Subscribe to our RSS Feed

မိတ္ထီလာ မြို့နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းများသို့ ငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်း

From : ..MWD

နေပြည်တော်   မတ်   ၃ဝ
ယမန်နေ့ နံနက် ၁ဝ နာရီက ဆက်သွယ်ရေး ရိပ်သာ ခန်းမတွင် ကျင်းပ သည့် မိတ္ထီလာမြို့၌ ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ယာယီ ခိုလှုံလျက် ရှိသော ဒုက္ခသည်များ အတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေနှင့် တာဝန် ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ဗိုလ်ချုပ် ဇော်ဝင်းက အလှူရှင်များ ကိုယ်စား လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဆန်အိတ် ၁ဝဝဝ၊ မိတ္ထီလာ မြို့နယ် ကျောင်းသားဟောင်းများ အဖွဲ့က ဆန်အိတ် ၁ဝဝဝ၊ ယူနိုက်တက် အမရဘဏ်က ငွေကျပ် သိန်း ၁ဝဝ၊ Aromar ကုမ္ပဏီက ခေါက်ဆွဲခြောက် ၄၇ ဖာ၊ သီဟမင်းဆွေ ကုမ္ပဏီက  စားဆီ ပိဿာ ၃၆ဝ ၊ ကေအေ ကုမ္ပဏီက တစ်လီတာ ရေသန့် ဘူး ၃ဝဝဝ လုံး၊ Soe & Sons ကုမ္ပဏီက ခြုံစောင် ၁၁၇၂ ထည်၊ ကျားလုံချည် ၅ဝဝ ထည်၊ မလုံချည် ၄၅ဝ ထည်၊ စုစုပေါင်း ငွေကျပ် သိန်း ၅၅၉ ဒသမ ၈ဝ  တန်ဖိုးရှိ အလှူငွေနှင့် စားသောက်ကုန် အဝတ်အထည် ပစ္စည်းများအား ပေးအပ် လှူဒါန်းရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်  ဦးရဲမြင့် နှင့် ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေတို့က လက်ခံ ရယူပြီး   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။
ဆက်လက်၍ နယ်စပ်ရေးရာ ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးနှင့် အဖွဲ့သည် အ.ထ.က(၁)နှင့် မကျီးကုန်း ကျောင်းတိုက်တို့၌ ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ယာယီ ခိုလှုံလျက် ရှိသော ဒုက္ခသည် များအား တွေ့ဆုံ ၍ ကျန်းမာ သန့်ရှင်းရေး၊ နေထိုင် စား သောက်ရေး အခြေအနေ များအား ကြည့်ရှု အားပေးကာ အ.ထ.က(၁)တွင် အလှူ ငွေ ကျပ်နှစ်သိန်း၊ မကျီးကုန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒရထံ အလှူ ငွေကျပ် ၁၅ သိန်းတို့ ပေးအပ် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။ 

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်