Subscribe to our RSS Feed

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်

From : ..hot news
images
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီနဲ့ ပအိုင်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို မတ်(၂၃)ရက် မနက်(၉)နာရီကနေ ညနေ (၄) နာရီခွဲအထိ ရန်ကုန်မြို့ရွှေလီ လမ်းမှာရှိတဲ့(Myanmar Peace Center)မှာ အောင်မြင်စွာ ဆွေး နွေးနိုင်ခဲ့ပြီး နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို ကော်မ တီဥက္ကဋ္ဌ ဦးအောင်မင်းနဲ့ တာဝန် ရှိသူများ (PNLO)ဥက္ကဋ္ဌ ဗိုလ်မှူး ကြီး ခွန်ဥက္ကာနှင့်  အဖွဲ့ဝင်ကိုယ် စားလှယ်တွေ တက်ရောက်ကြပါ တယ်။ အစည်းအဝေးမှာ နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အသေးစိတ် ညှိနှိုင်းဆွေးနွေးကြပြီး သဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့ ကြပါတယ်။
သဘောတူညီချက်မှာ နှစ် ဖက်အပစ်အခတ်ရပ်စဲရေးအပြင်ုကယ်ဆယ်ရေး၊ လူမှုရေး၊ မူးယစ် ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးအပါအ၀င် ကဏ္ဍ ကြီး(၁၀)ရပ်နဲ့ပတ်သက်လို့လည်း သဘောတူညီခဲ့ကြကြောင်းလည်း သိရပါတယ်။

.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်