Subscribe to our RSS Feed

ရန်ကုန်မြစ်အတွင်း ငါးသလောက်ပိုက်ဖော်ရာမှ ကျည်ဆံများတွေ့ရှိ

From : ..popular

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ခနောင်မီးခြစ်စက် ကျေးရွာအရှေ့ဘက် ၄ ဖာလုံခန့်အကွာ
ရန်ကုန်မြစ်အတွင်း မတ်၂၄ရက်နေ့လည်က ခနောင်မီးခြစ်ကျေးရွာနေ ကို-----(၂၆)နှစ်သည်
ငါးသလောက်ပိုက်ဖော်စဉ် အလျား၊ အနံ ၆ လက်မခန့်ရှိ
လေးထောင့်ပုံ ရွှံ့စေးတုံး ၁ တုံး ပိုက်အတွင်းပါလာသဖြင့် နေအိမ်သို့ယူဆောင်သွားကြောင်း
သတင်းအရ ဒလရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရခိုင်ချောင်ရေတပ်ပင်မလက်နက်ခဲယမ်းမီးကျောက်တပ်မှ
တပ်မတော်သားများက သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ ရေတပ်သင်္ဘောစက္ကလေးသုံး အသုံးပြု၍ရသည့် ဒဿမ ၅ အမျိုးအစားကျည်ဆံ ၆၉ တောင့်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်
ဒလရဲစခန်း၌ထိန်းသိမ်းထားပြီး သက်ဆိုင်ရာတပ်သို့အပ်နှံသွားရန်စီစဉ်ထားကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။t


 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်