Subscribe to our RSS Feed
သမ္မတကြီး ဦးသိန်းစိန်၏ မိန့် ခွန်း ရာခိုင်နုံးပြည့် ထောက်ခံသည်
From : ..ခိုင်အောင်ကျော် ( နယူးယောက် )
 ( ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ် ။ )
    ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်၏ မိတ္ထိလာအရေးအခင်းနှင့် စပ်လျှဉ်းပြီး ယနေ့ ကြေညာသောမိန့် ခွန်းသည် ပြည်သူတရပ်လုံးအတွက် ရာခိုင်နုံးပြည့်ထောက်ခံရမည့် မိန့် ခွန်းဖြစ်သည် ။ သို့ အတူ ပြည်ပတွင်နေထိုင်သော ကျွန်တော်တို့ ကလည်း အကြွင်းမဲ့ ထောက်ခံသည် ။ အထက်ပါမိန့် ခွန်းကို ကြည့်ခြင်းအားဖြင့် သမ္မတကြီးသည် ပြည်သူတရပ်လုံးနှင့် နိုင်ငံတော်ကြီး တခုလုံးအား ကြီးမားသောစိန်ခေါ်မှုများကို နှလုံးမူကာ ကမ္ဘာသို့  ကြေညာပေးလိုက်သော အသံဖြစ်သည် ။ သမ္မတကြီး၏ တိကျသောပြောဆိုမှုသည် အနောဂါတ်အရေးကို မျှော်မှန်းပြီး ထောက်ပြထားခြင်းဖြစ်ရာ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများအားလုံး မမှိတ်မသုံ အစိုးရနှင့်အတူ ၀ိုင်းဝန်းကူညီ ပူးပေါင်းရန်မှာလည်း အမျိုးသားရေးတာဝန်ဖြစ်သည် ။
    မြန်မာနိုင်ငံသည် ဗုဒ္ဒဘာသာကို ကိုးကွယ်ယုံကြည်သောနိုင်ငံဖြစ်သော်လည်း အခြားသောဘာသာများကို ကိုးကွယ်ယုံကြည့်ခွင့်အား ခွင့်ပြုပေးထားသောနိုင်ငံဖြစ်သည် ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာပင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း လွပ်လပ်စွာကိုးကွယ်မှု ။ လွပ်လပ်စွာဘာသာရေး စာအုပ်စာပေဖြန့် ချီမှု ၊ လွပ်လပ်စွာဘာသာရေးတရားဟောပြောမှုတို့ ကို ဥပဒေအရ ခံစားနိုင်ခွင့် ရှိသည်ဟု ဖွင့်ဆိုဖေါ်ပြထားသည် ။ ဤသည်မှာ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့ စည်းထားသော နိုင်ငံတော်ဖြစ်သလို လူမျိုးခြားများလည်း ရောပြွမ်းနေထိုင်လျှက်ရှိကြရာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော မည်သည့်လူမျိုးမဆို မိမိတို့  ယုံကြည်ရာကို လွပ်လပ်စွာကိုးကွယ်ခွင့် ပေးထားသော နိုင်ငံတကာစံချိန်မှီ နိုင်ငံတော်ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် အချို့ သောဘာသာရေးအစွဲအလမ်းကြီးမားသော နိုင်ငံများတွင် ဘာသာရေးလွပ်လပ်ခွင့်မရှိဘဲ ဘာသာမတူ ယုံကြည်ရာကို ကိုးကွယ်သည်နှင့် ရက်ရက်စက်သတ်ဖြတ်ခံရခြင်းတို့ ကို နေ့ စဉ်မြင်တွေ့ နေကြရသည် ။ ဘာသာရေးကြောင့် သွေန်းစွန်းနေကြသည် ။ ထို့ ကြောင့်ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံမှာမူ ဘာသာပေါင်းစုံကိုးကွယ်နိုင်သော နိုင်ငံဖြစ်သည်ဟု ၀င့်ကြွးစွာ ဂုဏ်ယူပြောဆိုနိုင်သောနိုင်ငံဖြစ်နေသည် ။
      ယခုလတ်တလောတွင် မြန်မာနိုင်ငံ၌ ဘာသာရေးကွဲပြားကြသူများမှာ ပဋိပက္ခများဖြစ်ပေါ်နေကြရာ ကြားရသူမြင်တွေ့ ရသူအပေါင်း စိတ်နှလုံး မချမ်းမြေ့စွာဖြင့် ခံစားနေဖြစ်ကြရသည် ။ ဤကဲ့ သို့ သာသနာဖန်တီးကြသူများမှာလည်း ဘာသာခြားများပင် အစကနဦး ပြုလုပ်ဖန်တီးမြဲ ဖြစ်နေသည်ကို တွေ့ ရသည် ။ အဆိုးဆုံးစိတ်ခံစားရမှုမှာ ကျွန်တော်တို့ ၏ ဘုရားရှင်အား ဆဲဆိုစော်ကား ခွေးနှင့်နိုင်းကာ ပြောဆိုရေးသားနေသောသူများ ၊ ဆရာတော်ရဟန်းသင်္ဃာတော်များအား အထူးသဖြင့် အရှင်ဦးဝီရသူအား မြန်မာလူမျိုးများက စော်ကားမော်ကား ရေးသားနေသူများ ၊ ဗုဒ္ဒဘာသာဝင်တို့ ၏ -၉၆၉-ဆိုသော တရားတော်စာပိုဒ်အား မထီမဲ့ မြင်ရေးသား ပုတ်ခပ်နေသူများကို မြင်တွေ့ ရခြင်းကြောင့် ခံစားရဖြစ်သည် ။  ဗုဒ္ဒဘာသာဝင်များနိုင်ငံမှာ ဗုဒ္ဒ၏ တရားတော်များကို ချီးမွှမ်းစာများ ရေးသားခွင့်၊ စာရွက်စာတမ်းကပ်ခွင့်ကိုပင် အကြမ်းဖက်ရေးသားဆောင်ရွက်နေကြသည်ဟု ပြောနေသည်ကို မြင်ရရာ လွန်စွာ ရယ်မောစရာဖြစ်သည် ။ သည်းခံခြင်းပါရမီနှင့် ပြည့်စုံသောဗုဒ္ဒဘုရားရှင်သည် ကျွန်တော်တို့ အား သင်ကြားညွှန်ပြ ပေးသနားတော်မူပြီးထားဖြစ်၍ ကျွန်တော်တို့  ဗုဒ္ဒဘာသာဝင်များအဖို့  သည်းခံခြင်းတရားကို လက်ခံထားကြသူများဖြစ်သည် ။ ကျွန်တော်မြင်တွေ့  သိသရွေ့ ပြောရမည်ဆိုလျှင် ဘာသာတရားနှင့် ပတ်သက်၍ မခံမရပ်နိုင်ဖြစ်နေကြသူများမှာ မြန်မာနိုင်ငံသားဗုဒ္ဒဘာသာဝင်များ မဟုတ်ဘဲ မူဆလင်ဘာသာဝင်များနှင့် မြန်မာလူမျိုးဟု ဆိုပြီး မူဆလင်ဘာသာဝင်များဖက်မှ လိုက်လံချေပ လှုံ့ ဆော် ရေးသားနေသူများမှာ အဆိုးဆုံးဖြစ်နေသည်ကို မြင်တွေ့ နေရခြင်းဖြစ်သည် ။
    သည်တော့ ယနေ့ တွင် မိတ္ထိလာအရေးအခင်းနှင့် စပ်လျှဉ်းပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်သူတရပ်လုံးအား မိန့် ခွန်းပြောရာ၌ ဤသို့  ခြိမ်းခြောက်ပြောဆိုမှုများအပေါ် တုန့် ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်ဟုမြင်သည် ။  မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစုတို့ ၏ ဗုဒ္ဒဘာသာ သာသနာတော်ကို ကာကွယ်စောင့်ရှောက် ထိမ်းသိမ်းရေးနှင့် ပြည်သူတရပ်လုံး၏ အန္တာရယ်ဟူသမျှ ကာကွယ်စောင့်ရှောက်မည်ဟု ဂတိပေး ပြောဆိုခြင်းကား လွန်စွာအားရစရာ ကောင်းသည် ။ မည်သို့ ပင်ဖြစ်စေ နိုင်ငံတော်၏ အန္တာရယ်ကို ကြိုတင်မြင်နေသူများကလည်း မည်သူတို့ က သွေးထိုးလှုံ့ ဆော်နေသည် ၊ မည်သူတို့ က ကောလဟာလ ဖန်တီးနေသည် ၊ စသည်တို့ ကို ယောင်ဝါးနေပြီး ထုတ်ဖေါ်ပြောဆိုနေခြင်းထက် အစိုးရနှင့် ပူးပေါင်းပြီး  တိကျစွာ သတင်းအချက်အလက်များကို ဖန်တီးရယူရန်လိုသည် ။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကလည်း အစိုးရနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ထားရာ မြန်မာနိုင်ငံအတွင်းမှ မည်သည့်အဖွဲ့ အစည်းမဆို မိမိတို့  သိထားသော သတင်းအချက်အလက်များ ရှိသည်ဟု ဆိုသူများအနေဖြင့် အမြန်ဆုံးပူးပေါင်းကြရန်လိုသည် ။ သို့ မှသာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ မိန့် ခွန်းအား ရာခိုင်နုံးပြည့် ထောက်ခံပွဲကျင်းပကာ မြန်မာနိုင်တ၀ှမ်း တည်ငြိမ်အေးချမ်းရေးနှင့် ဗုဒ္ဒဘာသာစည်ပင်ပြန့် ပွါးရေးအတွက် ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည် ။
.. www.MyanmarExpress.net
7 comments:
မ ကွေး တိုး ပခု က္ကူ မြို့ ပတ် လမ်း သည် အာ စီယံ လမ်း ကျ သည် ဟု ပြော ကြ ပါ သည် မြို့ ပတ် လမမ်း သည် ကျင်း ပါ သည် လမ်း ဘေး ဝဲရာ နေ ရာ များ တွင် အိမ် များ စား သောက် ဆိုင် များ ဈေး ဆိုင် များ ဆီ ပန့် ဆိုင် များ လုးံ ဝ မ ထား သင့် ပါ ကား အ သွား အ လာ ခက် ခဲ ပြိး ယဉ် တိုက် မူ များ ဖြစ် ပေါ် လာ နိုင် ပါ သည် ကား များ ရပ် ပြိး စား သောက် ခြင်း ဈေး ။ယ် ခြင်း ပြု လုပ် လျှင် ယဉ် ကျေ ပိတ် ပြိး အ ခက် အ ခဲ များ ကြုံ လာ နိုင် ပါ သည် လမ်း သည် ကျင်း လှပါ သည် တ လမ်း တည်း ပါ နေ ပြည် တော် မှဆင်း ပြိး စစ် ဆေး သင့်  ပါ သည်
အင်း.......လမ်းဘေးဝဲယာမှာရှိတဲ့အိမ်တွေဆိုင်တွေအားလုံးကိုမီးရှို့ဖျက်သိမ်းပေးပါမယ်...နော်
အင်း.......လမ်းဘေးဝဲယာမှာရှိတဲ့အိမ်တွေဆိုင်တွေအားလုံးကိုမီးရှို့ဖျက်သိမ်းပေးပါမယ်...နော်
ကိုခိုင်အောင်ကျော် ရေးသားချက် များကို ထောက်ခံ ပါတယ် သမ္မတကြီး မိန့်ခွန်း အားထောက်ခံပါတယ်
iလုပ်လိုက် လေ အ ဆိုး မှန်း မ သိ အ ကောင်း မှန်း မ သ် င တုးံ ရဲ့
ဒီမိုကရေစီမလိုချင်ပါဘယ်စနစ်နဲ့အုပ်ချုပ်သည်ဖြစ်စေအုပ်ချုပ်သူလူတန်းစားသာကောင်းစားပါသည်တိုင်းပြည်ကိုအစ္စလာမ်အယူဝါဒကြီးစိုးသည့်မူဆလင်နိုင်ငံမဖြစ်ရေးကိုသာလိုလားပါသည်
ထောက်ခံရင်နင့်မာမီနဲ့ပေးစားလိုက်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်