Subscribe to our RSS Feed

အင်ဒိုနီးရှားကုမ္ပဏီတစ်ခု ဒေါ်လာသန်း(၂၀၀)တန်ကြေးရှိ ဘိလပ်မြေ စက်ရုံတည်ဆောက်မည်

From : ..SkyNet TV Browser


အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးဘိလပ်မြေထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့်
SEMEN Indonesiaကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ
သန်း(၂၀၀)ရင်းနှီးမြှုပ်နှံပြီး ဘိလပ်မြေစက်ရုံတည်ဆောက်ထုတ်လုပ်သွား
မည်ဖြစ်ကြောင်းသိရသည်။မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံတည်ဆောက်
မည့် စီမံကိန်းကို ၂၀၁၄ခုနှစ်နှစ်ဆန်းပိုင်းတွင် စတင်အကောင်ထည်
ဖော်သွားမည်ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် စီမံကိန်းအတွက် ဒေါ်လာသန်း(၇၀)
မတည်ရင်းနှီးမြှပ်နှံမည်ဖြစ်သည်။ဖက်စပ်စနစ်နှင့် စီမံကိန်းကို အကောင်
ထည်ဖော်သွားမည်ဖြစ်သောကြောင့် ကျန်ရှိသည့်ရင်းနှီးမြှပ်နှံမှုကိုမူ
မြန်မာနိုင်ငံသားမိတ်ဖက်လုပ်ငန်းရှင်များ၏ပါဝင်မှုဖြင့် ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း အင်ဒိုနီးရှားကုမ္ပဏီ၏ ညွှန်ကြားရေးမှူးချုပ် ဒီဝီဆိုအတ်
ဂျစ်တို ကမီဒီယာများအား ပြောကြားခဲသည်။စီမံကိန်းမှာ ဒေါ်လာသန်း
(၂၀၀)တန်ကြေးရှိမည်ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် ဒေါ်လာသန်း(၅၀)
ချေးယူရန်လိုအပ်လာနိုင်ပြီး ဘိလပ်မြေစက်ရုံကို(၂၀၁၇)ခုနှစ်တွင်
စတင်လည်ပတ်နိုင်ရန်နှင့် တစ်နှစ်ကိုဘိလပ်မြေတန်ချိန်(၁)သန်း ထုတ်လုပ်နိုင်ရန်SEMEN Indonesia ကုမ္ပဏီက မျှော်မှန်းထားကြောင်း
သိရသည်။မြန်မာနိုင်ငံ၏လက်ရှိကာလ ဘိလပ်မြေလိုအပ်ချက်သည်
တစ်နှစ်ကိုတစ်ချိန်(၆)သန်းဝန်းကျင်ရှိနေသော်လည်း နောင်လာမည့်နှစ်
အနည်းငယ်အတွင်း နှစ်စဉ်တန်ချိန်(၁၀)သန်းဝန်းကျင် လိုအပ်လာနိုင်မည်
ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ဒေါ်လာ
သန်း(၂၀၀)တန်ကြေးရှိသော အဆိုပါဘိလပ်မြေစက်ရုံစီမံကိန်းအကောင်
ထည်ဖော်မည့်နေရာဒေသအား SEMEN Indonesiaကုမ္ပဏီက သတင်း
ထုန်ပြန်ထားခြင်းမရှိသေးကြောင်းသိရပြီး မြန်မာနိုင်ငံတွင် လက်ရှိ
လည်ပတ်နေသော ဘိလပ်မြေစက်ရုံပေါင်း(၁၄)ခုသာ ရှိကြောင်းသိရ
သည်။
.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်