Subscribe to our RSS Feed

မွတ်ဒေါင်း တရားဖြင့် နာမည်ကြီးလာသော ဆရာတော် ဦးဝီရသူနှင့် အင်တာဗျူး

From : ..irrawady


မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် မန္တလေး၊ မစိုးရိမ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး မတ်လတွင် အကျဉ်းကျနိုင်ငံရေး ဘုန်းတော်ကြီးများ လွတ်မြောက်ရေး ဆန္ဒပြပွဲ၊ အောက်တိုဘာလတွင် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်မှုအသင်း ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများနှင့် စပ်လျဉ်းပြီး ဧရာဝတီ အထူး အကြီးတန်း သတင်းထောက် သာလွန်ဇောင်းထက် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။   ။ မိတ္ထီလာပဋိပက္ခမှာ သေဆုံးမှုက ၄၂ ဦးထိရှိလာပြီလို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်တယ်။ အရှင်ဘုရားကလည်း မိတ္ထီလာကို သွားရောက်ပြီး တားမြစ်ခဲ့တာတွေလုပ်ခဲ့တော့ ဘာကြောင့် ဒီလောက်အထိ အသေအပျောက်တွေ များလာရတယ်လို့ ထင်ပါသလဲ။

ဖြေ။   ။အသေအဆုံးများတာက ဒုတိယနေ့(မတ် ၂၁) ပိတ်မိနေတဲ့ မွတ်စလင်တွေ၊ အဲဒီအကြောင်းပြောရရင်တော့ ဖြစ်ပြီးလို့ မီးတွေဘာတွေရှို့ကြတဲ့အခါမှာ ရှောင်တိမ်းနေတဲ့ မွတ်စလင်တွေ၊ အဲဒီမွတ်စလင်တွေက ကျောင်းသားတွေများတယ်။ အာရဗီစာသင်ကျောင်းက ကျောင်းသားတွေများတယ်။ အရပ်သားတွေလည်း ပါတယ်။ သူတို့တတွေကို ရယက ဖွက်ပေးထားတယ်။ လုံခြုံရေးလည်း ချပေးထားတယ်။ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။ ၀ိုင်းတဲ့အချိန်မှာ သူတို့က ဘေးပတ်လည်လည်မှာဆိုရင် ဒီဘက်ဘေးမှာဆိုရင် ဗလီရှိတယ်။ ညာဘက်မှာဆိုရင် မီးလောင်ပြင်ရှိတယ်။ သူတို့ရဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာဆိုရင် ကုန်းမြင့်ကြီးရှိတယ်။ သူတို့က မပြေးသာတော့ဘူး။ အဲဒီမှာ ၀ိုင်းတဲ့အချိန်မှာ မွတ်စလင်ထဲက တယောက်က လေးခွနဲ့ သံဃာတပါးကို ပစ်တယ်။ အဲဒီမှာ ဗမာလူအုပ်က သွေးကြွလာတယ်။ ဗမာလူအုပ် နီးသထက်နီးလာတဲ့အချိန်မှာ အက်ဆစ်ထုပ်တွေ ဘာတွေပစ်တယ်။ အဲဒီအချိန်အထိ တိုက်ခိုက်မရှိတာဘူး။ ဗမာလူအုပ်ကလည်း ရပ်ကြည့်နေတယ်။ သူတို့တွေကလည်း ထွက်မလာဘဲ ဟိုဟာနဲ့ ဒီဟာနဲ့ ပစ်တယ် ဒါပါပဲ။ အဲဒီနေ့ မိတ္ထီလာကို ဦးဇင်းရောက်နေတာ။ ဦးဇင်းက ၂၀ ရက်နေ့ ညကတည်းက ရောက်နေတာ။ အဲဒီအချိန်မှာ ဦးဇင်းရော၊ ရွှေည၀ါရော၊ မင်းကိုနိုင်တို့တောင်ရောက်နေပြီ။ အဲလိုဖြစ်နေတဲ့ အချိန်မှာ အယောက် ၂၀ လောက်က ဗမာလူအုပ်ကြီးကို အသေခံပြီးထွက်တိုက်တယ်။ အဲဒီမှာ ကျဆုံးကြတယ်။ တနေရာတည်းကို ၉ လောင်း၊ ၁၀ လောင်း၊ ၁၁ လောင်းလောက်ကျတယ်။ အဲဒီလို တိုက်ခိုက်နေတဲ့အချိန်မှာ လုံခြုံရေးတွေက ကျန်တဲ့သူတွေကို ဖော်ထုတ်ကယ်တင်သွားတယ်။ အဲဒါ အကျအဆုံး အများဆုံးပဲ။ တနေရာတည်းမှာ။ ကျန်တာတွေကတော့ အပြန်အလှန်မီးရှို့ကျတယ်။ ဟိုနေရာ တယောက်ကျ၊ ဒီနေရာ တယောက်ကျ။ အစုလိုက်အပြုံလိုက်ကတော့ အဲဒီနေရာမှာပဲကျတာ။

မေး။   ။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ နိုင်ငံတကာ သတင်းဌာနတွေက မိတ္ထီလာ အဓိကရုဏ်းက စနစ်တကျ စီစဉ်ထားတဲ့ ရက်စက်တဲ့ လူသတ်အကြမ်းဖက်မှုကြီးလို့ ရေးသားနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ရဲ့ အမြင်လေးသိချင်ပါတယ်။

ဖြေ။    ။ ပထမနေ့နဲ့ ဒုတိယနေ့မှာ ဘယ်သူမှ စနစ်တကျမရှိပါဘူးဗျာ။ တကယ်တန်းစနစ်တကျရှိတာက ပထမနေ့မှာ ကုလားရပ်ကွက်ထဲမှာရှိတဲ့ မွတ်စလင်တွေကမှ စနစ်တကျရှိတာ။ သူတို့က တုတ်တွေ၊ ဒုတ်တွေ၊  ဓါးတွေလက်နက်တွေ အကုန်ကိုင်ဆောင်ပြီးတော့ ဗမာမှန်သမျှကို အကုန်ခုတ်တာ။ သံဃာတပါးအသတ်ခံရတယ် ကြားတဲ့အခါမှာ ဗမာလူအုပ်ကြီးက ကုလားရပ်ကွက်ထဲကို တိုးဝင်သွားတာ။ တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ   တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ၂ ယောက်သေပြီးတော့ ၁၆ ယောက်လောက် ဒဏ်ရာရတယ်။ ဓားခုတ်ဒဏ်ရာနဲ့ တကယ့်ပြင်းထန်တဲ့ဒဏ်ရာပေါ့။ အဲဒီလိုစီစဉ်ထားတာက မွတ်စလင်ရပ်ကွက်ထဲကဖြစ်တယ်။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။

မေး။  ။ အခု နိုင်ငံတကာသတင်းဌာနတွေက ၉၆၉ နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာ အစွန်းရောက်တွေဆိုပြီး ရေးလာကြတာတွေ ရှိနေပါတယ်။ အဲဒါ ဆရာတော်အနေနဲ့ ၉၆၉ အဓိပ္ပာယ်ကို နည်းနည်းလေး သိအောင်ရှင်းပြပေးပါလား။

ဖြေ။  ။ ရှင်းပြလို့ရပါတယ်။ ပထမအစ ဂဏန်း ၉ က ဘုရားဂုဏ်တော်ကိုးပါးရည်ရွယ်တယ်။ ဒုတိယ ဂဏန်း ၆ က တရားဂုဏ်တော် ၆ ပါးကို ပြောတာ။ တတိယ ဂဏန်း ၉ က သံဃာ့ဂုဏ်တော် ၉ ပါးကို ရည်ရွယ်တာ။ ဘုရားတရားသံဃာ ရတနာ ၃ ပါးရဲ့  ဂုဏ်တော်တွေဖြစ်ပါတယ်။ ဟိုးအရင်တုန်းက ဗုဒ္ဓံသရံဏံ၊ အရဟံတို့ ဓမ္မစကြာတို့ စသည်ဖြင့် အဲဒါတွေက ဗုဒ္ဓဘာသာဝင်တွေရဲ့သင်္ကေတဖြစ်သလို ၉၆၉ က ဗုဒ္ဓဘာသာဝင်တွေရဲ့ သင်္ကေတဖြစ်တယ်။ ၉၆၉ ကို မဆီမဆိုင်ဆွဲထည့်တာကတော့ တရားခံရှာမရလို့ တွေ့ရာမြင်ရာလူကို ထုထောင်းရိုက်နှက်ပြီးတော့ တရားခံလုပ်သလိုမျိုးပေါ့နော်။ ဘာဖြစ်လို့လဲ ၉၆၉ က မိတ္ထီလာမှာ တရွက်မှ မရောက်ဘူးဗျ။ ဘယ်သူမှလည်း လာမဖြန့်ဘူး။ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ ၂၅ လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း Save Our Future အဲဒါလေးပါပဲ။ အဲဒါကို မဆီမဆိုင် ၉၆၉ ကို တရားခံ လုပ်နေတာကြီးက  တခြားစီပါဗျာ။ တကယ်တန်းတော့ ဘုရားတရားသံဃာ ဂုဏ်တော်တွေပါ။ တကယ်အပြစ်ကင်းပါတယ်။

မေး။   ။ပဲခူးတိုင်းဒေသကြီးမှာ မွတ်စလင်တွေရဲ့ ဗလီတွေ၊ နေအိမ်တွေနဲ့ ဈေးဆိုင်တွေ အဖျက်ဆီးခံရတယ်။ ကြို့ပင်ကောက်က အဖျက်ဆီးခံရတဲ့ နေအိမ်နဲ့ ကားတွေပေါ်မှာ ၉၆၉ ဆိုတဲ့ အမှတ်တံဆိပ်ကို မင်အစိမ်းနဲ့  ရေးတာတွေရှိနေပါတယ်။ ဆရာတော်အနေနဲ့ ဗလီတွေကို ဖျက်ဆီးနေတာတွေ၊ ဖျက်ဆီးထားတဲ့အပေါ်မှာ ၉၆၉ ရေးထိုးသွားတာတွေနဲ့ပတ်သက်လို့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

ဖြေ။   ။ဒကာကြီး ပဲခူးတိုင်းဖြစ်ပျက်နေတဲ့ နေရာတော်တော်များများမှာ ဦးဇင်းက မြို့ခံတွေနဲ့ အဆက်အသွယ် မရှိတဲ့အခါကျတော့ အဲဒီအကြောင်းအရာကို ဘာမှ မသိရဘူး။ ဦးဇင်းတို့ ဖွဲ့စည်းထားတဲ့နေရာတွေမှာတော့ ဦးဇင်းမူဝါဒ၊ လမ်းစဉ်အတိုင်း အလုပ်လုပ်ကြတဲ့အတွက်ကြောင့် ဘာပြသနာမှမဖြစ်ဘူး။ ဦးဇင်း အခု အမှုတွေ အများကြီးကိုင်တွယ်ထားတယ်ပေါ့။ မွတ်စလင်နဲ့ ဗမာတွေနဲ့ ဖြစ်တဲ့အမှုတွေ။ မုဒိမ်းမှုတွေ၊ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသူ၊   ၇ တန်းကျောင်းသူ၊ ကျောင်းသူတွေကို ပြုကျင့်တဲ့ အမှုတွေများတယ်။ နောက် ကာယကံအလျောက် ထိုးကြိတ်စော်ကားတဲ့ အမှုတွေများ၊ ဘာသာ သာသနာကိုစော်ကားတဲ့အမှုတွေ များတယ်။ နောက်ဆုံးဗျာ ရဟန်းသံဃာကို ပက်ပက်စက်စက် မိုက်မိုက်ရိုင်းရိုင်း ဆဲတဲ့အမှုတောင်ပါတယ်။ တရားမ၀င် ဗလီတွေပါတယ်။ ကျူးကျော် ဗလီတွေပါတယ်။ မွတ်စလင်သချိုင်းတွေပါတယ်။ ဒီအမှုတွေအားလုံးကို ဦးဇင်းဆီမှာ ၅၀ ကျော် လက်ခံထားပြီးတော့ တယ်လီဖုန်းနဲ့ ဖြေရှင်းပြီးတော့ အကြံဥာဏ်ပေးရတာပေါင်းရင် ၁၀၀ ကျော်ရှိနေပြီ။ သိတာအကုန်လုံးကို ဦးဇင်းက ဥပဒေဘောင်ထဲကနေ ဖြေရှင်းဖို့ဆိုပြီးတော့ ဆုံးမ သြ၀ါဒပေးတဲ့အတွက် ဦးဇင်းထက် ကြီးတဲ့ သံဃာတွေရော၊ လူတွေရော ဦးဇင်းစကား နားထောင်ကြတယ်။ ဥပဒေဘောင်ထဲက ဖြေရှင်းတဲ့အတွက် ဘာပြသနာမှ မရှိဘူး။ ဦးဇင်းတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ တကယ် ၉၆၉ ဆိုတာ အကြမ်းမဖက်ဘူး။

မေး။  ။နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ၉၆၉ အမှတ်တံဆိပ်က ဗုဒ္ဓဘာသာရဲ့ တရားဝင်သင်္ကေတအဖြစ် အသိအမှတ်ပြုထားတာမရှိပါဘူးလို့ ပြောပါတယ်။ အကြောင်းကြားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမြင်လေးသိချင်ပါတယ်။

ဖြေ။  ။ဟုတ်ပါတယ်။ ဦးဇင်းတို့ သိသလောက် မှတ်သလောက် တတ်သလောက်ပဲ လိုက်လံဖြန့်ဖြူးနေကြတာလေ။ ဒါကြီးကို တရားဝင်မှတ်ပုံတင်ပြီးတော့ ဖြန့်ဖြူးနေတာမဟုတ်ဘူးပေါ့။ ဥပမာဆိုကြပါစို့၊ ဒီဟာကို ပြင်ဆင်တဲ့သူက ပြင်ဆင်တယ်။ လှူဒါန်းတဲ့သူက လှူဒါန်းတယ်။ လိုက်ဖြန့်တဲ့သူက လိုက်ဖြန့်တယ်။ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ပြီးတော့ ဒါတွေကို ရောင်းဝယ်ဖောက်ကားတာမဟုတ်ဘူး။

မေး။  ။ဆရာတော်ရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ ဆိုတဲ့ တရားဟောပြောမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်က ဘာမှမလုပ်နိုင်ဘူး။ NLD က ခွပ်ဒေါင်းမဟုတ်ဘူး။ မွတ်စလင်တွေရဲ့ မွတ်ဒေါင်းလို့ ဆိုထားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ရှင်းပြပေးပါ ဘုရား။

ဖြေ။  ။ဦးဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို တလျှောက်လုံးထောက်ခံခဲ့တယ်။ ဒါပေမယ့် ရခိုင်အရေးဖြစ်လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က တကယ်တန်းကျတော့ ဘာမှ အားမကိုးလောက်ဘူး။  အဲဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီလိုနှုတ်ဆိတ်သွားသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နားရောက်နေတဲ့သူတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။ ပြီးတော့ မြို့တွေတော်တော်များများရဲ့ NLD ရုံးတွေမှာ ရုံးထိုင်တာက မွတ်စလင်တွေများတယ်။ သူတို့တတွေကြောင့် ဗမာတွေက NLD ရုံးကိုသွားပြီးတော့ လှည့်ပြန်လာရတယ်။ အချို့မြို့တွေမှာဆိုလိုရှိရင် မွတ်စလင်အိမ်ကိုငှားပြီး ရုံးဖွင့်ရတဲ့အတွက်ကြောင့် မွတ်စလင်မျက်နှာကိုကြည့်ပြီး အာဇာနည်နေ့လိုမျိုးတောင်မှ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် နေ့မျိုးမှာ ဆွမ်းကပ်ဖို့ အိမ်ရှင်က တားမြစ်လို့ ဆွမ်းမကပ်ရဘူး။ အဲဒါကြောင့်မို့လို့ ခွပ်ဒေါင်းက ခွပ်ဒေါင်းအသွင်မဆောင်ဘဲ မွတ်ဒေါင်းအသွင်ဆောင်လာပြီလို့ ဦးဇင်းဟောတာလေ။

မင်းကိုနိုင်တို့ ၈၈ အဖွဲ့  ကို ဦးဇင်းက ဒုတိယအင်အားအကြီးဆုံးအဖွဲ့ဆိုပြီးတော့ တအားအားကိုးတယ်။ အနာဂတ်အတွက် အများကြီးမျှော်လင့်ထားတာ။ ဒါပေမယ့်သူတို့လည်း ရခိုင်အရေး အခင်းမှာ ပြည်သူလူထု ပြောပလောက်အောင် အားကိုးစရာမရှိဘူး။ အဖွဲ့အစည်းတရပ်အနေနဲ့  ပြည်သူ့ဘက် ရပ်တည်တာမျိုးမရှိဘူးပေါ့ဗျာ။ လူပုဂ္ဂိုလ်အနေနဲ့ တဦးတယောက် ထပြောတယ်။ ရခိုင်ဒုက္ခသည်တွေကူညီပြီး အပြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ဒါပဲ။ ကြေညာချက်တရပ်ထုတ်ပြီးတော့ သတ်သတ်မှတ်မှတ် ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ပါဘူးတို့၊ အခုလို ဘင်္ဂလီတွေက ရခိုင်တွေ အတုံးအရုံးသတ်ဖြတ်နေတာကို လုံးဝ ရှုတ်ချပါတယ်ဆိုတဲ့ ပုံစံမျိုးတွေ မတွေ့ရဘူး။ အဲဒါကြောင့်မို့ ဓမ္မနဲ့ အဓမ္မမှာ အမြဲတမ်း ဓမ္မဘက်က ရပ်တည်နေပါတယ်ဆိုတဲ့ မင်းကိုနိုင်က ပထမ ရခိုင်အရေးအခင်းမှာ တကယ်တန်းကျတော့ ဓမ္မဘက်မှာ ရပ်တည်တာ မတွေ့ရတော့ဘူး။ အဲဒါကြောင့် အဲဒါကို ထည့်ဟောတာ။

မေး။  ။ဆရာတော်ရဲ့ ဟောပြောချက်တွေမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ၇၈၆ အမှတ်တံဆိပ်ရေးထားတဲ့ ဆိုင်တွေမှာ အားမပေးရဘူးလို့ ပါနေတော့ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ကြားမှာ မယုံကြည်မှုတွေ၊ မုန်းတီးမှုတွေ မဖြစ်စေနိုင်ဘူးလားဘုရား။

ဖြေ။  ။အော် ဒကာကြီးရဲ့။ အဲဒါက ဗမာနည်းမဟုတ်ဘူး။ အဲဒါ မွတ်စလင်နည်းလေ။ မွတ်စလင်တွေ အဲဒီအတိုင်း ကျင့်သုံးတာ။ ဒကာကြီး မြို့ထဲလှည့်ကြည့်လေ မွတ်စလင်တွေက ဗမာဆိုင် အားပေးတာ ဘယ်နှယောက်ရှိသတုန်း။ သူတို့က သူတို့ဆိုင်တွေကို အားပေးရင် ဦးဇင်းတို့ကလည်း ဦးဇင်းတို့ ဆိုင်ကို အားပေးရမှာပေါ့။ ဆိုတော့ ဦးဇင်းဘာသာဝင်တွေရဲ့ ဆိုင်တွေသာ ဦးဇင်းတို့အားပေးရင် ဒီလိုစော်ကားခံရတာ တွေ မရှိနိုင်ဘူးလေ။ ကိုယ့်အချင်းချင်း ပြသနာဖြစ်တယ် ဒီလောက်တော့ မပိုဘူးပေါ့ဗျာ။ အမျိုးသားရေး ပြသနာအဆင့်မရောက်နိုင်ဘူး။ ကိုယ့်အချင်းချင်းဆိုင် မ၀ယ်ဘဲ ရွှေဆိုင် မွတ်စလင်ဆိုင်ကို  သွားတော့ အစော်ကားခံရတာပေါ့။ အခုလို စော်ကားခံရတော့ အမျိုးသားရေးပြသနာအဆင့်ရောက်သွားတာပေါ့။ အဲဒါကြောင့်မို့ ဈေးဝယ်တာနဲ့ပတ်သက်လို့ သွေးခွဲရာမရောက်ပါဘူး။ ကိုယ့်လူကာကွယ်ရာတောင် ရောက်တယ်။ ကိုယ့်လူမျိုးကို ကိုယ်ပြန်ကာကွယ်ရာရောက်တယ်။

မေး။  ။အခု ပဋိပက္ခတွေ ပျံ့နှံ့မှုကြီးလာတော့ လူ့အဖွဲ့အစည်းတွေကြားမှာ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေဖြစ် လာနေပြီ။ ဒါတွေ ချုပ်ငြိမ်းအောင် ဘယ်လိုလုပ်သင့်တယ်လို့ ဆရာတော်အကြံပြုချင်ပါသလဲ။

ဖြေ။  ။ကျုပ် အမြဲတမ်းအကြံပြုနေတယ်။ ထောင်ကထွက်ကတည်းက မွတ်စလင်အသိုင်းအ၀ိုင်းကို အကြံပြုနေတယ်။ အခုလည်း အကြံပြုနေတယ်။ မနေ့ညကလည်း အကြံပြုနေတယ်။ ဦးဇင်းတို့တွေက ပူးပေါင်းပြီးတော့ ဖြေရှင်းမှဖြစ်တော့မယ်။ မွတ်စလင်တွေကလည်း မြို့ရွာတွေမှာ ရပ်မိ၊ ရပ်ဖအသင်းဖွဲ့ပါ။ ဗမာတွေကလည်း ကိုယ့်မြို့ကိုယ့်ရွာမှာ ရပ်မိရပ်ဖ အသင်းဖွဲ့ပါ။ အဲဒီအဖွဲ့ ၂ ဖွဲ့က ပြသနာဖြစ်လာတဲ့အခါမှာ ကိုယ့်လူကိုယ် ထိရောက်စွာအရေးယူရမယ်။ အဲဒီလို ကိုယ့်လူကိုယ် ထိရောက်စွာ အရေးယူတဲ့အချိန်မှာ တဖက်လူက အင်အားသုံး ဖြိုခွင်းသလိုမျိုး လုပ်ခဲ့လို့ရှိရင် ကိုယ့်လူကပဲ ဖြိုးခွင်းလို့မရအောင် ရှေ့မှာ မားမားရပ်တည်ပြီးဖြေရှင်းပါ။ အဲဒီပုံစံလိုမျိုးနဲ့သွားမယ်ဆိုရင် တကမ္ဘာလုံး ငြိမ်းချမ်းမှာပါ။

မေး။   ။ သမ္မတအနေနဲ့ မနေ့က မိတ္ထီလာပဋိပက္ခနဲ့ပတ်သက်လို့ ပြောတဲ့ မိန့်ခွန်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံ ကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြားမှာ အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေကို တည်ဆဲဥပဒေနဲ့ ထိထိရောက် ရောက် အရေးယူမယ်လို့ ပြောထားတယ်။ အဲဒီအပေါ်မှာ ဆရာတော်အမြင်လေးသိချင်ပါတယ်။

ဖြေ။   ။အဲဒါအရေးယူရမယ်။ ပေါ်ပေါ်တင်တင်လုပ်တဲ့သူကို အရေးယူတာထက်၊ နောက်ကွယ်ကနေ သွေးထိုးပြီးတော့ သပ်လျှိုနေတဲ့သူတွေကို အရေးယူတာက ပိုပြီးထိရောက်တယ်။ ဥပမာအားဖြင့်- မော်လ၀ီ ဆရာတွေပေါ့။  သူတို့တွေက ကလေးလေးတွေကို စာသင်ပေးတယ်။ သူတို့တွေက သွေးခွဲစကားတွေကို ပြောပြီးတော့ သွေးခဲတာများတယ်။ ကလေးလေးတွေက ရဟန်းသံဃာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ။ ဗမာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူကြီးတွေလို။ အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ သွေးခွဲတဲ့သူတွေ၊ အထူးသဖြင့် ကလေးတွေကို မှိုင်းတိုက်ပြီးတော့ သွေးခွဲနေတဲ့နေတဲ့သူတွေကို အရေးယူနိုင်အောင်ကြိုးစားရမယ်။     ။


.. www.MyanmarExpress.net
 

51 comments:

အရှင်ဘုရား သာသနာမပျောက်ကွယ်အောင် အခုလို ကာကွယ်ပေးတဲ့ အတွက် ကျေးဇူးကြီး မားလှပါတယ်

ဆရာတော်ရဲ့ အမျိုးသားရေးဟောပြောချက်တွေဟာ
အရမ်းကို မှန်ကန်သင့်မြတ်လှပါတယ်ဘုရား။
ဆရာတော်ရဲ့ ခုလိုမိန့်ကြားချက်ကို
ဗမာတိုင်းရင်းသားများ သိရှိသဘောပေါက်နားလည်ရေး
တပည့်တော်တို့ကလည်း လက်ကမ်းဟောပြောဖို့
လိုအပ်နေပြီဆိုတာလည်း သဘောပေါက်ပါတယ်ဘုရား။
နေရာတိုင်းကို ဆရာတော်မရောက်ပေါက်နိုင်သလို
ဆရာတော်ရဲ့သြ၀ါဒမိန့်ကြားချက်များဟာလည်း
နေရာတိုင်းမှာ မရောက်ရှိပါဘူး။
ဗမာလူမျိုးအားလုံး သိရှိနားလည်း လက်ခံကျင့်သုံးရမည့်
ဆုံးမသြ၀ါဒစကားပါဘုရား။
ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားဖို့ အားလုံးပေါင်းစပ်
ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။
( လုလင်- ပြောသည် )

မြန်မာပြည်မှာ ဒီလို ဆရာတော်တွေ၇ှိနေသေးတာပဲ
ဘုန်းဘုန်း ဘုရာ .. မြန်မာပြည်ကို ကုလားပြည် မဖြစ်ရလေအောင် ကယ်တင်တော်မူပါ ဘုရားး

သာဓု သာဓုသာဓု

ဒီ လို ဘုန်း ဘုန်း မျိုး အ များ ကြီး လို အပ် ပါ တယ် ။

အမျိုးဘာသာ သာသနာကို စောင့်ထိန်းနိုင်အောင် ဟောပြောတဲ့ အာဇာနည် ဘုန်းဘုန်း
အလွန်ကျေးဇူးကြီးမား ပါသည် ဘုရား

ဆ ရာ တော် ကို လုံး ဝ ထောက် ခံ ပါ တယ်။ ဆင်း ရဲ တာ ချမ်း သာ အောင် လုပ်
လို့ ရ တယ် ။ မ လေး လို အင် ဒို လို မိ စ္ဆာ
ဒိဋ္ဌိ တွေ ကြီး စိုး တဲ့ နိုင် ငံ အ ဖြစ် မ ခံ
နိုင် ဘူး။ ငါ တို့ မျိုး ဆက် တွေ လ ခွံ ဆောင်း မ ခံ နိုင် ဘူး။ ၉၆၉ ကို လုံး ဝ
ထောက် ခံ ပါ တယ်။ အ ကြမ်း မ ဖက် ကြ
ပါ နဲ့။ ဆ ရာ တော် လုံ ခြုံ ရေး ကို ဂရု စိုက်
ပါ ဘု ရား။

ဆ ရာ တော် မိန့် သွား တာ တွေ အ ကုန် လုံး အ မှန် တွေ ချည်း ပါ ပဲ တ ကယ့် ကိုယ့် အ မျိုး သား တွေ အ သတ် ခံ ရ တဲ့ အ ချိန် မှာ ဒေါ် စု တို့ မင်း ကို နိုင် တို့ ပြတ် ပြတ် သား သား ရပ် တည် သွား တာ မ တွေ့ ရ ဘူး ကု လား တွေ နည်း နည်း လောက် ခံ ရ ပြီ ဆို ရင် တော့ လူ့ အ ခွင့် အ ရေး ဆို ပြီး ၀ိုင်း အော် ပါ ပြီ

ဆရာတော်လိုအမြော်အမြင်ရှိပြီးရဲရင့်တက်ကြွတဲ့သာသနာ့ဝန်ထမ်းအာဇာနည်တွေအများကြီးလိုအပ်ပါတယ်အမျိုးဘာသာ သာသနာကိုအက
ာအကွယ်ပေးဖို့အစိုးရကတော့အားကိုးလို့ရတဲ့အနေအထားမှာလုံးလုံးမရှိဘူးဆိုတာမျက်ဝါးထင်ထင်မြင်လိုက်ရပါပြီဆရာတော်သက်တော်၁၂၀ရှည်ပါစေ

ဆရာတော်လိုအမြော်အမြင်ရှိပြီးရဲရင့်တက်ကြွတဲ့သာသနာ့ဝန်ထမ်းအာဇာနည်တွေအများကြီးလိုအပ်ပါတယ်အမျိုးဘာသာ သာသနာကိုအက
ာအကွယ်ပေးဖို့အစိုးရကတော့အားကိုးလို့ရတဲ့အနေအထားမှာလုံးလုံးမရှိဘူးဆိုတာမျက်ဝါးထင်ထင်မြင်လိုက်ရပါပြီဆရာတော်သက်တော်၁၂၀ရှည်ပါစေ

တီရှပ် နဲ့ ရှော့ပန့် ၀တ်ထားတဲ့ ညီသစ် က

ခင်များကို ဟေ့ကောင် လာစမ်း ဆိုရင်

ခင်များ ဘု ကြည့် ကြည့်မယ်

အဲ့....

သင်္ကန်းစည်းထားတဲ့ ရှင် ညီသစ်က

... ဟေ့ဒကာ လာစမ်းဆိုရင်တော့

ဘုမသိ ဘမသိနဲ့ လက်အုပ်လေးချီပြီး

ကျုံ့ကျုံ့လေး ထိုင် ရှိခိုးရမှာပဲ...

ဘုရားက သူ ဟောသမျှတောင် တန်း မယုံဖို့

ဖြစ်နိုင်လား မဖြစ်နိုင်လား ကိုယ့်ဦးနှောက်နဲ့ စဉ်းစားပြီးမှ ယုံဖို့

ဟောခဲ့တာ မမေ့ပါနဲ့..... !

အသံကြောင့် သေသွားတာ ဖားတွေတင် မကပါဘူး ဘုရား
ဘာမှ မဆိုင်တဲ့ ကလေးလေးတွေလည်း ပါနေပါတယ်ဘုရား
စနစ်တကျရှိတဲ့ မွတ်စလင်တွေက အသေအပျောက်များပြီး
ဗရမ်းဗတာ ကျွန်တော်တို့ ဗမာတွေက အသေအပျောက်နည်းတယ်ဆိုတော့
နား ရှိလို့သာ ကြားရပါတယ် ဘုရား
တုတ်တွေ ဓားတွေ မကိုင်ပဲနဲ့ အရှင်လတ်လတ် မီးရှို့ခံထားရတဲ့
အလောင်းတွေ တပည့်တော် ပြနိုင်ရင်

အရှင်ဘုရား လူထွက်မလား ဘုရား...

ညီသစ်

ကုလားတွေရှိတဲ့နေရာသိတော့ ဗမာတွေက ဘာလို့ သွားဝိုင်းကြတာလည်းဘုရား

ဗမာတွေ မည်သည့် အကျိုးစီးပွားအတွက် ကုလားတွေကို သွားဝိုင်းတာလည်းဘုရား

ကုလားတွေ ပြေးစမရာ မရှိဘူးဆိုတော့ ဗမာတွေက ဘာလုပ်နေလို့ပါလည်း ဘုရား

ဗုဒ္ဓဘာသာ သံဃာ တစ်ပါးက အားအားယားယား ကုလားတွေ အော်တာ သွားကြည့်ပြီး လေးခွနဲ့ အပစ်ခံရလောက်အောင် ဘာသွားလုပ်နေတာပါလည်းဘုရား ...

ဗမာလူအုပ်က နီးသထက် နီးလာတယ်ဆိုတော့
ကုလားတွေကို မမြင်ဖူးလို့ သွားကြည့်ရုံ သပ်သပ်ပဲလားဘုရား

အဲ့ဒီ မတိုင်ခင်ကတည်းက ဗမာတွေ သွေးကြွနေတာ သက်သေပြနိုင်ရင်
အရှင်ဘုရား လူ ထွက်မလား ဘုရား

ညီသစ်

တစ်နိုင်ငံလုံးမှာ ရှိသမျှ မွတ်စလင် အကုန် NLD ကို ထောက်ခံပါစေ
ဒါဟာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ 10 % အောက်မှာပါ
ဦးဇင်းရဲ့ လက်တွဲဖော် ဆရာတော် ရှင်ပညာဝရ ရဲ့ စစ်တမ်းကို
တပည့်တော် ယူသုံးရင်တောင်မှ 22 % ထား အိုကေပါ ကျန်တာ
non-islam 78 % ပေါ့ သူတို့ရဲ့ မဲတွေဟာ NLD ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အလိုရှိနေတဲ့
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စ
တရားဥပဒေ စိုးမိုးရေးကိစ္စ ကုန်ကုန်ပြောမယ်
လက်ရှိ ဖွဲ့စည်းပုံ ဥပဒေမှာ ပါနေတဲ့ နောက်ကြောင်းပြန် တရားစွဲမရတဲ့
သောက်သုံးမကျတဲ့ ဥပဒေကို ပြင်ဆင်နိုင်ရေးကိစ္စ
အရင် စစ်အစိုးရလက်ထက်က သောက်သုံးမကျခဲ့သူကြီးများကို
ခုံရုံးတင်နိုင်ရေး ကိစ္စတွေအတွက် NLD ဟာ ကလေး လူကြီး ခွေး နွား မကျန်ရဲ့ မဲတွေကို လိုအပ်နေချိန်မှာ မွတ်စလင် မဲနဲ့ ဗုဒ္ဓဘာသာ မဲ ခွဲခြားချင်တဲ့ ဘုန်းဘုန်းရဲ့ရည်ရွယ်ချက်က ဘာများပါလည်း သိချင်ပါတယ်
မွတ်စလင်ရဲ့ မဲက NLD အပေါင်း ၁ ကြံ့ဖွံ့ သုံည ဖြစ်ပါတယ်
ဒီထက် ဘာမှ မပိုပါဘူးခင်များးးးးးး

ညီသစ်

ဘုန်းဘုန်းရယ် အစ္စလာမ် ဘာသာဝင် အိမ်မှန်းသိရဲ့နဲ့ ဆွမ်းကပ်ချ...င်တယ်ဆိုတော့ ကတုံးသွားပြီး ဘီး လက်ဆောင် ပေးနေသလို ဖြစ်မနေဘူးလား ဘုရား.. အစ္စလာမ် ဘာသာဝင် အိမ်မှန်းသိရင်
ဘာသာရေးနဲ့ နိုင်ငံရေး ခွဲခြားလိုက်
လူမူရေး နားလည်လိုက်
ဘုရားသွား ဆွမ်းကပ်လည်း ဗိုလ်ချုပ်ကတော့

ရဘူး ရဘူး အဲ့ဒီအစ္စလာမ်အိမ်မှာပဲ ဆွမ်းကပ်ပေးလို့ မလုပ်လောက်ဘူးဗျ
ကိုယ်တွေ အထူအပါး လူမူရေး နားမလည်တာ လူသိတာ ရှက်စရာပဲ

ညီသစ်

ရခိုင်ကိစ္စ စုံစမ်းခိုင်းထားတဲ့ ကော်မတီက ဘာတွေ သွားတွေ့လို့
လူထုကြားမှာ ပြောမထွက်ရဲ ကမ္ဘာ့အလယ်မှာ ဘင်္ဂလီတွေ မှားတာပါလို့
ပြောမထွက်ရဲတဲ့ အနေအထားမှာ မဆီမဆိုင်သေသွားရတဲ့ ဘင်္ဂလီ (သို့) ရိုဟင်ဂျာ (သို့) တရားဝင် နိုင်ငံသား ဖြစ်ခွင့်ရှိတဲ့ အစ္စလမ်ာ ဘာသာဝင်
တွေ ဓမ္မ ဘက်မှာ နေပါလျက်နဲ့ အသတ်ခံခဲ့ရတာတွေ ရှိခဲ့သည်ဆိုလျှင်
အရှင်ဘုရား လူထွက်မလား

ညီသစ်

အရှင်ဘုရားဆိုလိုတာက တရားဝင်နိုင်ငံသား ဖြစ်ခွင့်ရှိတဲ့
အစ္စလာမ် ဘာသာဝင်တစ်ဦးက တရားဝင် နိုင်ငံသား ဖြစ်ခွင့်ရှိတဲ့
ဗုဒ္ဓဘာသာဝင် တစ်ဦးကို အနိုင်ကျင့်စော်ကားလိုက်တိုင်း
တရားဝင်နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ အစ္စလာမ် ဘာသာဝင် အယောက်လေးဆယ်လောက် ရက်ရက်စက်စက် သေပေးဖို့နဲ့
မဆီမဆိုင် ဗုဒ္ဓဘာသာဝင် အနည်းငယ်ရဲ့ အိမ်တွေ မီးလောင်ပြာကြာဖို့
ကျိန်းသေတယ်လို့ ဆိုလိုတာလား

ညီသစ်

မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် မန္တလေး၊ မစိုးရိမ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ခင်များ........
သင်၏ ဘ၀ တစ်လျှောက်တာ ကာလပတ်လုံး
ပြုလုပ်ခဲ့သမျှ ကိစ္စ အ၀၀တွင်....
ယင်း ကိစ္စအား.. ရင်ထဲ အသည်းထဲမှ လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင် ရှိနေပါမည်.....
သာဓု သာဓု သာဓု

ညီသစ်

အာ် ဒကာကြီးရဲ့။ အဲဒါက ဗမာနည်းမဟုတ်ဘူး။ အဲဒါ မွတ်စလင်နည်းလေ။ မွတ်စလင်တွေ အဲဒီအတိုင်း ကျင့်သုံးတာ။ ဒကာကြီး မြို့ထဲလှည့်ကြည့်လေ မွတ်စလင်တွေက ဗမာဆိုင် အားပေးတာ ဘယ်နှယောက်ရှိသတုန်း။ သူတို့က သူတို့ဆိုင်တွေကို အားပေးရင် ဦးဇင်းတို့ကလည်း ဦးဇင်းတို့ ဆိုင်ကို အားပေးရမှာပေါ့။

ရှင်ဝီရသူ

မြန်မာပြည် တစ်ပြည်လုံးမှာ မြန်မာလူမျိုးတွေရဲ့ စတိုးဆိုင် ကွမ်းယာဆိုင်
ဆံပင်ညှပ်ဆိုင် ဟင်းသီးဟင်းရွက်ဆိုင် ကာရာအိုကေဆိုင် ကေတီဗီဆိုင်
လက်ဘက်ရည်ဆိုင် တွေမှာ အားပေးနေတဲ့ မွတ်စလင်တွေ တပည့်တော် ဂုတ်ဆွဲပြီး ခေါ်ပြရင်.. အရှင်ဘုရား လူထွက်ပေးနိုင်မလား

ညီသစ်

ဒေါ်စုသည် အမျိုးဖျက် မကြိးဖြစ်ပါသည်

Our patriotic and hero monk words are very right. All our Buddhists support 100%.

his eyes indicated that he used drug

ဆရာတော်ဘုရား
ဆရာတော်ဘုရားရဲ့မျိုးချစ်စိတ်ဓာတ်ကိုအထူးလေးစား
ကြည်ညိုပါတယ်---ဘုရား။
ကိုယ့်ပြည်သူတွေဘက်ကနာရကောင်းမှန်းမသိတဲ့
မြန်မာပြည်သူတွေကိုမျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးတရားများ
များများဆက်ဟောပေးတော်မှုပါဘုရား။

မြန်မာပြည်ဟေ့------မြန်မာပြည်
ဘဝင်မကျလို့ပြောနေရတာ
အော့နလုံးနာတယ်မပြောချင်တော့ဘူး။

ညီသစ်ရေ
သိရသလောက်တော့ကုလားတွေကဗုဒ္ဓဘာသာဘုန်းကြီးကိုဗလီထဲဆွဲ
မီးရှို့သတ်လို့ပြဿနာကြီးသွားတာပေါ့ပြီးကုလားတွေကိုဖွတ်ထားပေး
ပါတယ်ဆိုမှပါးစပ်တွေကငြိမ်မနေကြဘူးဗမာတွေကိုသတ်ကြလို့သံပြိုင်
အော်နေတော့မြန်မာတွေကဝိုင်းကြတာပေါ့
ရခိုင်ဥပမာလည်းရိုတယ်လေထီလာသားတွေမျိုးချစ်စိတ်ဓာတ်ပြင်းထန်
နေကြပြီပေါ့ အခုဆိုထီလာသားမှမဟုတ်ပါဘူးမြန်မာတနိုင်ငံလုံးစိတ်
ဓာတ်တွေပြင်းထန်လာကြပါပြီဘယ်မှာဖြစ်ဖြစ်ဗုဒ္ဓဘာသာအချင်းချင်း
ကူညီရိုင်းပင်းကုန်ကြပြီဆရာတော်တွေရဲ့၉၆၉လုပ်ရှားမှုလည်းအရမ်းကို
အောင်မြင်နေပါပြီကောင်းတယ်မဟုတ်လား-----ညီသစ်ရေ
မြန်မာထမင်းကိုစားရင်လက်ခုပ်တီးလိုက်------ညီသစ်

ဟဲ့ အပေါ်က သူတောင်းစာ.. ဘာလို လူထွက်ခိုင်းတာလဲ
ဘုန်းဘုန်းက လူထွက်လိုက်မှ့ ငါတို့ ဘာသာ မပြန့်ပွားနိုင်တော့ အောင်လားး
ခွေး လောက်မှ့ တန်ဖိုးမ၇ှိတဲ့ ခွေးသူတောင်းစာ..
ဂုတ်ဆြွဲပီး နင့်ညီမအခန်းထဲ ခေါ်သွားလိုက် ..အဲ့ သူတောင်းစာ မွတ်ဆလင်တွေကို

.

ညီသစ် မင်းက မါတ်ဆလင် လားး
ဒါဆို၇င်တော့ ဒိမှာ လာမဟောင်နဲ့ကွာ.. ဒီမှာက လူ လိုးပီး လူဖြစ်လာတဲ့ သူတွေ အတွက်ကွ. မင်းတို့ကောင်တွေက ခွေးလိုးပီး လူဖြစ်လာ၇တဲ့ကောင်တွေက ..
မင်းတို့တွေ ချီးမစားကြလို့ ချီးစားရင် မင်းတို့ အာလာလို ခွေးလုံးလုံး ဖြစ်ပီး
ညီသစ် .. မင်းတို့ မွတ်ဆလင်က သမီးနဲ့ အဖေ . အမေနဲ့ သား ပြန်လိုးကြတာ သမိုင်းဝင် အထောက် ထားကြီးက ဘာနဲ့ ဖုံးကွယ် နိုင်မလဲ




Nyi Thit , your mother fucker all Muslim

ညီသစ် ညီမ အခန်းထဲဆို ငါ လိုက်သွားချင်တယ်. အဟင့် အဟင့်
ဆီသုတ်ပီး ဆွဲလိုက်၇၇င်ဖြင့် ဆ၇ွှတ် .. ဗြွတ်..




.

နိုင်ငံရေးလုပ်ရင် လူထွက်တာပိုကောင်းပါတယ်။
နိုင်ငံရေးပါတီထောင်ပေါ့။
သင်္ကန်းဝတ်ကြီးနဲ့တော့ မကောင်းပါဘူး။
သာသနာ နစ်နာတယ်။

ရှင် ၀ီရသူကို လူ ထွက်ခိုင်းလို့
ဗုဒ္ဓဘာသာ မဟုတ်ပါဘူး
ဗုဒ္ဓဘာသာ မကောင်းကြောင်း အပုပ်ချနေပါတယ်ဆိုပြီး
ကျွန်တော့်ကို ၀ိုင်းပြောကြတဲ့ ဘော်ဘော်တွေကို တစ်ခုပဲ ပြောချင်ပါတယ်

ကျွန်တော့် wall ပေါ်မှာ

ဗုဒ္ဓ ဟောခဲ့တဲ့ တရားတွေ မကောင်းကြောင်း
သီတဂူဆရာတော်
ရှင်ဆေကိန္ဒ
... ရှင် ဆန္ဒာဓိက
ရှင် ဇောတိက လို ဆရာတော်ကြီးများ မကောင်းကြောင်း ပြောထားတာများ
ရှိလိုရှိငြား ရှာကြည့်ပါ

ရှာလို့မတွေ့ရင် ခင်များတို့ ဘုန်းကြီး ၀တ်ကြမလား..

ချစ်ခြင်းများစွာဖြင့် ရဟန်းဒကာလုပ်မည့်

ညီသစ် ^^

ရှင် ၀ီရသူကို လူ ထွက်ခိုင်းလို့
ဗုဒ္ဓဘာသာ မဟုတ်ပါဘူး
ဗုဒ္ဓဘာသာ မကောင်းကြောင်း အပုပ်ချနေပါတယ်ဆိုပြီး
ကျွန်တော့်ကို ၀ိုင်းပြောကြတဲ့ ဘော်ဘော်တွေကို တစ်ခုပဲ ပြောချင်ပါတယ်

ကျွန်တော့် wall ပေါ်မှာ

ဗုဒ္ဓ ဟောခဲ့တဲ့ တရားတွေ မကောင်းကြောင်း
သီတဂူဆရာတော်
ရှင်ဆေကိန္ဒ
... ရှင် ဆန္ဒာဓိက
ရှင် ဇောတိက လို ဆရာတော်ကြီးများ မကောင်းကြောင်း ပြောထားတာများ
ရှိလိုရှိငြား ရှာကြည့်ပါ

ရှာလို့မတွေ့ရင် ခင်များတို့ ဘုန်းကြီး ၀တ်ကြမလား..

ချစ်ခြင်းများစွာဖြင့် ရဟန်းဒကာလုပ်မည့်

ညီသစ် ^^

အေးမင်းပြောတဲ့ တရားဝင်နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ဘင်္ဂလီတွေက မင်းအမေနဲ့နှမကို မုဒိန်းကျင့်ပြီးလည်လှီးသတ်မှာကွနားလည်လား ကိုယ်ချင်းစာဟညီသစ်ဆိုတဲ့ကုလားလီးစုပ်ကောင်ရဲအမေကျော်ဒွေးတော်မလွမ်းနဲ့ကွ ရခိုင်မှာ မုဒိန်းကျင်လည်လှီးအသတ်ခံရတာမင်းအမေဆိုရင်ဒီလိုcommentမင်းရေးမှလားစဉ်းစား မင်းထမင်းစားတဲ့ဦးနှောက်နဲ့စဉ်းစား အေးချီးစားရင်တော့မသိဘူးပေါကွာ။့

ခွေးသူတောင်းစား ညီသစ်ဆိုတဲ့ကောင် မင်းကတော်တော်မိုက်တယ်ဆိုတဲ့ သဘောလား မင်းတို့ခွေးမျိုးမွတ်ဆလင်တွေ သတ္တိရှိရင် မိတ္ထီလာလိုကိစ္စမျိုး နောက်တစ်ခါ ထပ်လုပ်ကြည့်လိုက်ကွာ ပြီးရင် မင်းတို့အတွက် သင်္ချိုင်းမြေနေရာပါ ကိုယ်တိုင်ရှာထားကြ

ညီသစ်အမေဒူဝေဝေ
ညီသစ်ညီမငါချ

အဲဒီခွေးသူတောင်းစားက မွတ်ပဲဖြစ်မယ်ကွ။

မေး။ ဆရာတော် က တရားဘဲ ဟောပါ သလား။ အသက်ကို ၀င် ကယ်ခဲ့ တာ ဘယ် နှစ်ဦးလောက် ရှိ ပါ သလဲ။

စောက် ကု လား ညီ သစ် မင်း ရဲ. ခွေး ပါး စပ် က ခွေး စ ကား ပြော တာ လား

မွတ်စလင်ဆိုင်တွေအားမပေးနဲ့ဆိုတာထောက်ခံပါသည်။သို့သော်နှစ်ပေါင်းများစွာသာသနာ့မြေအသိအမှတ်ပြုရရှိထား
သောပလီများကိုချည်းလိုက်ဖျက်နေတာမဲ့အစားမတရား
ဂုတ်သွေးစုပ်နေသော ကုလားပိုင် ဖားသားလင်း၊ မားသား
လင်းတိုက်ခန်းများ၊ကွန်ဒိုများ(ဦးသန်းရွှေသားနှင့်မြေးဖိုးလ
ပြည့်ရှယ်ရာများပါနေ)ကိုတော့ဘယ်သူမှမဖျက်ပဲမျက်စိ
မှောက်နေကြပါသည်။အဆိုပါတိုက်ခန်းများ၏ penthouse ခေါ်အပေါ်ဆုံးထပ်တိုင်းကိုမွတ်တို့၏ prayer room ခေါ် ဗလီအသေးစားလေးများပြုလုပ်ထား
ပါသည်။အဆိုပါတိုက်ခန်းများအားဦးသန်းရွှေသား
မြေးတို့နှင့်ရန်ကုန်တိုင်းအာဏာပိုင်စည်ပင်အရာရှိကြီး
မြို့တော်ဝန်တို့အားအချိုးကျလက်ဆောင်ဝေပေးထား
ပါသည်။ထိုတိုက်များတွင်နေသောမြန်မာအိမ်များဘုရား
ခန်းများသည်ကုလားဘုရားခန်းအောက်မှာရှိရမည်ဟုစီမံ
ချက်ချထားပါသည်။ထိုတိုက်ခန်းများကိုမြန်မာများမဝယ်
သင့်ပါ။
ချယ်ရီဦးကုလားကျော်နိုင်ဦး၏ Naing Group တိုက်ခန်း
များလည်းထိုနည်းအတိုင်းဖြစ်ပါသည်။ချယ်ရီဦးနာရီများ
နိုင်ဂရု တိုက်ခန်းများကိုလည်းမြန်မာအားလုံးဝေးစွာရှောင်သင့်သည်။
မြန်မာများနီလာဒန်ပေါက်၊ကြက်လျှာစွန်းဒန်ပေါက်စသည့်ကုလားဒန်ပေါက်အားလုံးကိုဆန့်ကျင်ရှောင်ကြဉ်ပါ။၎င်းတို့ဒန်ပေါက်များအားမြန်မာတွေစွဲအောင်အစ္စလာမ်
အောက်လမ်းဆရာတဦးကအောက်လမ်းနည်းဖြင့်စီရင်ထားသည့်တိုက်ဖာလာ၊တိုက်သစ်ကြမ်းပိုးများသုံးစွဲ
ထားသည်ဟုသိရသည်။

Nyi Thit,
Are u son of the dog.

ဆရာတော်မျက်နှာတော်ကငြိမ်းချမ်းလိုက်တာ

she will laugh so much
coz ur bamar lee so small
that why bamar ma like kalar lee so much
but u can do just use ur tongue

ha ha ha
fucking idiot
we are international type
not nga pi brain


အစ္စလမ်ဘာသာဝင်တွေအိမ်မှာ NLD ရုံးဖွင့်တာ အပြစ်လား ? ဘယ်သူ့ အပြစ်လဲ ?
NLD ရုံးတွေမှာ အစ္စလမ်ဘာသာဝင်တွေ ရုံးထိုင်တာ အပြစ်လား ? ဘယ်သူ့ အပြစ်လဲ ?
အစ္စလမ်ဘာသာဝင် နိုင်ငံသားတွေ ပါတီဝင်ဖြစ်တာ ရွေးချယ်ခံရတာ အပြစ်လား ? ဘယ်သူ့ အပြစ်လဲ ?
အစ္စလမ်ဆိုင်တွေမှာ ဈေးဝယ်တာ အပြစ်လား ? ဘယ်သူ့ အပြစ်လဲ ?
အစ္စလမ်ဘာသာဝင် နိုင်ငံသားတိုင်းလည်း တခြားနိုင်ငံသားတွေလို တန်းတူအခွင့်အရေး ရှိတယ်မဟုတ်လား ? ၊
အစ္စလမ်ဘာသာဝင် အမျိုးသမီးတွေ ဗုဒ္ဓဘာသာဝင်ကို လက်ထပ်တာ ဘယ်နှစ်ယောက် ရှိလဲ ?
ဗုဒ္ဓဘာသာ အမျိုးသမီးတွေ အစ္စလမ်ဘာသာဝင်တွေကို လက်ထပ်တာ ဘယ်သူ့ အပြစ်လဲ ?
အစ္စလမ်ဘာသာဝင်တွေ ကျွေးနိုင် မွေးနိုင်လို့ ခလေး(ကလေး) များများမွေးတာ……
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ သူတို့အကြောင်းနဲ့သူတို့ အစ္စလမ်ဘာသာဝင်ကိုလက်ထပ်ပြီး (လက်မထပ်ရင်သတ်မယ်တော့မထင်ပါဘူး) အစ္စလမ်ဘာသာထဲဝင်သွားတာ
(မ၀င်ရင်ရော သတ်မယ်တော့မထင်ပါဘူး) ပြီးတော့ ခလေး(ကလေး) များများမွေးတာ……
အဲဒီတော့ အစ္စလမ်ဘာသာဝင်တွေ များလာတာ…… အပြစ်လား ? ဘယ်သူ့ အပြစ်လဲ ?
Thailand မှာဆိုရင် တောင်ပိုင်းမှာ ပြည်နယ် ခွဲထွက် ဖို့တောင် တိုက်နေကြတာ ၊ သတိရှိကြပါ ။
ဆင်းရဲလို့ ၊ အစိုးရမကောင်းလို့ ၊ စံနစ်မကောင်းလို့ ဘာညာ ဘာမှမဆိုင်တာ ပြောကြ စွပ်စွဲကြအုန်းမလား ?
ကိုယ့်ကိုယ်ကို အရင်မေးပြီး ကောင်းအောင်ကျိုးစားကြပါ ၊ သူများကို အပြစ်မပုံကြပါနဲ့ ။ ကျွန်တော်ကိုယ်တိုင်လဲ ကောင်းအောင်ကျိုးစားနေဆဲပါ ၊ နိုင်ငံကိုအပထားအုန်း မိမိကိုယ်တိုင်ရယ် မိမိဇနီး နဲ့ မိမိသားသမီး ၂ ယောက်ထဲရယ်ကိုတောင် လမ်းမှားမရောက်အောင် ကောင်းအောင် မနည်းကျိုးစားနေရတာပါ ၊
သူများကို အပြစ်ပြောကြ ဝေဘန်ကြ စွပ်စွဲကြတာတော့ လွယ်တာပေါ့ ၊
အစ္စလမ်ဘာသာဝင်တွေ ဗုဒ္ဓဘာသာရေး လူမှုရေးတို့မှာ ပါဝင်တာ လှူဒါန်းတာတို့ ……..
ဗုဒ္ဓဘာသာဝင်တွေ အစ္စလမ်ဘာသာရေး လူမှုရေးတို့မှာ ပါဝင်တာ လှူဒါန်းတာတို့ မရှိခဲ့ဘူးလား ?
ရှိခဲ့ရင်ကော မကောင်းဘူးလား လက်မခံသင့် လက်မခံခဲ့ကြဘူးလား ?
အစ္စလမ် အိဒ် (EID လို့ရေးတယ်ထင်ပါတယ်) ပွဲတော်တွေမှာ အစ္စလမ် သူငယ်ချင်းတွေနဲ့ သွားရောက် ကူညီဆင်နွှဲ ပျော်ရွှင်ရင်းနှီးစွာ အတူတူလည်ပတ် စားသောက် ခဲ့ကြသလို …
ကျွန်တော်တို့ ဗုဒ္ဓဘာသာ အလှူ ဘာသာရေးပွဲတွေမှာလည်း အစ္စလမ် သူငယ်ချင်းတွေ လာရောက်ကူညီဆင်နွှဲ ပျော်ရွှင်ရင်းနှီးစွာ အတူတူလည်ပတ် စားသောက် ခဲ့ကြတာဘဲ ။
ခုမှ လူနည်းစု မီးမွှေး သွေးထိုးတာတွေကြောင့် တသက်လုံးအတူတူ ရင်းနှီးစွာနေလာကြသူတွေ ရန်သူဖြစ်ကြ ရမှာလား ?
အဖျက်သမားကိုသာ စုပေါင်း ရှာဖွေဖော်ထုတ်ရမှာပါ ၊ တာဝန်ရှိသူများကို ၀ိုင်းဝန်းကူညီကြပါ။
ဆရာတော်တွေရဲ့အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်မှုတွေကို လေးစားပါတယ် ၊ ဥပဒေနဲ့ အညီ သာသနာ့ဘောင်အတွင်းက သံဃာတော်ဝိနည်းများနဲ့အညီ ဆောင်ရွက်စေချင်ပါတယ် ။
ဘာသာတိုင်း လူမျိုးတိုင်းမှာ မကောင်းသူ အစွန်းရောက်သူတွေ ရှိစမြဲပါ ၊ လူကိုဘဲ မြင်ကြပါ ။
ကိုယ့်ဘာသာ နဲ့ ကိုယ့်လူမျိုးမပျောက်ပျက်အောင် ကိုယ့်ဘာသာ ငြိမ်းချမ်းသောနည်းနဲ့ (တခြားဘာသာ တခြားလူမျိုးကို မထိခိုက်စေဘဲ) ပညာပေး စည်းရုံး ဟောပြော တရားပြကြပါ ။
ဒီလိုရေးလို့ ကျွန်တော် အစ္စလမ်ဘာသာဝင် မဟုတ်သလို အစိုးရလူလဲ မဟုတ်ပါ ။ ၁၀၀ ရာနှုန်း ဗုဒ္ဓဘာသာဝင်ပါ
လူကိုဘဲ မြင်တတ်တာကို အခြေခံစဉ်းစားပြီး အမှန်တရားလို့ ထင်တဲ့ ကျွန်တော့အမြင်ကို ရေးသားမျှဝေတာပါ ၊ ကျွန်တော် မှန်တယ်လို့ မဆိုလိုပါ ။ ငြိမ်းချမ်းကြပါစေ ။

1-WE LOVE OUR COUNTRY.
2-WE DO NOT WANT OTHER PEOPLE TRY TO
DESTROY OUR COUNTRY.
3-WELL LOVE ALL LOVE OUR OWN NATIONAL RELIGION/FAITH,CULTURE AND NATIONAL
HERITAGE.
4-WE DO NOT WANT OTHER PEOPLE TRY TO
DESTROY OUR RELIGION/FAITH,CULTURE AND NATIONAL HERITAGE.
5-WE EXPECT ALL CITIZEN AND PERMANENT RESIDENCE LIVING IN MYANMAR LOVE
MYANMAR SINCERELY.
6-WE WANT ALL PEOPLE LIVING IN MYANMAR FAITHFULLY TO OUR COUNTRY.
7-WE WANT ALL PEOPLE STAY UNDER LAW AND ORDER.
8-WE ALL BETTER STOP ALL WRONG DOINGS, BAD
BEHAVIOUR AND ACTIONS AGAINST
ONE RACE TO ANOTHER RACE AND
ONE RELIGION TO ANOTHER SO THAT WE ALL
CAN ENJOY THE PEACEFUL COEXISTENCE.
9-IF WE ALL CANNOT START DOING OUR OWN DUTY WE WILL NEVER ACHIEVE PEACE.
10 WE NEED MYANMAR NATIONALISM=WUN THAR NU RAKE TA=BU ME PUTRA=SON OF THE MYANMAR LAND AND 969 CAMPAIGN UNTIL WE GAIN THE LAW AND ORDER IN THE (UNITED STATES OF MYANMAR)AFTER FULLY SETTLE ALL THE DISPUTES AND DIFFERENCES.
11-WE WILL BUILD THE (UNITED STATES OF MYANMAR) WITH DIFFERENCE RACES,FAITHS AND CULTURE AS A UNITED FORCE;BY THAT TIME CITIZEN RIGHT WILL BE FULLY ACHIEVE TO ALL OUR CITIZENS.

WITH MYITTA/LOVING KINDNESS TO ALL

NOTE 1- BAMA = BURMA(BRITISH COULD NOT PRONOUNCE AND SPELL OUR MOTHER TONGUE)

NOTE 2- MYANMAR (MEANS) REPRESENT TO ALL RACES LIVING MYANMAR.

ကို ညီ သစ် ကို အား ပေး သည်။ အ မှန် ပြော တာ ကို မ ကြိုက် တာ သ ဘာ ၀ ပါ ။ အ မှား အ မှန် ကို ကိုယ် ပိုင် အ သိ နဲ့ မ ခွဲ ခြား ဘဲ သူ များ ပြော တာ ကို မျက် စိ မှိတ် ယုံ ပြီး လျှောက် လုပ် လို့ တိုင်း ပြည် နံ မည် ပျက် ရ ပေါင်း များ ပါ ပြီး ။ မြန် မာ တွေ အ ယုံ လွယ် လို့ ရ ဟန်း တု ၊ ဘိုး တော် တု ။ အ လှု ခံ အ တု ။ ဂေါ်ာ ပက အ တု တွေ ယ နေ့ ခေတ် တိုင် အောင် လုပ် စား နေ ကြ တာ ပါ ။ ကိုယ် ပိုင် အ သိ နဲ့ ဆင် ခြင် နိုင် ကြ ပါ စေ ။

right. I like it . I support to you .

ဒီ မို က ေ ရ စီ ဆို တာ လူ မ်ိုး မ ေ ရြး ဘာ သာ မ ရွေး အ သား ရောင် မ ရွေး ဆို တာ ဒီ ကို ယ် တော် မ သိ လို. ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်