြုသူတွေက တင်သည်။ သို့သော်လည်း မြန်မာ့နိုင်ငံရေးတွင် ပင်လုံပုံရိပ်သည် အကောင်းထက် အဆိုး၊ ယုံကြည်မှုထက် သံသယကိုသာ ပွားစေနိုင်သည်ကို တွေ့ရသည်။ ပင်လုံကို စတင်ခ်ခဲ့သ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် ပင်လုံနှင့်ပတ်သက်သည့် အငြင်းပွားစရာများကို ချန်ထားရစ်ခဲ့သည်။ ပင်လ်လုံကြောင့် ၁၉၄၇ ဖွဲ့ စည်းပုံ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာသောအခါ ပြည်ထောင်စြုကီး ခွဲထွက်လိုလျှင် ခွဲထွက်ပိုင်ခွင့်ကို ပေးအပ်လိုက်ရသည်။ ယခု ဒုတိယပင်လုံကိုနားလည်ဖို့ ပထမပင်လုံကို အရင်စောကြောကြည့်ရန်လိုသည်။

ဒုတိယလား၊ တတိယလား

တကယ်တော့ ကျွန်တော်တို့ သိသော ပင်လုံပင်လျှင် ဒုတိယ
ပင်လုံဖြစ်သည်။ သည့်မတိုင်ခင် ၁၉၄၆ မတ်လကတည်းကပင် တိုင်းရင်းသားခေါင်းဆောင်များနှင့် မြန်မာခေါင်းဆောင်များ ပင်လုံတွင် ပမာဏဆွေးနွေးခဲ့ကြဖူးသည်။ မည်သည့်သဘောတူညီချက်မျှ ရယူရန်မဟုတ်ဘဲ နားလည်ချစ်ကြည်မှုရရန်သာဖြစ်သည်။ သို့ဆိုလျှင် ၁၉၄၇ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်သည့် ပင်လုံအစည်းအဝေးသည်စင်စစ် ဒုတိယပင်လုံပင်ဖြစ်သည်။ ပင်လုံစတင်ဖို့ဖြစ်လာသည်က ဗိုလ်ချုပ်အောင်ဆန်းတို့ ဖ.ဆ.ပ.လ ခေါင်းဆောင်များ လန်ဒန်၌ ၀န်ကြီးချုပ် အက်တလီနှင့် ဆွေးနွေးရာမှဖြစ်သည်။ ဗြိတိသျှတို့က မြန်မာကိုယ်စား လှယ်အဖွဲ့တောင်းဆိုသည့်အတိုင်း တစ်နှစ်အတွင်း လွတ်လပ်ရေးပေး မည်။ သို့သော် သူတို့အခေါ် တောင်တန်းဒေသတော့ မပါဟုဆိုသည်။ ဗိုလ်ချုပ်က တောင်တန်းရော ပြည်မပါ အတူလွတ်လပ်ရေး ပေးဖို့ပြော တော့မှ တောင်တန်းသားတို့ သဘောတူလျှင် ပေးမည်ဟု ဖြစ်လာ သည်။ သို့နှင့် ဗိုလ်ချုပ်တို့ မြန်မာနိုင်ငံပြန်ရောက်သောအခါ တိုင်းရင်း သားခေါင်းဆောင်များနှင့် ဆွေးနွေးဖို့ဖြစ်လာသည်။ ပင်လုံအစည်းအဝေးအတွင်း ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် သော မြန်မာလူမျိုးစု ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင် များ အဓိက ဆွေးနွေးကြသည်က တစ်နှစ်အတွင်း လွတ်လပ်ရေးရရန် ဖြစ်သည်။ ထိုလွတ်လပ်ရေးကို တောင်တန်းသားတွေပါ အပါယူဖို့ ဗိုလ်ချုပ် က တိုက်တွန်းသည်။ အပြန်အလှန်အားဖြင့် တောင်တန်းသားတို့၏ ယုံကြည်မှုရရန် လွတ်လပ်ရေးရပြီး ၁၀ နှစ်အတွင်း ခွဲထွက်ချင်က ခွဲထွက်ပါဟူသော ကတိကို ပေးသည်။ သို့နှင့် ၁၉၄၇ အခြေခံဥပဒေ တွင် ထိုအချက်သည် အထင်ကရ ပါလာခဲ့လေသည်။


ပင်လုံ တစ္ဆေ္ဆ

ပင်လုံသည် တိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးမှုအတွက် မျိုးဆက်ချပေးရာဖြစ်ခဲ့သည့်အပြင် နောင်အခါ ခွဲထွက်ခွင့် တောင်းဆို ရန် ရည်ညွှန်းရာတွင်လည်း ပင်လုံကတိ၊ ပင်လုံစာချုပ်က အမြဲတမ်း ကပ်ပါနေခဲ့ သည်။ ပင်လုံကြောင့် တိုင်းရင်းသားတွေနှင့် အတူတကွ လွတ်လပ်ရေး ယူပေးနိုင်ခဲ့သလို ပင်လုံကြောင့်ပင် လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ၁၉၅၈ တွင် တစ်စခန်း ထလာခဲ့ရသည်။ ထိုအချိန်က ပြည်တွင်းသောင်းကျန်းမှု ဒီရေတက်နေချိန် ဖြစ်သောကြောင့် ၁၀ အတိအကျပြည့်သောအချိန်တွင် မရှင်းနိုင်ခဲ့။ ထို့အပြင် အိမ်စောင့် အစိုးရအုပ်ချုပ်နေသော ကာလဖြစ်သဖြင့်လည်း တိုင်းရင်းသား အရေးကို နောက်တန်းပို့ထားခဲ့ရသည်။ ထို့ကြောင့် ပင်လုံသည် ပေါင်းစည်းရေးလား၊ ခွဲထွက်ရေးလား ဆိုသည့် မေးခွန်းတို့ မြန်မာ့နိုင်ငံရေးသမိုင်းတွင် တောက်လျှောက်ကပ် ပါလာခဲ့သည်။ ယခု ဒုတိယပင်လုံဆိုသော ၂၁ ရာစု ပင်လုံညီလာခံ တွင်လည်း အဆိုပါမေးခွန်းက မေးစရာမလိုအောင် ကပ်ပါနေဦးမည် ဖြစ်သည်။ ပင်လုံကြောင့်ပင် ၁၉၆၀ ပထစ အစိုးရပြန်တက်လာချိန်တွင် တိုင်းရင်းသားခေါင်းဆောင်များ တစ်စခန်းထလာသည်။ သို့အတွက် ကြောင့် ၁၉၆၂ တွင် တပ်မတော်က မလွဲမရှောင်သာ အာဏာသိမ်း ခဲ့ရသည် ဟူသော အမှတ်အယူတို့ကလည်း ရှိနှင့်နေသည်။ လက်ရှိ ပင်လုံဟု ခေါ်ဝေါ်သုံးစွဲနေသူတို့သည် အဆိုပါအချက် ကို သတိပြုမိလျှင် တိုင်းရင်းသားတို့နှင့် ချစ်ကြည်မှုရရန် အခြား တစ်နည်းဖြင့် ကြိုးစားသင့်ပေသည်။ တိုင်းရင်းသားလူမျိုးစုများသည် လည်း နိုင်ငံရေးအင်အားစု တစ်ရပ်အနေနှင့် ရှိနှင့်နေပြီးဖြစ်သည့်အပြင် လာလတ္တံ့သော ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသား ပါတီများ မှာ ကိုယ်စားလှယ်များလည်း ပါဝင်၍ အရေးဆိုကြဦးမည်ဖြစ်ရာ တိုင်းရင်းသားများနှင့် ပိုမိုပေါင်းစည်းရေးကား တိမ်ကောသွားမည့် အရာတော့ မဟုတ်ပါ။

ဒုတိယပင်လုံ = တစ်ခြမ်းစီဖြစ်အောင် စိပ်ပြီးမှ ပြန်စည်းခြင်း


ပင်လုံ နောက်ဆက်တွဲ


ပင်လုံ၏ နောက်ဆက်တွဲအနေနှင့် ၁၉၆၀ ဇွန်လတွင် တောင်ကြီး၌ ကျင်းပခဲ့သည့် တောင်ကြီးညီလာခံ၊ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် ကျင်းပသည့် ထိုခေတ် နိုင်ငံ ရေးပါတီများနှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ပထမအကြိမ် ဆွေးနွေးပွဲ၊ မတ်လ ၁ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ဆွေးနွေးပွဲ တို့သည် မြန်မာ့နိုင်ငံရေးသမိုင်းတစ်ကွေ့တွင် လွန်စွာ အရေးပါခဲ့သည်။ အဆိုပါ တောင်ကြီးညီလာခံနှင့် ရန်ကုန်အသံလွှင့်ရုံရှိ ဆွေးနွေးပွဲ များသည် ခွဲထွက်ရေးအတွက် ရည်ရွယ်သလား၊ ပေါင်းစည်းရေးကို အမှန်တကယ်ကြိုးပမ်းခဲ့လေသလား ဆိုသည်ကတော့ ယနေ့တိုင် မကွဲပြားလှသေးပေ။ သို့သော် အဆိုပါ တောင်ကြီးညီလာခံသည် ခွဲထွက် ရေးအတွက်မဟုတ်ပါဟု ပင်လုံကိုယ်စားလှယ် တောင်ကြီး ဦးထွန်းမြင့် က ဒေါက်တာအေးချမ်းကို နောက်အခါမှာ ပြန်လည်ပြောပြခဲ့သော ကြောင့် ဒေါက်တာအေးချမ်းက စာသင်ရင်း ကျွန်တော်တို့ကို ထည့်ပြော သွားတာ မှတ်မိနေသည်။ သို့သော် သေချာသည်က ထိုကာလအတွင်း တိုင်းရင်းသားတို့သည် ပိုမိုလွတ်လပ်သည့် အုပ်ချုပ်ပိုင်ခွင့်ကိုတော့ လိုလားခဲ့ဟန်တူသည်။

ထို့ကြောင့် ပင်လုံ၏ နောက်ဆက်တွဲတို့သည်လည်း တိုင်းရင်းသား အရေး ပြေလည်ရာပြေလည်ကြောင်းအတွက် လမ်းစမရနိုင်ဖြစ်ခဲ့ရသည်။ ယခုတခါ ဒုတိယပင်လုံဟုခေါ်သည့် တိုင်းရင်းသားအရေး ဆွေးနွေးပွဲ သည်လည်း ပင်လုံဆိုသည့် နာမည်ကြောင့်ရော၊ တိုင်ရင်းသားတို့၏ ခွဲထွက်ရေး လိုလားချက်တွေကြောင့်ပါ အောင်မြင်မှုရနိုင်ခြေ နည်းပါး နေသေးသည်။ အခြေအနေအရပ်ရပ်ကြောင့် ပြည်ထောင်စု ပြိုကွဲထွက် သွားလျှင် အားလုံ၏စိတ်ထဲတွင် တနုံ့နုံ့ဖြစ်ကျန်ခဲ့ကြမည်မှာ မလွဲချေ။


ခါးသီးလှသည့် ဥပမာ

ပြည်ထောင်စုကြီးပြိုကွဲတာ မဟုတ်ပေမယ့် တိုင်းပြည်နှစ်ရပ်ပြို ကွဲသွားပုံကိုတော့ ကျွန်တော် စူးစမ်းလေ့လာခဲ့ဖူးသည်။ ချက်ကိုစလို ဗက်ကီးယားနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲများဖြစ်ပြီး ကွန်မြူနစ် ခေတ်က ပေါင်းစည်းခဲ့ကြသည့် ချက်နှင့် စလိုဗက် နှစ်နိုင်ငံ ပြိုကွဲသွား ကြပုံဖြစ်သည်။ ထိုအကြောင်းကို နောက်တစ်ချိန် စာသင်ခန်းထဲတွင် ပြန်ပြောကြသောအခါ ချက်နှင့် စလိုဗက် နှစ်နိုင်ငံစလုံးက ပြည်သူတွေက မျက်ရည်စက်လက်နှင့် မပြိုကွဲဖို့ အားထုတ်ခဲ့ကြလင့်ကစား နှစ်ဖက် နိုင်ငံရေးခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်နှင့် လမ်းခွဲကြဖို့ ဆုံးဖြတ် ခဲ့ကြသည်။ ထိုအချက်သည် ကတ္တီပါလမ်းခွဲဟု အမည်တွင်ခဲ့သော် လည်း နောင်တွင် သမိုင်းတွင်သည့် အမှားကြီးအဖြစ် နှစ်နိုင်စလုံးက ပြည်သူတွေ တနုံ့နုံ့ ပြန်ပြောနေကြဆဲဖြစ်သည်။ ခွဲထွက်ရေးထက် ပေါင်းစည်းရေးက ပိုကောင်းသည်မှာ မှန်သော်လည်း အမှန်တကယ် နားလည်မှုရှိရှိ ပေါင်းစည်းနိုင်ကြရန် အချိန်ယူကြရမည်ဖြစ်သည်။ ပေါင်းစည်းရေးကို အလျင်စလိုလုပ်လျှင် ခွဲထွက်ရေးကို အားပေးသကဲ့သို့ရှိပေလိမ့်မည်။ ၁၉၄၇ နှစ်ဦးပိုင်းက ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်သည် တစ်နှစ်အတွင်း လွတ်လပ်ရေးရ ရန်ဟူသည့် အကြောင်းပြချက်ဖြင့် အလျင်စလို ချုပ်ဆိုခဲ့သဖြင့် နောင် တစ်ချိန်တွင် ခွဲထွက်ရေးလမ်းစဖြစ်ခဲ့ရသည်ကို သတိပြုစရာရှိပေ သည်။ ထို့အတွက်ကြောင့် ယခု ဒုတိယပင်လုံဟုခေါ်သော တိုင်းရင်းသား အရေး ဆွေးနွေးပွဲကိုလည်း အချိန်ယူဖို့ လိုအပ်လှပေသည်။


ကျော်လင်းဦး



Myanmar Express

35 comments:

( ၂၀၁၁ ) ခေတ်သစ် သူငယ်တန်း ဖတ်စာ


က................ကလိမ်စေ့ ငြမ်းစင် သူတို့ပင်

ခ..................ခဏခဏ အယောင်တွေပြ

ဂ...................ဂတိ အလွန်ပျက်၏

င...................ငါတို့အား အသေဖိထား

စ...................စစ်တပ် ပြည်သူတွေကိုသတ်

ဆ..................ဆရာတော်များ အသက်စွန့်သွား

ဇ....................ဇစ်မြစ် ဘယ်ကမှန်းမသိ

ည..................ညှင်းဆဲ ပြည်သူတွေမှာ သူတို့လက်ထဲ

တ................တရားဥပဒေ စာအုပ်ထဲမှာနေ

ထ.................ထင်ရာစိုင်း လူ့ငရိုင်း

ဒ..................ဒလိမ့်ကောက်ကွေး အမြန်ဆင်းပေး

ဓ.................ဓန သူတို့ လက်ထဲမှာဗျ

န.................နိုင်ငံခြား အဆက်ဖြတ်ထား(အဆက်အသွယ်)

ပ................ပုန်းနေ သချိုင်းကုန်းမြေ

ဖ...............ဖွံ့ဖြိုးမူမှာ နောက်ဆုံးကပါ

ဗ..............ဗိုလ်ချူပ်မူးကြီး အချိန်မစီး(ဟီးးးးးးးး ဘယ်ဒူပါလိမ့်)

ဘ............ဘယ်သူမှ အထင်မကြီးပါဗျ

မ.............မြုံနေရ သေနတ်ကြောက်လို့ပါကွ

ယ............ယတြာ ခြေလွန်းတယ်ဗျာ

ရ..............ရူးနေ ဘုရင်ရူးပေ

လ............လူတိုင်း ဘုရားထူးခိုင်း

ဝ..............၀ဋ်ရယ် လည်ပါတော့ကွယ်

သ............သက်တမ်း အမြန်ကုန်စမ်း

ဟ..............ဟိုမှာ လေဖြတ်နေပြီကွာ :D

အ...............အမင်္ဂလာ ဆိုက်ပြီဗျာ တဲ့ သူငယ်ချင်းတို့ရေ.............:P

အဆင့်တန်းရှိရှိ ပြောတတ်ဖို့ မကြိုးစားဘူး... ပေါက်ကရ ပြောဖို့ပဲတတ်တယ်... မင်းတို့လို ပညာမဲ့ ပေါက်ကရပြော အတိုက်အခံတွေနဲ့တော့ ဒီမိုကရေစီကြီး ရအုံးမယ်

ဒီစာကို မဖတ်ပါနဲ့။ ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။
ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့ > ခင်ဗျားအတွက် ဘာမှ
အကျိုးရှိမှာ မဟုတ်ဘူး။ တကယ် အကျိုးမရှိလို့ မဖတ်ရဆိုပြီး >
ခေါင်းစဉ် တပ်ထားတာပေါ့။ ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့
ရွေးချယ်ပိုင်ခွင့်ပါ။ > တားမြစ်လို့ မရပါဘူး။ ဒါပေမယ့် လုံးဝ
မဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။ > ပြောနေရင်းနဲ့တောင် ခင်ဗျား
ဆက်ဖက်နေသေးတယ်နော်။ ကျနော်က ခင်ဗျား အတွက် > ပြောနေတာပါ။ ခင်ဗျား
ဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာ ခင်ဗျားအတွက် အကျိုး လုံးဝ >
မရှိလို့ပါ။ အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။
ကျနော်က > ခင်ဗျား အကျိုးကို ရှေးရှူပြီး မဖတ်စေချင်တာပါ။ > >
ဆက်မဖတ်နဲ့တော့နော်။ လုံးဝကို အကျိုး မရှိဘူး။ အကျိုး လုံးဝလုံးဝ
မရှိပါ။ > အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော်
ပြောမပြတတ်တော့ဘူး။ အလားတူဘဲ > .. မဖတ်ပါနဲ့ကိုလည်း
ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။ ဒီတော့ >
ရှင်းရှင်းပြောမယ်။ ဆက်မဖတ်နဲ့။ ပြောနေရင်းနဲ့တောင် ခင်ဗျားဖတ်လာတာ
များသထက် > များလာပြီ။ ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။
ဟုတ်ပြီလား၊ မဖတ်နဲ့တော့။ > ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့
မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။ လူ့စိတ်ကလည်း > အခက်သား၊
မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။ ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်က
> မဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။ မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့
မဖတ်စေချင်လို့ပါ။ >
အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။
ဒါဘဲ။

..... ကိုယ်ချင်းစာကြည့်ပေါ့ ဆ၇ာမရယ် .....


ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစ္ဆာန်ရုံသို့သွားသည်။

တိရစ္ဆာန်ရုံသို့ ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်။ သို့သော် မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊

သို့နှင့် ဆရာမက တိရစ္ဆာန်ရုံဝန်ထမ်းအား အကြောင်းရင်းကို မေးရာ ၎င်းက ပြောသည်။

"ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။

အခုလူတွေ မမြင်အောင် သူတို့ လှောင်အိမ်ထဲ ၀င်နေကြပါတယ်"

ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုနြေ္ဒကို ဆယ်လိုက်ပြီး ၀န်ထမ်းကိုပြောသည်။

"ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊

ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်။

သူတို့ခမျာ မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့ခဏခဏပူဆာ နေတာနဲ့ ကျွန်မအခု ခေါ်လာတာရှင့်၊ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့ ထွက်လာမယ်ထင်သလားဟင်"

တိရစ္ဆာန်ရုံဝန်းထမ်းက ပြန်ပြောသည်။

"ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်"

ဒီဘလော့ဂ်ကိုရေးတဲ့ လူက စာရေးတတ်အောင် သင်ပေးခံရတဲ့ စစ်ခွေးတစ်ကောင်ဖြစ်မှာပါ။ အမဲ ရိုးလေးကိုက်ရတော့ ဟောင်ချင်လိုက်တာ။ အချိန်တန် တော့လည်း အဲဒီစစ်ခွေးတွေက ရှေ့က ဘုမသိဘမသိနဲ့ ထိုးကျွေးခံရတာပဲ။ အခုတော့လည်း အမဲရိုးလေးကိုပြီးအမြီးနှံ့နေတာပဲ။ သေချာတာကတော့ အမျိုးကောင်းတဲ့ခွေးမျိုးတောင်မဟုတ်လောက်ဘူး။ အမှိုက်ပုံက ကောက်ရတဲ့ခွေးဝဲစား။ မင်းက အရိုးကိုက်ရပေမယ့် မင်းအမျိုးတွေကတော့ ဖာသည်ဖြစ်ရင်ဖြစ်နေမှာနော်- ဒီစစ်အစိုးရအောက်မှာ။ မင်းအမျိုးတွေကို တိုင်းပြည်အကျိုးလုပ်နေတယ်ဆိုတဲ့ စစ်ဘီလူးတွေစားဖို့ ဖာအလကားခံခိုင်းပါလားကွ။ ဟိုကောင်တွေချရင် မင်းပါမစ်ရမှာ။ မင်းဖင်ခံလိုက်ရင် ပိုကောင်းမယ်။ ပါမစ်ကြီးကြီးရတာပေါ့။ သူတောင်းစား။

အပေါ်က ပိုစ့်က သိပ်ကောင်းတဲ့ ပို့စ်ပါ

အောက်က ကွန်းမန့်တွေ ဖတ်ရင်း သိလာတဲ့ အသိကတော့

မြန်မာ့နိုင်ငံရေးအတိုက်အခံများအလုပ်

၁.. ပေါကြောင်ကြောင် ဟာသများ ပြောရန်

၂.. ပေါက်တက်ကရဟာသပြောစရာမရှိက ကိုယ်လည်း အကျိုးမရှိ သူများလည်းအကျိုး တစ်ပြားသားမှမရှိတဲ့ စာများရေးရန်

၃.. အကျိုးမရှိတဲ့ စားများရေးရန်မရှိက ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုရန်


ကိုယ်လုပ်နေတာတွေကို ကိုယ်ပြန်ကြည့်ပြီး အချိန်မှီ သံဝေဂရအောင် ကြိုးစားကြလော့... ပညာမဲ့ပြီး စရိုက်ကျသော အဆင့်တန်းမဲ့ အတိုက်အခံအပေါင်းတို့...

မှန်လိုက်တာ..အကိုရာ...ဆဲဆိုဖို့ နဲ့ ရှုံ့ ချဖို့ တက်တဲ့ လူတွေက...ဒီမိုကရေစီကိုလိုချင်တာလည်းမဆန်းပါဝူး....အာဏာရချင်တာလည်းမလွန်ပါဝူး...နားလည်ပေးလိုက်ပါအကိုရာ..ဖြစ်လာမှာမှ..မဟုတ်တာ...အချိန်တန်တော့လည်း..လားရာဂူကိုပြန်အောင်းရမှာပါ..အစာတွေ့ နေသေးလို့ ပါ..ဘယ်ချိန်ကန်ထုတ်ကန်ခံရမလည်း..မျှော်မျှော်ပီး..အစာစောင့်နေတာလေ...လွှတ်ထားလိုက်ပါ...ပြောလိုက်အုံးမယ်..ဂူပြန်ဖို့ လမ်းကြောင်းလေး..ရှာထားအုံးလို့ ..တော်ကြာအရေးဆိုပြေးပေါက်မှားလို့ ..ဂူပြန်မရောက်ပဲဖြစ်သွားမှာစိုးလို့ ...ပါ..

ဟဲ့ အပေါ်ကကောင် ဘာလဲဟ အိုပါး ... ငါနဲ့နော် ... ကိုရီးယားရူးနဲ့လာတွေ့နေတယ် ... ကြည့်ပြောဦးနော် ... ဒီဆိုဒ်က နိုင်ငံခြားသားဆို သိပ်ကြည်တာမဟုတ်ဘူး ... တော်ကြာ အဘန်းခံနေရဦးမယ် ...

ငါ့ သားကြီး ရဲ့ ပေါကြောင်ကြောင် အခြေအမြစ်မရှိတဲ့ စာတို့ ..ဦးကျော်သူ ဘိုးတော်လို မုတ်ဆိတ်မွှေးတွေထားတာ သူ့ကို မဖမ်းနိုင်အောင် သူရဲတွေ မွေးထားတာတို့...အိုဘယ့်မရှု့ချင်ရဲ့ သားအင်ကျီရဲ့ ရင်ဘတ်က အရုပ်ကလေးက နအဖနဲ့ပြည်သူကို ဘာဘုတယ်ညာဘုတယ်တို့...ခိုလေးကတောင် သူလိုချင်တာ ယူနိုင်သေးတာပဲ ငါတို့က ဘာလို့လိုချင်တာ မယူနီုင်ရမှာလဲတို့ အစသဖြင့် ပေါကြောင်ကြောင် လုပ်ရပ်တွေလုပ်ပြီးကျေနပ်နေတဲ့ ဥာဏ်ကြီးရှင်ကြီးတွေပါ...အဲ့ဒီ့ဥာဏ်ကြီးရှင်ဘိုးဘိုးတွေနဲ့သူတို့ဟောစတမ်းတွေကို ယုံတဲ့ အီးယောင်ဝါး အရူးတွေ အမြဲလုပ်တဲ့အလုပ်ကတော့ သူတို့ရဲ့ အတိုက်အခံဘလော့တိုင်းကို အမိယုတ်တော့ နှုတ်ကြမ်းဆိုသည့်အတိုင်း လိုက်လံဆဲဆိုကြခြင်းအလုပ်ပါ..။

မြန်မာ့တပ်မတော်ခေါင်းဆောင်တွေကို ရှိကြီးခိုးပါရဲ့။ ပြည်သူတွေကို ညှာပါဦးဗျာ။ ငတ်နေပါပြီ။ နောက်ကိုဒီမိုကရေစီ မတောင်းတော့ပါဘူး။အရှုံးပေးပါပြီ။ မော်မကြည့်တော့ပါဘူး။ ကြောက်ပါပြီဗျာ။

ကြားရတာစိတ်မကောင်းလိုက်တာ ... သနားတောင် သနားသွားတယ် ...

ဟေ့ သန်းေ၇ွှကြီးကြားလား ... ကောင်းကောင်းနေ ... ပြည်သူတွေကို သနားဦး ...

အဲဒါဆို မင်းငရဲပြည့်မလာခင် လူ့ပြည့်မှာ visa extension တိုးပေးမယ် ...

သူမသွားခင်..အပေါ်ကလူကအရင်သွားရမှာ....ခေါ်လိုက်တဲ့ အခေါ်အဝေါ်နဲ့ ...နာမည်ကိုက...စီးနေတာ...ဟီးးးးးးးးငရဲမင်းတဲ့ ...နာမည်ကိုကကျက်သရေတုံးနေတော့...ပြောတဲ့ စကားတွေကလည်း..ဘယ်လိုကောင်းမလည်း..သေချာပြောပြထားတဲ့ ဟာကျတော့နားမထောင်ဝူး..ပေါက်ကရလောက်ပြောဖို့ တတ်တယ်...ဘာမှလည်းအကြောင်းအကျိုးမသိ...ကိုထင်ကုတင်ရွှေနန်း..လုပ်မနေနဲ့ ....အချိန်မတန်ပဲ နပိန်ကန်သွားမယ်.....ကိုယ့် လူ..သဘောပေါက်...

မင်းအရူးလားကွာ ... သန်းရွှေအကြောင်း သူတောင်းစားသွားမေးတောင် သိတယ် ... သူတို့တောင် အမှန်တရားသိတယ် ... သန်းရွှေသေပြီးရင် ဘယ်သွားမလဲလို့ သူတို့မေးကြည့် အပါယ်သွားမှာပဲလို့ ဖြေမှာ ... သူတို့တောင် စဉ်းစားတတ်တယ် ...

မင်းက သူတောင်းစားလောက်တောင် မစဉ်းစားတတ်ရင် ... ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဦး ... ဆရာကြီးပုံစံနဲ့ ... တစ်ကယ်ဆို မင်းအခြေအနေက သူတောင်းစားလောက်တောင် ဟန်တာမဟုတ်ဘူး ...

ဆောင်းပါးက..ကောင်းမွန်စွာရေးထားပေမယ့်..
ကွန်မင့်တွေက..စည်းမရှိအဆင့်မရှိ..နဲ့..မရှက်ကြဘူးလား..။

ဘယ်ဖက်က ရပ်ရပ်..အဆင့်ရှိရှိ..ရပ်ပါ..။သိက္ခာ ရှိရှိ ရပ်ပါ..။

စည်း နဲ့  ကမ်း နဲ့ ..ဝေဖန် ပါ..။
အကြံပြုပါ..။ရေးသားကြပါ..။

ခိုင်းလို့ ပဲလုပ်လုပ်..ယုံကြည်လို့ ပဲလုပ်လုပ်...
ယဉ်ကျေးမှုတော့ရှိကြပေါ့...။

ဒီစာကို ဖတ်မိရင်...ခေါင်းဆောင် ဆိုသူ တွေ..
သေချာစဉ်းစားကြပါ..။
ကိုယ့်လူကိုယ် ထိန်းကြပါ..။

ဒါပါပဲ..။

ဆောက်ရူးဘလော့ကိုရောက်လို့ ဆောက်ရမ်းစိတ်ညစ်သွားပါတယ်
အဟောင်ဆုံးစစ်ခွေးကို ခွေးချုပ်သန်းရွှေက
ဘာအမဲရိုးပေးမှာမို့ ဒီလောက် ဟောင်နေကြလဲ မသိပါ
တိုင်းပြည်ကြီးနွံထဲမြုပ်နေတာတောင်
ငါကယ်ထားလို့ ငါပဲကယ်မယ် ငါထပ်ကယ်မယ်တွေနဲ့ တွေ့နေတယ်

ဒီဆောင်းပါးကရေးပုံအရဆိုရင်ဗိုလ်ချုပ်အောင်ဆန်းဟာနိုင်ငံပြိုကွဲအောင်လုပ်ခဲ့တယ်ပေါ့?သမိုင်းမှာသင်တာကတစ်မျိုးပဲနော်။ကြည့်ရတာသမိုင်းဆရာတွေကဆောင်းပါးရှင်လောက်အရည်အချင်းရှိပုံမရဘူး။သမိုင်းစာအုပ်ကမှားတာဖြစ်ရမယ်။

(သူ့ဘာသူ ခွပ်ဒေါင်းပဲဖြစ်ဖြစ်၊ က ဒေါင်းပဲဖြစ်ဖြစ် တိရစ္ဆာန်က တိရစ္ဆာန်ပဲ။ တိရစ္ဆာန်ကို နိုင်ငံ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခုရဲ့ ကိုယ်စားပြု အလံ လုပ်ပြီး ဦးညွတ်နေကြမှတော့ အဲ့ဒီလူတွေအားလုံးက တိရစ္ဆာန်လောက်ကို မမြင့်မြတ်လို့ပေါ့။ )
အဲဒီစာသားက ဒေါင်းကိုပဲပြောတာလား? ခြသေ့င်္ရောပါသေးလား?

်အလံမှာ ခြင်္သေ့ပုံတင်ပြီး ဘယ်သူတွေက ဦးညွတ်နေလို့လဲ...အလံမှာ တိရစ္ဆာန်ကိုတင်ပြီး ဦးညွတ်နေကြတဲ့ အရူးတွေကိုပဲ တွေ့ဖူးပါတယ်..ဒါ့အပြင် ပိုက်ဆံမှာ ပါတဲ့ခြင်္သေ့ကိုရော ဘယ်သူကဦးညွတ်နေလို့လဲ....?

်အလံမှာ ခြင်္သေ့ပုံတင်ပြီး ဘယ်သူတွေက ဦးညွတ်နေလို့လဲ...အလံမှာ ခွပ်ဒေါင်းတိရစ္ဆာန်ကိုတင်ပြီး ဦးညွတ်နေကြတဲ့ အရူးတွေကိုတော့ တွေ့ဖူးပါတယ်..ဒါ့အပြင် ပိုက်ဆံမှာ ပါတဲ့ခြင်္သေ့ကိုရော ဘယ်သူကဦးညွတ်နေလို့လဲ....?

ဒီမိုတွေ ဘီယို တွေလျှောက်ပြောမနေနဲ့ ။
သန်းခြောက်ဆယ်လူထုမှာ ဒီမိုနဲ့ တန်တဲ့သူ 10%မရှိ။ပဒေသရာဇ်ခေတ်နဲ့ တန်တဲ့ သူဘဲများတယ် ။
ထုတ်ပြန်ထားတဲ့ ဥပဒေကို မလိုက်နာတဲ့ သူသတ် ။။
ဒီလို လုပ်ဖို့ဘဲကောင်းတယ် ။

တစ်ချမ်းစီ စိပ်ပြီးမှ ပြန်စီးချင်းဆိုတာ တွေးကြည့်ရင် သိပ်မှန်တာဘဲဗျာ

ခွပ်ဒေါင်းမဟုပ်ဘူး ဖွတ်ဒေါင်း

ကကြီး ကနေ အ အထိ အကုန်မရ အစဉ် အလိုက် လည်းမရ ဒါနဲ့ များေံလျှာက်ရေးသေးတယ်
Zzz

ဥာဏ်ပညာမဲ့သူတို့သည် သူတစ်ပါးအားအပြစ်တင်တတ် ၏ လှောင်ပြောင်သရော်တတ်၏ စွပ်စွဲပြောဆိုတတ်၏ ထိုသူတို့ဥာဏ်ပညာမဲ့ကြောင်ဖုံးကွယ်လိုသဖြင့် ရူးချင်ယောင်ဆောင်တတ်၏ ညစ်ညမ်းစွာဆဲပြ၏ အဆိုပါ ပညာမဲ့သူများကား ယောရုဝသို့ ဦးတည်ပြီဖြစ်၍ ဆည်းကပ်သူများပါ ကောင်းကျိုးမပေးချေ။

မျိုးချစ်စိတ်မရှိဘဲ ကိုယ့်အစိုးရကိုကိုယ်မုန်တီးတဲ့စိတ်တွေပဲ ရှိနေတဲ့ မြန်မာနိုင်ငံသားအားလုံး စောက်သုံးမကျတဲ့ကောင်တွေလို့ ငါပြောချင်တယ် မြန်မာမှာစနစ်မှားနေချိန် ကြီးပွားလာတဲ့ကိုယ့်လူမျိုးချင်းကြတော့ ခါးခါးသီးသီးမုန်းတီးတတ်ကြတယ် ကမ္ဘာမှာစနစ်တွေဆိုးခဲ့စဉ်က နိုင်ငံအသီးသီးရဲ့ပိုင်ဆိုင်မှုတွေကို ဓားပြတွေလိုလက်နက်အားကိုးနဲ့ သိမ်းယူပြီး ချမ်းသာလာခဲ့တဲ့နိုင်ငံတွေက အခုခောတ်ကြမှ ရှေ့ဆောင်လမ်းပြနိုင်ငံတွေလို ရပ်တည်နေတဲ့ ကမ္ဘာ့ ခရိုနီနိုင်ငံတွေကိုတော့ အရမ်းကိုလေးစားပြီး ကျွန်ခံချင်နေကြတယ် မြန်မာတွေနိမ့်ကျတာ အစိုးရမကောင်းလို့ပဲပုံချနေတဲ့ကောင်တွေအားလုံး မကောင်းတဲ့အစိုးရနှစ်ရှည်လများအုပ်ချုပ်လို့ရတယ်ဆိုကတည်းက အဲဒီနိုင်ငံသားတွေစောက်သုံးမကျတဲ့ကောင်တွေဖြစ်လို့ဆိုတာ နားလည်ထားကြ အရင်ဆုံး ကိုယ့်ကိုကိုယ် စောက်သုံးကျဖို့ ကြိုးစားကြ တိုင်းရင်းသားတွေလည်းစဉ်းစားကြ ကချင်ပြည်နယ်လို့ခေါ်ပေမယ့် ကချင်တွေချည်းနေတဲ့ပြည်နယ်မဟုတ်ဘူး ရှမ်းပြည်နယ်ဆိုတာလည်း ရှမ်းတွေချည်းနေတဲ့ပြည်နယ်မဟုတ်တော့ဘူး အားလုံးဟာ စုစည်းရောထွေးသွားခဲ့ပြီးပြီ ခွဲထုတ်ဖို့ ကြိုးစားမနေနဲ့တော့ ရှေ့ကိုရွေ့ဖို့ ပြိုင်တူတွန်းရမယ့်အချိန်လို့ သတ်မှတ်ကြ

ဟဲဟဲ...ဒါကတော့

မင်းလိုစောက်ရူးကြောင့်တိုင်းပြည်မတိုးတက်
တာ

Ko Kyaw Lin Oo . Great author.

လေးစားပါတယ်ဗျာ

လေးစားပါတယမ

အစိုးရမကောင်းဘူး........အစိုးရမကောင်းဘူး........ပြည်သူတွေကအမြဲအပုတ်ချပြောဆိုနေတယ်.......ပြည်သူတွေက ရောစည်းကမ်းရှိကျရဲ့လား ........?ဘာဘဲလုပ်လုပ်အကောင်းမမြင်ကျတော့ဘူး။ အကြံပြုချင်ပါတယ်......တောင်းနေတဲ့သူတောင်းစားတွေကိုခေတ္တခဏလောက်မြို့နယ်လေးဘဲအုပ်ချုပ်ခိုင်းကြည့် စမ်းပါ အဲ့ဒီအချိန်ကျရင် မင်းတို့လိုဒီမိုကျရစီကွလို့ပြန်အော်ကြည့်မယ်ကွာ........?

ဒီမိုကရေစီ အတိုက်အခံတွေကိုကြည့်ရင်စောက်ဆင့်မရှိတဲ့ကောင်တွေကများပါတယ်။ဟုတ်ပါတယ်လေ သူတို့ခေါင်းဆောင်ဆိုတဲ့လူကိုယ်တိုင်ကအရည်အချင်းမှမရှိတာကိုး

အပေါ်ကcommentပေးထားတဲ့ကောင်တွေအားလုံးဒီမိုကရေစီနဲ့မထိုက်တန်ဘူး

အေး ဟုတ် တယ် မင်း လည်း အ တူ တူ ဘဲ ငါ လည်း ပါ တယ်

1-BOGYOKE AUNG SAN DID THE GREAT JOB FOR OUR
COUNTRY.
2-BOGYOKE AUNG SAN TRY TO GET PILON AGREEMENT
TO GET WHOLE COUNTRY INDEPENDENT.
3-BOGYOKE AUNG SAN TRY TO MAKE NATIONAL
UNITY.
4-LOOK LIKE ALL PARTIES/GROUPS SIGNING
AGREEMENT IS NOT FULLY UNDERSTAND THE
FEDERAL AND STATES SYSTEM.
5-MANY POLITICIANS POINT OUT THE PILON
AGREEMENT AND DEMANDING FOR OWN
STATES AND TO SEPARATE FROM FEDERAL.
5-THEY ALL DEMANDING THEY LIKE FEDERAL AND
STATES SYSTEM LIKE "UNITED STATES OF
AMERICA".
6-POLITICIANS ARE ASKING FOR A STATE FOR
EACH GROUP.
7-IN UNITED STATES OF AMERICA HAVE TOTAL
FIFTY STATES;BUT ALL STATES ARE DIVIDED
OR SEPARATED FOR CONVENIENT REGIONAL
CONTROL.
8-STATES ARE NOT SEPARATED BY RACE SUCH AS
WHITE MAN STATE,BLACK MAN STATE ETC...
9-OUR POLITICIANS ARE DEMANDING STATE FOR
EACH RACE.
10-ALL OUR GROUPS NEVER ASK SUCH THING TO
BRITISH GOVERNMENT.ALL LOOK LIKE HAPPY AND
PEACEFUL UNDER BRITISH RULE.WHY ?
11-STILL UP TO NOW MANY GROUPS THINK BRITISH
IS GOOD FOR THEM.BRITISH MADE DIVIDE AND
RULE OUR COUNTRY.
12-NOW A DAY IF WE CHECK VERY CLOSELY WE
WILL FIND MANY FAMILIES ARE CROSSED
MARRIAGE AND CONSISTED ALL GROUPS.
13-WE ALL BETTER REMOVE THE DIFFERENCE AND
DISTRUST AND BETTER STAY PEACEFULLY.
14-IN FEDERAL AND STATE SYSTEM AND STATES
MUST OBEY THE FEDERAL ORDER.
15-FEDERAL GOVERNMENT ONLY HAVE THE ARMED
FORCES BUT STATES ARE ONLY ALLOW TO HAVE
POLICE FORCES AND NATIONAL GUARDS.
16-WE ALL RACES BEEN LIVING PEACEFULLY FOR
MORE THAN 80 YEARS.
17-WE NOTICE ONLY POLITICIAN ARE
FIGHTING.AND WE BETTER STOP ALL FIGHTING
AND BETTER LIVING PEACEFULLY.
18-WE ALL SHOULD STAY UNITED OTHERWISE ONCE
AGAIN WE ALL BECOME SLAVE OF....?
19-WE BETTER STAY UNITED AND TO FIGHT AGAINST
THE FOREIGN INFLUENCES AND INTERVENTIONS.
20-PLEASE WATCH OUT OUR ENEMIES ARE SO CLOSE
CLOSE CLOSE CLOSE....

WITH MYITTA

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်