Subscribe to our RSS Feed

အုတ်ဖို၊ မင်းလှနှင့် ကြို့ပင်ကောက်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

From : ..dvb


ပဲခူးတိုင်း အုတ်ဖို၊ မင်းလှနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ အကြမ်းဖက် ဖျက်ဆီးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ည ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ကြဖို့ ဒီနေ့ ရက်စွဲနဲ့ အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။
ကြို့ပင်ကောက်မြို့နယ်မှာ မတ် ၂၅ ရက် ည ၁၁ နာရီခွဲလောက် ဆူပူဖျက်ဆီးလိုသူတွေက နေအိမ်၊ ဆိုင်ခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေကို ဖျက်ဆီးလုပ်ဆောင်ခဲ့ကြကြောင်း၊ အုတ်ဖို မြို့နယ်မှာလည်း မတ် ၂၄ ရက် ည ၉ နာရီ ၄၅ မိနစ်ကစတင်ပြီး ဆူပူအကြမ်းဖက် လိုသူတွေက နေအိမ်၊ ဆိုင်ခန်း၊ ဘာသာရေး အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ကြကြောင်း၊ မင်းလှမြို့နယ် လက်ပံရေကျော် ကျေးရွာအုပ်စု၊ တာတွေ့ကျေးရွာနဲ့ စစ်ကွင်း ကျေးရွာတွေမှာလည်း ဆူပူအကြမ်းဖက် ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြတဲ့အတွက် အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ကစပြီး အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် မင်္ဂလာတောင်ညွန့်နဲ့  တာမွေမြို့နယ် မအူကုန်း ရပ်ကွက်အတွင်းမှာ မတ်လ ၂၄ ရက်နေ့ညသန်းခေါင်အချိန်တွေမှာ အကြမ်းဖက်လုပ်ရပ် လှုံ့ဆော်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေ ထိတ်လန့်ခဲ့ကြရပါတယ်။ 

.. www.MyanmarExpress.net
 

3 comments:

အကြမ်းဖက်သူများမဟုတ်ကြပါသာသနာသန့်ရှင်းရေးအတွက်နှင့်မြန်မာလူမျိုးစုအဓွန့်ရှည်တည်တံ့နိုင်ရေးအတွက်အစိုးရအသုံးမကျသောကြောင့်အနစ်နာခံဆောင်ရွက်နေကြသောသူရဲကောင်းများဖြစ်ကြပါသည် ဂုဏ်ယူပါ၏

အကြမ်းဖက်သူများမဟုတ်ကြပါသာသနာသန့်ရှင်းရေးအတွက်နှင့်မြန်မာလူမျိုးစုအဓွန့်ရှည်တည်တံ့နိုင်ရေးအတွက်အစိုးရအသုံးမကျသောကြောင့်အနစ်နာခံဆောင်ရွက်နေကြသောသူရဲကောင်းများဖြစ်ကြပါသည် ဂုဏ်ယူပါ၏

ဗုဒ္ဓ ဘာသာနှင့်မြန်မာ တိုင်းရင်းသား များအားလုံး၏
မေ့မရ နိင်သော သူရဲကောင်းများ အဖြစ် ထာဝရ
အလေးအမြတ် ဂါရဝ ပြုပါသည်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်