Subscribe to our RSS Feed

ရန်ကုန်နှင့် နေပြည်တော်မြို့တွင်းတွင် အားဖြည့်ပြေးဆွဲရန် စီတီးဘတ်စ် အစီး ၅၀ ရောက်ရှိ

From : ..myanmar age


ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမိတက်မှ   ရန်ကုန်နှင့် နေပြည်တော်မြို့တွင်းတွင် အားဖြည့်ပြေးဆွဲရန် စီတီးဘတ်စ် အစီး ၅၀ ကို တရုတ် ယူတောင်ကုမ္ပဏီမှ မတ်လ နောက်ဆုံးအပတ်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

“သင်္ကြန်မတိုင်ခင် ပြေးဆွဲနိုင်အောင် တော့လုပ်နေတယ်။ အခု က.ည.န နံပတ်တောင်းထားတယ်။ အုံနာဘုတ် လုပ်နေတယ်။ ကားတွေကို စစ် ဆေးနေတဲ့အတွက်  သင်္ကြန်ပြီှးမှပဲ ပြေးဆွဲနိုင်တော့မယ် ထင်တယ်”ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလိမိတက် (မြန်မာ့စီးပွားရေး ဦးပိုင်) မှ မန်းနေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါ တင်သွင်းလာသည့် ယာဉ်များအား နေပြည်တော်ရှိ  တော်ဝင်ယာဉ်လိုင်း(မြိုတွင်း)အတွက် ၁၅စီး၊ ရန်ကုန် ပါရမီ(အဓိပတိ) ယာဉ်လိုင်း အတွက် ၃၅စီး အားဖြည့်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ပါရမီ(အဓိပတိ) ယာဉ်လိုင်း၌  လက်ရှိ မော်တော်ယာဉ် အစီးရေ ၄၇၀ ရှိပြီး အသစ်ထပ်မံတိုးသည့် ၃၅စီးနှင့်ဆိုပါက စုစုပေါင်း ၅၀၅စီး အထိ တိုးချဲ့ပြေးဆွဲနိုင် မည် ဖြစ်ကြောင်း၊ နေပြည်တော် တော်ဝင်ယာဉ်လိုင်း(မြိုတွင်း)တွင် မော်တော်ယာဉ် အစီးရေ ၁၄၂ ရှိပြီး အသစ်ထပ်မံ တိုး သည့် ၁၅စီးနှင့်ဆိုပါက ၁၅၇ စီး တိုးချဲ့ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

.. www.MyanmarExpress.net
 

2 comments:

မှော်ဘီ-ရန်ကုန်နဲ့တိုက်ကြီး-ရန်ကုန်လိုင်းတွေမှာကာြး ကီးတွေနဲ့ပြေးဆွဲစေချင်ပါတယ်လက်ရှိပြေးဆွဲနေတဲ့Hiluxကားတွေကအန္တရာယ်များလွန်းလို့ပါကားခေါင်မိုးပေါ်တွေမှာရောကားဘေးနှစ်ဖက်မှာရောကားနောက်ခြေနင်းတန်းပေါ်မှာရောလူပဒေသာပင်လိုပြွတ်သိပ်နေတာဟာအန္တရာယ်များလွန်းတဲ့အပြင်မြို့တော်အင်္ဂါရပ်နဲ့လည်းမညီညွတ်ပါဘူးအံသြဖို့ကောင်းတာကအဲ့ဒီလိုဥပဒေနဲ့မညီညွတ်စွာတင်ဆောင်မောင်းနှင်နေမှုများအားယာဉ်ထိန်းရဲများကတွေ့မြင်နေကြသော်လည်းအရေးယူခြင်းလုံးဝမရှိပါ

မှော်ဘီ - တိုက်ကြီး - ဆူးလေ ကားလိုင်းကိုလဲ ဘတ်ကား ကြီးတွေ ထပ်ထည့်ပေးသင့်တယ်။ အထူးကား ဆိုပေမယ့် ငါးပိသိပ် ငါးချဉ်သိပ် ပဲ စီးနေရတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်