From :
..myanmar age
![DSC00495](http://themyanmaage.com/wp-content/uploads/2013/03/DSC00495.jpg)
ကလေး၊ မတ် ၂၈။
ကလေးမြို့တွင် ဟင်းသီးဟင်းရောင်းသော စိမ်းလန်းဈေးအနီးမှ လူတစ်ယောက်၏ အော်ဟစ်သံကြောင့် ကလေးမြို့ဗလီအနီးတွင် စစ်တပ်နှင့် ရဲလုံခြုံရေးများ ချထားရကြောင်း ကလေးမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။
“ စိမ်းလမ်းဈေးနားက လမ်းကြားထဲကနေ လူတစ်ယောက်က ဗလီထဲမှာ ရန်ဖြစ်နေကြပြီဆိုပြီး အော်ပြီးပြေးသွားတာ။ အဲ့ဒါကို ဈေးထဲက လူ တွေက ကြောက်လန့်ပြီး ထွက်ပြေးကြရင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားကြတာပါ။ ဗလီထဲမှာက ဘာမှ မဖြစ်ပါဘူး။ အဖွဲ့အစည်းစုံနဲ့ စစ်ဆေးပြီး သွားပါပြီ။ အော်တဲ့လူကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖုန်းနဲ့ ဗွီဒီယိုရိုက်ထားပါတယ်။ အခု လိုက်ဖမ်းနေပါပြီ”ဟု အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးမြင့်က ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပညာဒါန ဘုန်းတော်ကြီးများက ယခုဖြစ်ပေါ်နေသော ပဋိပက္ခများတွင် အခြားမြို့များတွင် မီးလောင်မှုများ ပါဝင်နေ သောကြောင့် မြို့ခံများအနေဖြင့် ကောလဟာလများကို မယုံကြည်ကြရန်၊ သေချာစုံစမ်းပြီးမှ ပြဿနာများကို ဖြေရှင်းကြရန်၊ ၎င်းတို့ အနေဖြင့် ဘာသာရေးတရားများ ဟောခြင်းသည်လည်း ပဋိပက္ခကို ဦးတည်မရှိကြောင်း၊ အမျိုးဘာသာ တိုးတက်ရေး အတွက်သာ ဦးတည်ကြောင်း မြို့ တွင်း၌ အသံချဲ့စက်များဖြင့် လိုက်လံ၍အော်ထားကြောင်း သိရသည်။
ယနေ့ညနေပိုင်းတွင်လည်း ဆက်လက်သတိပေး ကြေညာသွားမည်ဖြစ်ကြောင်း ပညာဒါန ဆရာတော်က ပြောကြားသည်။
.. www.MyanmarExpress.net

4 comments:
Myanmar or Burma , Stupid country.,
you are the most stupid
ဆရာတော်နဲ့ တွေ့ဆုံ မေးမြန်းမှုလေးကို လူတွေသိသွားအောင် ရှယ်ပေးပါခင်ဗျား။ တချို့တွေ အခုကုလားကိစ္စဖြစ်မှဘယ်ကမှန်းမသိပေါ်လာတဲ့ မွတ်မီဒီယာ(M-Media) ရဲ့ မှိုင်းတိုက်ခံရ တဲ့လူတွေက အခုတလော ဘာမှမဆိုင် တဲ့ဖြူစင်တဲ့ လမ်းစဉ် ၉၆၉ ကို အပြစ်တွေမြင်ပြီး မွတ်တွေကို သွားသနားနေတာတွေ့ရတယ်ဗျာ။ တခုခုတော့ လွဲကုန်တော့မယ်။ ဗုဒ္ဓဘာသာအတွက်မကောင်းဘူး။
http://burma.irrawaddy.org/archives/36663#.UVWO4Lp3WzQ.facebook
Lee Pal.......... ( Dog Kalar ).
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်