Subscribe to our RSS Feed

ပဲခူးတိုင်းမြို့နယ်တွေမှာ ပြန်လည် တည်ငြိမ်အေးချမ်းနေ

From : ..rfa

police-zekon-305
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် မတ်လ ၂၇ ရက်နေ့က အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှလုံခြုံရေးယူထားတာကိုတွေ့ရစဉ်
Photo: RFA
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ၂၈ရက်နေ့မှာ ဆူပူအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက အကြမ်းဖက်ဖျက်ဆီးတာတွေရှိခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ အခြေအနေ ပြန်လည်တည်ငြိမ်လာနေပြီ လို့ ဒေသခံတွေက ဒီကနေ့မှာ ပြောပါတယ်။
ပဲခူးတိုင်းအနာက်ခြမ်းက မြို့တချို့မှာ အပျက်အစီးတွေကို ဒေသခံတွေကပါ ၀ိုင်းဝန်းကူညီပေးနေတယ်လို့ သိရပါတယ်။
နတ်တလင်းမြို့နယ်မှာ ပျက်စီးသွားတဲ့ ဗလီတွေနဲ့ အိမ်တွေကို ဒေသခံတွေက မတ်လ ၃၀ ရက် ဒီကနေ့မနက်ပိုင်းကစပြီး သန့်ရှင်းရေးတွေ၊ ပြန်လည်ပြင်ဆင်တာတွေ လုပ်ဆောင်ပေးနေကြကြောင်း ကိုယ်တိုင်ကူညီနေသူတစ်ဦးဖြစ်တဲ့ နတ်တလင်းဒေသခံ ကိုမိုးဇော်က ပြောပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ နေအိမ်တွေ အဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် လာရောက်လှူဒါန်းထားတဲ့ အစားအစာတွေကို ဝေခြမ်းရေး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတစ်ဦးဖြစ်သူ ကိုဇေယျာက ပြောပါတယ်။
စစ်ကွင်းမြို့မှာလည်း အကြမ်းဖက်သူလူတစ်စုကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် အခြေအနေဟာ ပြည်လည်တည်ငြိမ်နေပြီလို့ စစ်ကွင်းဒေသခံ ဒေါ်ကြည်က ပြောပါတယ်။
 
 
.. www.MyanmarExpress.net
 

2 comments:

မလုပ်သင့်တာ တစ်ခုကို မတရားလုပ်ခဲ့တဲ့အတွက်ကြောင့် မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပါ။ ကြားထဲက ဘာမှမဆိုင် တဲ့ လူတွေ ဒုက္ခရောက်ပါတယ်။ ကုလားတွေကလည်း သူတို့ဆီက ပစ္စည်းဝယ်ရင် ဘာမှမသိတဲ့ လူဆို တစ်နပ်စားဥာဏ်နဲ့ ဈေးတင်ရိုက်တယ်။ သူတိုကပြန်ဝယ်ရင် ပစ္စည်းကောင်းကို သူခိုးဈေးနဲ့ ပြန်ဝယ်တယ်။ဒီလို မကောင်းတဲ့စိတ်ဓာတ်တွေရှိလို မီးရှိုခံရတာ ဟာ ဥပဒေကြောင်း အရကြည့်ရင်တော့ မတရားပေမယ့် လုပ်သင့်တဲ့ လုပ်ရပ်တစ်ခု လို့ မြင်ပါတယ်။ မြန်မာပြည်မှာ အေးအေးဆေးဆေးနေချင်ရင် လုပ်ရပ်နဲ့ စိတ်ဓာတ်တွေ ပြင်ဖို့လိုတယ်။ ဗမာဆိုတာ ကိုကလည်း မတရားတာ မလုပ်ဘူး။ မတရားအလုပ်ခံရရင်လည်း လက်ပိုက်မကြည့်တတ်ဘူး ဆိုတာ သိထားဖို့လိုတယ်။ ဥပဒေနဲ့က နောက်မှရှင်းမှာ။

Oh!quiet again!very pitiful meg n 969!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်