Subscribe to our RSS Feed

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ နယူးဇီလန် နိုင်ငံမှ ပြန်လည် ရောက်ရှိ

From : ..မြဝတီ

ရန်ကုန်  မတ်  ၃ဝ
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်ဇနီး ဒေါ်ခင်လေးသက် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် နယူးဇီလန် နိုင်ငံ  အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. David Carter ၏ဖိတ်ကြား ချက်အရ နယူးဇီလန် နိုင်ငံသို့ သွားရောက် ခဲ့ပြီး လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ ပြည်သူ့လွှတ် တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် ဇနီး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဦးတင်အောင်၊ ပြည်သူ့ လွှတ်တော် ကော်မတီနှင့် ကော်မရှင်များမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်ဇနီး ခေါင်းဆောင်သော မြန်မာကိုယ် စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါ သွားခဲ့ကြသည့် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့ လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင် နှင့် တာဝန် ရှိသူများလည်း ပြန်လည် လိုက်ပါ ခဲ့ကြကြောင်း သတင်း ရရှိသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်