Subscribe to our RSS Feed

ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးရန် နေပြည်တော်တွင် ဆွေးနွေးမည်

From : ..7day

ဥရောပသမဂ္ဂနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေးသဘောတူညီမှု (Investment protection agreement) လက်မှတ်ရေးထိုးရန် နေပြည်တော်၌ ဧပြီ ၂၉ ရက်မှ စတင်၍ သုံးရက်ကြာဆွေးနွေးပွဲ ကျင်းပရန်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

“ဒါပြီးရင်တော့ မြန်မာပြည်ကို ယုံကြည်မှုပိုရှိပြီး အီးယူရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမှာပါ”ဟု အထက်ပါကော်မရှင်မှ ညွှန်ချုပ် ဦးအောင်နိုင်ဦးကဆိုသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားရန် ပါလီမန်သို့ တင်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အီးယူနိုင်ငံများအား မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုကို မကြာမီရက်ပိုင်းအတွင်း အလုံးစုံဖယ်ရှားပေးရန်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

အမေရိကန်၊ အီးယူနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းနယ်ပယ်တွင် လူမှုရေးဦးစားပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ဂရုစိုက်ခြင်း စသည့် အရည်အသွေးကောင်း ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လက်ခံထားသည်။

ထို့ကြောင့် အဆိုပါနိုင်ငံများ ၀င်ရောက်လာရန် ဖိတ်ခေါ်မှုမျိုးစုံ ပြုလုပ်နေပြီး ၀င်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများအတွက်လည်း အာမခံချက်များစွာ ပေးထားသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နိုင်ငံတို့သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းနှင့် ၀င်ရောက်လာမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မျှော်လင့်ထားသည်။


 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်