Subscribe to our RSS Feed

ရန်ကုန်သင်္ကြန်မဏ္ဍပ် အာမခံစပေါ်ငွေ တိုးမြှင့်

From : ..popular

သင်္ကြန်မဏ္ဍပ် တည်ဆောက်မှုအတွက် အာမခံစပေါ်ငွေကို ၂ဝ၁၂ ခုနှစ်ထက် တိုးမြှင့်သတ်မှတ်ထားကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

၂ဝ၁၂ ခုနှစ်တွင် သင်္ကြန် မဏ္ဍပ်ကြီးများအတွက် အာမခံ စပေါ်ငွေကို ကျပ် သိန်း ၅ဝ ထား ရှိသော်လည်း ယခုနှစ်တွင် ကျပ် ၇၅ သိန်းသို့ တိုးမြှင့်ခဲ့ပြီး မဏ္ဍပ် အလတ်များကို ယခင် ကျပ် သိန်း ၃ဝ မှ ၄၅ သိန်းသို့ တိုးမြှင့် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ”သစ်ပင်တွေ၊ ပလက်ဖောင်း တွေ ပျက်စီး ရင် လျော်ကြေးနုတ် ယူနိုင်ဖို့ ခေတ်ကာလနဲ့အညီ တိုး သတ်မှတ်လိုက်ရတာပါ” ဟု ရန် ကုန်စည်ပင် လမ်း၊ တံတားဌာနမှ အကြီးတန်းအရာရှိတစ်ဦး က ပြော သည်။သင်္ကြန်ကာလ အတွင်း ပျက် စီးဆုံးရှုံးမှုတွင် သစ်ပင်များ ပျက်စီး မှုသာ များပြားပြီး မဏ္ဍပ်အနည်း ငယ်သာ လျော်ကြေးပေးဆောင် ရသည်ဟု ၄င်းက ပြောသည်။

”မနှစ်ကဆို လျော်ကြေးပေး ရတာ မဏ္ဍပ်အားလုံးရဲ့ သုံးပုံ ပုံ တစ်ပုံတောင် မရှိပါဘူး” ဟု ၄င်း က ဆက်လက်ပြော သည်။ယခုနှစ် သင်္ကြန်တွင် ပုဂ္ဂလိ က မဏ္ဍပ် ၃၇ ခု ခွင့်ပြုထားပြီး မဏ္ဍပ်ဆောက်လုပ်ရန်အတွက် ခွင့် ပြုချက် ရရှိသူသည် အခြားသူများ သို့ ငှားရ မ်းခြင်း၊ လွှဲပြောင်းရောင်း ချခြင်း ပြုလုပ်ခွင့်မရှိဘဲ လျှောက် ထားသူကိုယ်တိုင် ဆောက်လုပ် အသုံးပြုရမည်ဟုရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စည်းကမ်း ချက် ချမှတ်ထားသည်။ လိုက်နာ မှု မရှိပါက ရောင်းချသူနှင့် ငှားရမ်း သူ နှစ်ဦးစလုံး အရေးယူခြင်း ခံရ မည်ဟု သိရသည်။
 

 .. www.MyanmarExpress.net
 

1 comments:

စည်ပင်သူခိုးတွေအတွက်ပါကွာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်