Subscribe to our RSS Feed

အဖမ်းခံရရန်ညွှန်ပြနေသည့်တရားခံပြေး၏အင်္ကျီ

From : ..hot news


မိမိကိုယ်တိုင်နားမလည်သည့် ဘာသာစကားဖြင့်ရေးသားထား သောစာသားများပါရှိသည့်အင်္ကျီ များအားဝတ်ဆင်ခြင်းမပြုရန် သင်ခန်းစာပေးသည့်အဖြစ်အပျက် တစ်ခုပင်ဖြစသည်။
တရုတ်နိုင်ငံ၊ ယွန်လင်းခရိုင် တောင်ပိုင်းရှိ ဟူဝီမြို့တွင်တရားခံ ပြေးတစ်ဦးသည် Wante (အလိုရှိသည်)ဟူသော စာတန်းရေးထိုးထားသည့် အင်္ကျီအားဝတ်ဆင်ထားသဖြင့် ယခုလစောစောပိုင်းက အဖမ်းခ ခဲ့ရကြောင်း ရဲဌာနမှ ပြောရေး ဆို ခွင့်ရှိသူတစ်ဦးကပြောကြား လိုက်သည်။
ဝူ ဟုအမည်တစ်လုံးတည်း သာဖော်ပြထားသည် ထိုတရားခံပြေးသည် အင်္ဂလိပ်စာလုံးဝမ တတ်သဖြင့် သူ၏သားဖြစ်သူ က လက်ဆောင်ပေးထားသော ထိုအင်္ကျီပေါ်ရှိ အင်္ဂလိပ်စာမှာ မည်သည့်အဓိပ္ပာယ်သက်ရောက် သည်ကို လုံးဝမသိရှိခဲ့ပေ။
သို့သော်အပြင်သို့ထွက် လာချိန်တွင် လှည့်ကင်းရဲအရာရှိ တစ်ဦးကအားမေးမြန်းသောအခါ တွင်မှသာတီရှပ်ပေါ်ရှိစာသားများ အား မယုံသင်္ကာဖြစ်လာခဲ့ ရသည်။ နှင့်ရဲအရာရှိတို့၏ အပြန်အလှန်ပြောဆိုမှုက ၎င်းအား ပိုမိုမေးခွန်းထုတ် စရာများဖြစ် ပေါ် လာစေခဲ့ပြီး ၏တုန်လှုပ် ခြောက်ခြားမှုဖြစ်ပေါ်နေခြင်းမှာ လည်းသိသာထင်ရှားနေခဲ့သည်။
ထို့ကြောင့်ရဲအရာရှိက ၀ူ၏အချက်အလက်များအား ရဲမှတ်တမ်းနှင့်တိုက်ဆိုင်စစ်ဆေး ခဲ့ရာ ၀ူ သည်မူးယစ်ဆေးဝါး နှင့်ပတ်သက်၍ ပြစ်မှုမှတ်တမ်းရှိ ထားသူဖြစ်သဖြင့်အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။


.. www.MyanmarExpress.net
 

1 comments:

မ ရေး ရင် သိ မှာ မ ဟုတ် ပါ မ ပြော ပြန် ရင် လဲ ပို ဆိုး မှာ ပေါ့ တ ဖက် သား ကို ဒုက္ခ မ ရောက် စေ ခိင် ပါ သို့ သော် မ ရေး တဲ့ အ ခါ မ ပြော တဲ့ အ ခါ လူ ငယ် လူ ရွယ် ၁၆ နှစ် ၁၇ နှစ် က စ လို့ ပျိက် စီး ကုန် ပါ ပြိ ဒါ ကြောင့် ဒီ စာ ကို အာဏာ ပိုင် အ ဖွဲ့ အ စည်း မှ ထိ ရောက် စွာ အ ရေး ယူ ပေး ပါ

ပ ခုက္ကူ မြို့ တွင် ဆေး ပြား များ ပြန့် နှံ့ နေ ပါ သည် ရောင်း သူ များ ကို အာ ဏာ ပိုင် များ သိ ရှိ သော် လဲ အ ရေး မ ယူ ပါ ရောင်း သူ သည် ၂ ကြိမ် ပြသာနာ ဖြစ် ဘူး ပါ ပြိ အ ဖမ်း မ ခံ ရ ပါ အ ဝေး ပြေး လမ်း မ တွင် ဆတ် ကား တ စီး မီး လောင် ရာ တွင် မီး မ ငြိမ်း နိုင် လို့ ထား ပစ် ခဲ့ ရာ တွင် သက် ဆိုင် ရာ မှ ရှာ ဖွေ ရာ ဆေး ပြား များ တွေ့ ရှိ ရပါ သည် ၎င်း ပိုင် ရှင် သည် ပ ခုက္ကူ မှ ဖြစ် ပါ သည် ပ ခုက္ကူ အာ ဏာ ပိုင် အ ဖွဲ့ များ သည် ဆေး ပြား လုပ် သူ ကို သိ ပေ မဲ့ မ ထမ်း ပါ ဖြစ် တုးံ ခ ဏ ရှောင် ခိုင် ထား ခြင်း ဖြစ် ပါ သည် ဆေး ပြား တွေ ထောင် ချီ လုပ် သူ ကို သိ ရဲ့ နဲ့ မ ဖမ်း တာ ဟာ စဉ်း စား ကြည့် ကြ ပါ ငွေယူ ထား လို့ ပါ က လေး တွေ အ တော် များ များ ပျက် စိး ကုန် ပါ ပြိ အ စိုး ရ မှ အ ရေး ယူ ပေး ပါ ကူ ညီကြ ပါ ဆေး ပြား တွေ ထောင် ချီ လုပ် သူ ကို သိ ပါ သည် ပ ခုက္ကူ အာ ဏာ ပိုင် များ ကို ထိ ရောက် စွာ အ ရေး ယူ ပေး ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်