Subscribe to our RSS Feed

တက္ကစီ ယာဉ်များ၏ ဈေးနှုန်းကိစ္စ၊ စံချိန်စံညွှန်းနှင့် တက္ကစီ ယာဉ်မောင်း သမားတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်း ပေးသွားရန်ရှိ

From : ..mrtv4

မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်ရေး ကြီးကြပ်မှု ကော်မတီ မထသ အနေနဲ့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ တက္ကစီ ယာဉ်အားလုံးရဲ့ ဈေးနှုန်းကိစ္စများ၊
တက္ကစီစံချိန် စံညွှန်များနဲ့ တက္ကစီ ယာဉ်မောင်း သမားတွေရဲ့ အခက်အခဲများကို ကူညီဖြေရှင်း ပေးသွားမှာ ဖြစ်တယ်လို့ မထသ ဗဟိုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့အပြင် နောက်လမှ စတင်ကာ တက္ကစီ ယာဉ်များမှ သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးမှူးရုံး တွေမှာ မှတ်ပုံတင်တဲ့ ကိစ္စရပ်များကို မထသ ဗဟိုမှ လွှဲပြောင်း ယူဖို့ ဆောင်ရွက် လျက်ရှိပြီး မထသ ဗဟိုမှ တာဝန်ရှိ သူများက ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွေမှာ တက္ကစီ ယာဉ်များ မှတ်ပုံတင်ခြင်း ကိစ္စရပ်များကို လေ့လာ လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက် အရ ယခုလက်ရှိ တက္ကစီ ယာဉ်များနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုများကို ပြန်လည် ဆောင်ရွက် လျက်ရှိတယ် လို့လည်း သိရပါတယ်။ နောက်ပိုင်းမှာ မထသ ဗဟို အနေနဲ့ တက္ကစီ ယာဉ်တွေကို နိုင်ငံတကာမှာ ကျင့်သုံး လျက်ရှိ တဲ့ မီတာစနစ်ကို ကျင့်သုံး နိုင်အောင် စီမံအောင် ဆောင်ရွက် သွားမှာ ဖြစ်ပြီး တက္ကစီ ယာဉ်များဟာ ဓာတ်ဆီ၊ ဒီဇယ်၊ CNG နဲ့ မောင်းနှင် တာကြောင့် သင့်တော်တဲ့ တက္ကစီ မီတာ ဈေးနှုန်း များကို သတ်မှတ်ကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကို တင်ပြပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 
 
.. www.MyanmarExpress.net
 

1 comments:

CNG ကမရ။အကြွေးနဲ့ ဝယ်ထားတဲ့ ကား ကမကျေသေးဘူး။အခု မီတာ နဲ့ လုပ်တော့ ငါတို့လုပ်မစားတော့ဘူး မင်းတို့ပဲ လုပ်စားတော့။CNG ကို အဌားယာဉ် တွေ အားလုံးပေးပေါ့။ဒါမှ တန်းတူသက်မှတ်လို့ ရမှာ။ငတုံးတွေရဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်