Subscribe to our RSS Feed

မိတ္ထီလာနှင့် ပဲခူး အပြီး မန္တလေး မစိုးရိမ်ဘုန်းကြီးကျောင်းအနီး မီးလောင်

From : ..eleven

madalayfire1-march28
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၇ လမ်းနှင့် ၃၈ လမ်းကြား ၈၉ လမ်းပေါ်ရှိ နေအိမ်တစ်လုံးမှစ၍ မီးလောင်ကျွမ်းမှုတစ်ခု မတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီ အချိန်က ဖြစ်ပွားခဲ့သည်။
"မီးလောင်တဲ့ဝန်းကျင်မှာ ဘုန်းတော်ကြီးကျောင်းတွေ အများစုရှိနေတာရယ်၊ ဒီနေ့ကလည်း မစိုးရိမ်ဆရာတော်ကြီးရဲ့ ဈာပနအခမ်းအနား ပြုလုပ်မယ့်အချိန်မို့ မီးလောင်တဲ့အချိန်မှာ သံဃာတော်တွေက မီးသတ်တွေနဲ့ အတူ ဖြစ်ဖြစ်ချင်းမှာပဲ  ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့တယ်" ဟု မီးလောင်မှုဖြစ်စဉ် အနီးတွင်ရှိသူ ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုပါသည်။
madalayfire2-march28
မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၅ လုံးခန့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မဟာအောင်မြေမြို့နယ်တွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၁ ဇန်န၀ါရီလတွင် အကြိမ် ၂၀၊  ဖေဖော်ဝါရီလတွင် ၃၁ ကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

.. www.MyanmarExpress.net
 

1 comments:

Muslims in Mandalay burned homes in Mandalay.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်