Subscribe to our RSS Feed

မင်းလှမြို့ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားချိန် ၂၀၀၇ ဆန္ဒပြဘုန်းကြီးများ ရောက်ရှိနေသည်ကို ထူးဆန်းစွာ တွေ့ရ၊ လူ ၁၀၀ ကျော် ရန်ကုန် ထွက်ပြေး

From : ..rfa

မင်းလှမြို့က ဒုက္ခသည် ၁၀၀ ကို ရွှေဝါရောင် သံဃာတော်များကွန်ရက်နဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ကို ခေါ်ဆောင်လာကြောင်း RFA က စုံစမ်းသိရပါတယ်။
ခေါ်ဆောင်လာသူတွေထဲမှာ မင်းလှ၊ ပေါင်းတည်၊ အုပ်ဖို၊ နတ်တလင်းမြို့တွေမှာ အဓိကရုဏ်းတွေဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒီဒုက္ခသည်တွေကို ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းခေါ်ဆောင်လာတာဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ ၁၀၁ လမ်းဗလီမှာ ဒုက္ခသည်စခန်းဖွင့်လှစ်ပြီး ခေတ္တနေရာချပေးထားကြောင်း ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက်က ကိုထွန်းကြည်က RFA ကိုပြောပါတယ်။
ဒုက္ခသည်တွေထဲက ဗုဒ္ဓဘာသာဝင် ၅ ဦးဟာ ဒလမြို့နယ်မှာရှိတဲ့ ဆွေမျိုးတွေဆီကို သွားရောက်လိုကြောင်း ပြောကြားခဲ့တာကြောင့် အာဏာပိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သွားရောက်ခွင့်ပြုခဲ့ပြီး လက်ရှိအချိန်မှာ ဒုက္ခသည် ၉၅ ဦးကျန်ရှိနေသေးတယ်လို့ ကိုထွန်းကြည်က ဆက်ပြောပါတယ်။
ဒုက္ခသည်တွေကို မနေ့ည ၈ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့ အတူ ပွင့်လင်း လူဘောင်အဖွဲ့က မနီလာသိန်းနဲ့အဖွဲ့၊ နာရေးကူညီမူအသင်းက ဒေါ်သန်းမြင့်အောင်တို့လည်း လာရောက်တွေ့ဆုံပြီး အားပေးစကား ပြောခဲ့တယ်လို့ သိရပါတယ်။
အလားတူ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမူးနဲ့တကွ ဒေသအာဏာပိုင်တွေကလည်း ဒုက္ခသည် တွေကို ဆွေးမျိုးသားချင်းများထံကို သွားရောက်နိုင်ရေးနဲ့ တခြား လိုအပ်တဲ့ အကူအညီများ ပေးလျက်ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဒေါ်ဖြူဖြူသင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

.. www.MyanmarExpress.net
 

6 comments:

ဒုက္ခသည် တွေကူညီ တာ ကောင်းပါတယ် ရန်ကုန်မှာ လုံခြုံ တယ် ဆိုပြီး ဒေသ အသီးသီး က ဘာသာခြား တွေအားလုံး ရောက်လာရင် သူတို့ကို စုပေးသလို ဖြစ်ပြီး ရန်ကုန်အတွက် အန္တရာယ် ရှိလာနိုင် တယ်ထင် တယ် သူ့ဒေသသူ့ အရပ်မှာ ပတ်ဝနိးကျင် နဲ့အဆင်ပြေ အောင် နေခိုင်း လိုက်ပါ နောက်ပြီး ဗလီ ကထွက်လာရင် ပတ်ဝန်းကျင် အမြင်တော် မည့်ဝတ်စား ဆင်ယဉ်မှု နဲ့ နေတတ် အောင် မော်လ၀ီ ဆရာ တွေကထိန်း သိမ်းပေး ရန်အကြံပြု ပါတယ်

ဒီအချိန် ဒီကာလ က မွတ်ဆလင်တွေ အတွက် အ ကောင်းဆုံး အ ခြေအ နေ ဖြစ်နေတယ် ဘာလဲဆိုတော့ ပြသနာ ဖြစ်နေတဲ့ဒေသက မွတ်ဆလင်တွေနဲ့ ရောပြီး ခိုးဝင် လာတဲ့ ကုလား တွေပါ ပါလာနိုင် တယ် မြို့ပေါ်နဲ့ပြည်မ ထဲ ကုလားတွေ ရောက်ပြီးစုမိရင် ဘုန်းဘုန်း တွေသတိပေးနေတဲ့ အတိုင်း ဖြစ်သွားမယ် အမျိုးသားရေး အသိနဲ့ သက်ဆိုင် ရာ အာဏာပိုင် တွေ ပြည်သူတွေဝိုင်းဝန်း ကာကွယ်ကြပြီး နောင် နှစ်ပေါင်းများစွာ ဗုဒ္ဓဘာသာ ကိုးကွယ်သော နိုင် ငံအဖြစ် ရပ်တည် နိုင် အောင် စောင့်ရှောက်ကြ ပါစို့

ဒုက္ခသည် ဆိုတာ ကိုယ့်ရပ် ရွာမှာနေ စခန်းဖွင့် အကူအညီပေးရင်ယူ ပြသနာပြီးရင် ကိုယ့်နေရာကိုယ်ပြန် ဒါမျိုးမဟုတ်လား အခုက တစ်ခြားမှာဖြစ်တာ ရန်ကုန်ကိုလာ အပူကူး မဆိုင် တဲ့လူက အားပေး အားမြောက်ပြု ဘာဆိုင် လဲ ကိုယ် အလုပ် ကိုယ်လုပ် ရင် ကောင်း တယ်

ပြည်ဖျက် လောက်ကောင် မင်းကိုနိုင် , မြ အေး မင်း တို့
၈၈ တိရစ္ဆာန် အုပ်စု သေ မယ့် နေ့ကို စောင့်နေကြ

ရန်ကုန်မှာ စုစည်းပေးပြီး ပြသနာ ဖြစ်အောင် စုစည်းပေးသည့် သဘောမျိုးဖြစ်နေပါသည်။ ရန်ကုန်ဖြစ်က ထိန်းနိုင်တော့မည် မထင်ပါ။ အဲဒီ လူ ၁၀၀ေ ကျော်၏ အမျိုးသည် ရန်ကုန်မှာပဲ ရှိနေတာလား။ မဖြစ်နိုင်ပါ။ အင်အား တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် လုပ်နေတာပါ။ ရန်ကုန်မှာ ဖြစ်အောင် စီစဉ်နေသည့်ပုံ ပေါက်နေသဖြင့် အင်အား ပြန်လည် ထွက်ခွာနိုင်ရန် စီစဉ်သင့်ပါသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်